ယခင်ချယ်လ်ဆီးနည်းပြများ ဘာကြောင့်ထုတ်ပယ်ခံရသည်ကို နားလည်စပြုလာပြီဟု ကွန်တီပြော

ယခင်ချယ်လ်ဆီးနည်းပြများ ဘာကြောင့်ထုတ်ပယ်ခံရသည်ကို နားလည်စပြုလာပြီဟု ကွန်တီပြော

ဇန်နဝါရီ ၂၇၊ အင်္ဂလန် ။             ။ ယခင်ချယ်လ်ဆီးနည်းပြများ ဘာကြောင့်ထုတ်ပယ်ခံခဲ့ရသည်ကို တဖြည်းဖြည်းနားလည်စပြုလာပြီဖြစ်ကြောင်း ကွန်တီက ထုတ်ဖော်ပြောဆိုလိုက်သည်။

လိဂ်ရှုံးထွက်ဖလားပြိုင်ပွဲတွင် အာဆင်နယ်ကိုရှုံးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းမှ နည်းပြကွန်တီ မကြာခင်အထုတ်ခံရတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ အာဆင်နယ်ကိုရှုံးပြီးနောက်တွင် ကွန်တီက ၎င်းအနေဖြင့် ချယ်လ်ဆီးအသင်း၏အပြောင်းအရွှေ့ကိစ္စရပ်များတွင် အနည်းငယ်သာ ပြောဆိုခွင့်ရခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

“အချက်အလက်တွေကိုကြည့်လိုက်ပါ ပြီးခဲ့တဲ့ ၁၄ နှစ်အတွင်းမှာ နည်းပြ ၁၀ ယောက်အထိ အထုတ်ပယ်ခံခဲ့ရပါတယ်။ ကျွန်တော်ကလည်း အခြားချယ်လ်ဆီးနည်းပြတွေနဲ့ဘာမှ ခြားနားမှုမရှိပါဘူး။ သူတို့ကြုံခဲ့ရတဲ့ အခက်အခဲတွေအတိုင်း ကြုံတွေ့နေရတာပါပဲ။

ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဒီအသင်းအတွက် ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်သွားဦးမှာပါ။ ကစားသမားတွေအတွက် ပြီးတော့ ပရိသတ်တွေအတွက် ကျွန်တော်ကြိုးစားမှာပါ” ဟု ကွန်တီက ပြောဆိုခဲ့သည်။

ချယ်လ်ဆီးအသင်းမှာ ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် အဆင့်လေးအတွင်းဝင်ရန်သာ အဓိက ကြိုးပမ်းနေရသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required