ပေါင်သန်း ၅၀၀ အသုံးပြုပြီး ပရီးမီးယားလိဂ်စတားတွေကို ရီးယဲလ် ခေါ်မည်

ပေါင်သန်း ၅၀၀ အသုံးပြုပြီး ပရီးမီးယားလိဂ်စတားတွေကို ရီးယဲလ် ခေါ်မည်

 

ဇန်နဝါရီ ၂၇၊ အင်္ဂလန် ။       ။ ယခုနှစ်ရာသီတွင် ရလဒ်များဆိုးရွားနေမှုကြောင့် ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်သည် အသင်းအား ပရီးမီးယားလိဂ်ကြယ်ပွင့်များဖြင့် ပြန်လည်တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။

ရီးယဲလ်အသင်းသည် လာမည့်နွေရာသီတွင် မန်ယူဂိုးသမား ဒီဂီယာကို ပေါင်သန်း ၁၀၀၊ ချယ်လ်ဆီးတိုက်စစ်မှူး ဟက်ဇက်နှင့် စပါးတိုက်စစ်မှူးဟယ်ရီကိန်းတို့ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ စီဖြင့် ခေါ်ယူရန် ပြင်ဆင်နေသည်။ ထို့အပြင် စပါးနည်းပြပိုချက်တီနိုကိုလည်း နည်းပြဇီဒန်း၏နေရာတွင် အစားထိုးရန် စီစဉ်လျက်ရှိသည်။

ရီးယဲလ်အသင်းသည် ယခုနှစ်ရာသီတွင် လာလီဂါ၌ ရလဒ်များအလွန်ဆိုးရွားနေပြီး ပြိုင်ဘက် ဘာစီလိုနာအသင်းနှင့် ရမှတ် ၁၉ မှတ်အထိကွာဟနေသည်။ ကိုပါဒယ်ရေးတွင်လည်း ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သည့်အတွက် ယခုနှစ်တွင် ရီးယဲလ်အတွက် ချန်ပီယံလိဂ်ဖလားတစ်လုံးသာ ကျန်ရှိတော့သည်။

ရီးယဲလ်အသင်းသည် ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ပြောင်းရွှေ့ကြေးပေါင် ၁၇၂ သန်းသာ အသုံးပြုခဲ့သည်။ ထိုပမာဏမှာ အာဆင်နယ်(ပေါင် ၂၁၉ သန်း)နှင့် လီဗာပူးလ်(ပေါင် ၂၂၃ သန်း)တို့ထက်ပင် နည်းနေသေးသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required