ဒါဗိုအစည်းအဝေးတွင် အမေရိကန်ပထမမူဝါဒကို ထရမ့် ကာကွယ်ပြော

ဒါဗိုအစည်းအဝေးတွင် အမေရိကန်ပထမမူဝါဒကို ထရမ့် ကာကွယ်ပြော

 

ဒါဗို၊ ဇန်နဝါရီ၂၇  ။                 ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ၏ အမေရိကန်အား နိုင်ငံတကာကုန်သွယ်ရေးတွင် ပထမစွဲအောင် ဖော်ဆောင်မည့် မူဝါဒကို ဆက်လက်ကိုင်စွဲသွားမည်   ဖြစ်ကြောင်း ပြောသော်လည်း ထိုမူမှာ တစ်ကိုယ်တော်ဝါဒအတွက် မဟာဗျူဟာမဟုတ်ကြောင်း ဇန်နဝါရီ ၂၆ ရက်၌ ပြောသည်။

ဆွစ်ဇာလန်နိုင်ငံ အပန်းဖြေမြို့ ဒါဗိုတွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၌ အပြည်ပြည်ဆိုင်ရာခေါင်းဆောင်များအား ထရမ့်က ပြောကြားခြင်း ဖြစ်ကာ အမေရိကန်နှင့် ကျန်ကမ္ဘာ့နိုင်ငံများ၏ ကုန်သွယ်မှုတွင် တစ်ဖက်တည်းမကြည့်ဘဲ မျှတပြီး အပေးအယူရှိစေသင့်သည်ဟု ဖြည့်စွက်ဆိုသည်။

“အမေရိကန်ရဲ့ သမ္မတအနေနဲ့ အခြားနိုင်ငံက ခေါင်းဆောင်တွေ သူတို့နိုင်ငံကို ပထမဦးစား ထားကြသင့်သလိုပဲ ကျွန်တော်ကလည်း အမေရိကန်ကို ပထမအဖြစ် အမြဲတွန်းတင်သွားမှာဖြစ်ပါတယ်။ အမေရိကန် ပထမဆိုပေမယ့်လည်း ဒီမူဝါဒဟာ အမေရိကန် တစ်ခုတည်းအတွက် ကြည့်တဲ့ အဓိပ္ပာယ်မဟုတ်ပါ။”ဟု ထရမ့်က ပြောသည်။

အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ချိုးဖောက် ခိုးယူမှုများ၊ လုပ်ငန်းသုံး အမတော်ကြေးငွေများနှင့် နိုင်ငံတော် ကမကထပြု စီးပွားရေးစီမံကိန်းများကဲ့သို့ မမျှတသော စီးပွားရေးအမူအကျင့်များကို ထရမ့်က ညွှန်ပြလျက် ယင်းမမျှတသော စီးပွားရေးအမူအကျင့်များသည် ကမ္ဘာ့ဈေးကွက်ကို ရွှဲ့စောင်းစေခြင်း၊ စီးပွားရေးလုပ်ငန်းများအပြင် အမေရိကန်က အလုပ်သမားများသာမက ကမ္ဘာ့အနှံ့က အလုပ်သမားများအတွက်ပါ အနာတရဖြစ်နေစေကြောင်း ထရမ့်က ဆိုသည်။

ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံတကာရွှေ့ပြောင်းဝင်ရောက်သူများကို ဆန့်ကျင်မှုများအပါအဝင် မူဝါဒရပ်တည်မှု ရှိသော ထရမ့်သည် လွတ်လပ်သော ကုန်သွယ်မှုနှင့် ပွင့်လင်းသော နယ်စပ်စည်းများကို အားပေးထောက်ခံသော ခေါင်းဆောင်အများစုပါဝင်သည့် ဒါဗိုပရိသတ်သို့ ယခုမိန့့်ခွန်းပြောဆိုမှုတွင် ၎င်း၏ ကုန်သွယ်ရေး အကာအကွယ်ပြုမှုနှင့် အမျိုးသားရေးဝါဒတို့က တန်းမမီသကဲ့သို့ ပြောဆိုသွားသည့် ရှားရှားပါးပါး မိန့်ခွန်းလည်းပဲ ဖြစ်သည်။

သို့သော် သမ္မတ ထရမ့်က စစ်အသုံးစရိတ် မြှင့်တင်ရန် အရေးပါကြောင်းကို မီးမောင်းထိုး ပြောဆိုသကဲ့သို့ အထိန်းအကွပ်ရှိသော လူဝင်မှုကြီးကြပ်ရေး အရေးကြီးကြောင်းကိုလည်း အလေးအနက်ထား ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required