အိမ်ဖြူတော်မှာ ချိတ်ဖို့ ဗင်ဂိုးပန်းချီကား တောင်းတာကို ပြတိုက်က ထရမ့်အတွက် ရွှေအိမ်သာကမုတ် ပြန်ပေး

အိမ်ဖြူတော်မှာ ချိတ်ဖို့ ဗင်ဂိုးပန်းချီကား တောင်းတာကို ပြတိုက်က ထရမ့်အတွက် ရွှေအိမ်သာကမုတ် ပြန်ပေး

နယူးယောက်၊ ဇန်နဝါရီ ၂၆ ။         ။ အိမ်ဖြူတော်က သမ္မတနဲ့ ကတော်တို့ရဲ့ ကိုယ်ပိုင်ဂေဟာ နံရံမှာ ချိတ်ဆွဲဖို့ ဗင်ဂိုးပန်းချီကားတစ်ချပ် ပြတိုက်ဆီက လှမ်းတောင်းခံပါတယ်။

အဖြေကတော့။ မရပါတဲ့။ ဒါပေမယ့် ဒီအစား ၁၈ ကာရတ် ရွှေနဲ့ လုပ်ထားတဲ့ ဘိုထိုင်အိမ်သာကို ပေးပါမယ်လို့ Guggenheim က ပြန်ပြီးကမ်းလှမ်းလိုက်ပါတယ်။

အမေရိကန်သမ္မတတွေအတွက် သူတို့သက်တမ်းအတွင်း ပန်းချီအနုပညာလက်ရာတွေကို ငှားရမ်း ထားရှိတတ်ကြတာက ထုံးစံအစဉ်အလာတစ်ခုဖြစ်နေပေမယ့် သမ္မတ ထရမ့်ရဲ့ မွေးရပ်မြေ နယူးယောက်က Guggenheim ပြတိုက်ကတော့ ယဉ်ယဉ်းကျေးကျေးပဲ တုံ့ပြန်လိုက်ပေမယ့် မပေးနိုင်ကြောင်း ငြင်းခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဒတ်ချ်ပန်းချီအကျော်အမော် ဗင်ဂိုးရဲ့ Landscape With Snow ကို အိမ်ဖြူတော်က တောင်းခံလာချိန်မှာ ထရမ့်ကို ဝေဖန်သူတစ်ဦးဖြစ်တဲ့ ပြတိုက်မှူးက ၁၉ ရာစုလက်ရာ ခုပန်းချီကားဟာ တကယ့်ရှားရှားပါးပါး အခမ်းအနားပွဲလမ်းကြီးတွေက လွဲလို့ ဘယ်ကိုမှ ရွှေ့ရွှေ့ပြောင်းပြောင်း မလုပ်ဘဲ ထားရတဲ့ ပန်းချီကားပါလို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

“ခင်ဗျားတို့ရဲ့ တောင်းဆိုမှုကို မလိုက်လျောနိုင်တဲ့အတွက် ကျွန်တော်တို့ ဝမ်းနည်းရပါတယ်။ ဒါပေမယ့် မျှော်လင့်လို့ ရတာတော့ ရှိပါတယ်။ ဒါကတော့ အထူးကမ်းလှမ်းမှု ဖြစ်နိုင်ပြီး စိတ်ဝင်စားလိမ့်မယ် ထင်ပါတယ်။”ဟု ဝါရှင်တန်ပို့စ်ရရှိလိုက်သော ပြတိုက်မှူး နန်စီစပတ်တာ၏ ပြန်ကြားအီးမေးလ်မှာ ဖော်ပြထားပါတယ်။

အီတလီ အနုပညာရှင် Maurizio Cattelan ရဲ့ အင်စတောရေးရှင်းလက်ရာတစ်ခုဖြစ်တဲ့ America လို့ အမည်ပေးထားတဲ့ ရွှေရောင်တစ်ဖိတ်ဖိတ် ဘိုထိုင်အိမ်သာကမုတ်ကို ပြတိုက်မှာ ပြသထားတာဟာ တစ်နှစ်လောက် ရှိနေပါတယ်။ ခုအိမ်သာကို ပြတိုက်ရဲ့ အများသုံးအိမ်သာမှာ အစောင့်အကြပ်နဲ့အတူ သုံးစွဲခွင့် ပြုထားခဲ့တာပါ။

လက်ရှိမှာ ပြသမှု ပြီးသွားပြီဖြစ်တာကြောင့် အနုပညာရှင် Cattelan က ကာလရှည်ချေးငွေနဲ့ အိမ်ဖြူတော်ကို ငှားချင်တာဖြစ်တယ်လို့ သတင်းစာက ဖော်ပြပါတယ်။

“ဒီရွှေအိမ်သာကမုတ်ဟာ အလွန်ဈေးကြီးပြီး ထိခိုက်လွယ်တယ်။ ဒါပေမယ့် ကျွန်တော်တို့က အိမ်ဖြူတော်အတွက် တပ်ဆင်ပေးမှာပါ။”ဟု Cattelan က ဆိုပါတယ်။

ခု အင်စတောရေးရှင်အနုပညာရဲ့ အဓိပ္ပာယ်နဲ့ ထရမ့်ကို ငှားချင်ရတဲ့အကြောင်း မေးမြန်းရာမှာ “ကျွန်တော်တို့တွေရဲ့ ဘဝက ဘာလဲ။ ကျွန်တော်တို့တွေ မသေမချင်း အရာရာဟာ အဓိပ္ပာယ် မရှိပုံရတယ်။ ဒါကိုပဲ အသိစိတ် လုပ်နေကြတယ်။” ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ကြောင်း Cattelan က ပြောသည်။

Guggenheim ပြတိုက်ကို အေအက်ဖ်ပီမှ မေးမြန်းရာ နောက်ထပ် သတင်းအချက်အလက် မရှိကြောင်း ဆိုပြီး အိမ်ဖြူတော်ကတော့ လတ်တလော တုံ့ပြန်မှု မရရှိသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required