ကျန်းမာရေးကြောင့် စစ်မှုထမ်းရမည့် အခြေအနေမှ ကင်းလွတ်ခဲ့သည့် ကင်မ်ဝူးဘင်

ကျန်းမာရေးကြောင့် စစ်မှုထမ်းရမည့် အခြေအနေမှ ကင်းလွတ်ခဲ့သည့် ကင်မ်ဝူးဘင်

တောင်ကိုရီးယားမှ နာမည်ကြီးမော်ဒယ်နှင့် သရုပ်ဆောင်ဖြစ်သူ ကင်မ်ဝူးဘင်သည် သူ၏ ကျန်းမာရေးအခြေ အနေကြောင့် မဖြစ်မနေစစ်မှုထမ်းရမည့်ဥပေဒမှ ကင်းလွတ်ခွင့်ရရှိခဲ့သည်။

ဇန်နဝါရီ ၂၆ ရက်နေ့တွင် သူ၏ အေဂျင်စီဖြစ်သော SidusHQ က ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့သည်။ ထို ထုတ်ပြန်ချက်ထဲ၌ “ကင်မ်ဝူးဘင်မှာ ကင်ဆာရောဂါရှိနေတယ်ဆိုတာကို လွန်ခဲ့တဲ့မေလက သိရှိခဲ့ရပါတယ်။  ဓာတုကုထုံးတွေနဲ့ သူကုသမှုခံယူနေတုန်းမှာ စစ်မှုထမ်းရမယ့်အမိန့်စာ ရောက်လာခဲ့ပါတယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုသွားရောက် ခံယူတဲ့အချိန်မှာ အမှတ်က ဂရိတ် ၆ ပဲရပါတယ်။ ဒါကြောင့် စစ်မှုထမ်း ဥပေဒကနေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်” ဟု ဖော်ပြထားသည်။

ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွင် အမှတ်ပေးစနစ်အရ အမှတ်ပြည့်မှာ ဂရိတ် ၇ ဖြစ်ပြီး ဂရိတ် ၆ ရရှိသူများမှာ ရောဂါရှိနေသူများ၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ မပြည့်မှီသူများဖြစ်ကြပြီး ထိုသူများမှာ စစ်မှုထမ်း ဥပဒေကင်းလွတ်ခွင့်ရရှိသူများ ဖြစ်ကြသည်။

ဆက်လက်ပြီး အဆိုပါအေဂျင်စီက “ကင်မ်ဝူးဘင်ဟာ လက်ရှိမှာ ဆေးကုသမှုတွေခံယူနေပြီးတော့ ပြန်လည် ကျန်းမာလာဖို့ ပုံမှန်ဆေးစစ်မှုတွေပြုလုပ်ပြီး အစွမ်းကုန်ကြိုးစားနေပါတယ်။ သူကျန်းမာရေးပြန်ကောင်းလာဖို့ အားလုံးကဝိုင်းပြီး ဆုတောင်းပေးဖို့နဲ့ အားပေးကြဖို့ ကျနော်တို့တောင်းဆိုပါတယ်” ဟု ဆိုခဲ့သည်။

လွန်ခဲ့သောရက် သတ္တပတ်အနည်းငယ်ခန့်ကလည်း ကင်မ်ဝူးဘင်ကိုယ်တိုင် သူ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ပရိသတ်များကိုအသိပေးခဲ့ပြီး သူ့ကိုဝိုင်းဝန်းအားပေးကြဖို့ တောင်းဆိုခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required