မြန်မာနိုင်ငံ လက်လီရောင်းချ သူများအသင်း ဟောပြောပွဲကျင်းပမည်

မြန်မာနိုင်ငံ လက်လီရောင်းချ သူများအသင်း ဟောပြောပွဲကျင်းပမည်

သြဂုတ် ၂၄ ။          ။ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (၂) နှစ်ပြည့် အထိမ်းအမှတ် ''Expending Retail Business'' ခေါင်းစဉ်ဖြင့် သြဂုတ်လ ၂၆ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း ရှိ Myanmar Convention Center တွင်ပြုလုပ်မည်ဖြစ်သည်။

လက်လီလုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ မည်မဆို တက်ရောက်နိုင်ပြီး လူဦးရေကန့်သတ်ထားသောကြောင့် သြဂုတ်လ ၂၅ ရက်နေ့နောက်ဆုံး စာရင်းပေးကြ ရန်မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း MMRA က ကြေညာထားသည်။

နံနက် ၈ နာရီခွဲမှ ၁၂ နာရီထိ အသင်းသားစုံညီအစည်းအဝေးပြုလုပ်ပြီး နေ့လယ်ပိုင်း ဆွေးနွေး ပွဲဆက်ကျင်းပမည်ဟု MMRA မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းဆွေးနွေးပွဲတွင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က Franchise Business Model နှင့်ပတ်သက်၍ အခွင့်အရေးနှင့် စိန်ခေါ်မှုများ၊ ဦးသူရကို (မန်နေဂျင်းဒါရိုက်တာ, YAG Capital Ltd) က လက်လီလုပ်ငန်းများအတွက် ငွေကြေးအထောက်အပံ့ ရရှိနိုင်မည့်နည်းလမ်းများ၊ ဒေါက်တာထွန်းသူရသက် (မန်နေဂျင်းဒါရိုက်တာ, MIT) က လက်လီလုပ်ငန်းများအတွက် အရေးပါလာမည့် နည်းပညာ များနှင့် အင်တာနက်ဈေးရောင်းချမှု အခွင့်အလမ်းများခေါင်းစဉ်ဖြင့်  နေ့လယ် ၁ နာရီမှ ၅ နာရီထိ ဆွေးနွေးကြမည်ဖြစ်သည်။

စိတ်ပါဝင်စားသူများ ဖုန်းနံပါတ် ၀၉ ၃၁၄ ၂၂ ၅၅၅၊ ၀၉ ၃၁၄ ၂၂ ၇၇၇ သို့ဆက်သွယ်စာရင်းပေးသွင်း နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly