တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာ Roelof Petrus ၏ ရခိုင်ပြည်နယ်အခြေအနေ သတင်းစာရှင်းလင်းပွဲ ကောက်နုတ်ချက်

တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာ Roelof Petrus ၏ ရခိုင်ပြည်နယ်အခြေအနေ သတင်းစာရှင်းလင်းပွဲ ကောက်နုတ်ချက်

ဇန်နဝါရီလ ၂၆ ။         ။ ဇန်နဝါရီလ ၂၆ရက်၊ ညပိုင်းက ချက်ထရီယမ်ဟိုတယ်တွင် ရခိုင်အရေး အကြံပေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ ရုတ်တရက်ပြုလုပ်ခဲ့ပြီး တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာ Roelof Petrus က ရခိုင်ပြည်နယ်အခြေအနေကို ရှင်းလင်းပြောကြားခဲ့သည်။

ရခိုင်အရေး အကြံပေးအဖွဲ့၏ နိုင်ငံတကာအဖွဲ့ဝင်များက ဇန်နဝါရီ ၂၂ ရက်မှ ၂၅ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

ရခိုင်ဒေသ တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးမှုများအတွက် အထောက်အကူပြုခွင့်ရမည်ကို အကြံပေးအဖွဲ့အနေဖြင့် ကြိုဆိုသည်။

မြန်မာနိုင်ငံမှ အကြံပေးအဖွဲ့ဝင် ငါးဦးပါ ပါရှိသည့် ယခု အကြံပေးအဖွဲ့တစ်ရပ်လုံးအနေဖြင့် ပုံမှန် သုံးကြိမ်စည်းဝေးခဲ့သည်။

ရခိုင်သို့ အကြံပေးအဖွဲ့ဝင်များ သွားရောက်ခဲ့ရာတွင် ရခိုင်ဗုဒ္ဓဘာသာ၊ မွတ်စလင်လူနည်းစု၊ ဟိန္ဒူနှင့် အခြားသော အသိုင်းအဝိုင်းအားလုံးမှ ဒေသခံပြုသူများနှင့် တွေ့ဆုံခွင့် ရခဲ့သည်။

အကြံပေးအဖွဲ့သည် ရခိုင်အရေး ကိုဖီအာနန်ကော်မရှင်က အကြံပြုထားချက်များကို အကောင်အထည်ဖော်ရေးကော်မတီအား အထောက်အကူပြု အကြံပေးရန်အတွက် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အကြံပေးအဖွဲ့တွင် ပါဝင်သူ ဘီလ်ရစ်ချက်ဆန်က အဖွဲ့မှ နုတ်ထွက်ခွင့်ပြုရန် တောင်းဆိုထားချက်ကို အကြံပေးအဖွဲ့က ရရှိသည်။

သို့သော် အကြံပေးအဖွဲ့သည် ရခိုင်ဒေသက အသိုင်းအဝိုင်းအားလုံးအတွက် ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေးနှင့် စီးပွားရေးကောင်းမွန်တိုးတက်ရေးတို့ကို ခိုင်မာသော အပြုသဘောဆောင် လုပ်ဆောင်နိုင်မှုကို ထိတွေ့ခံစားရမည်။ လာမည့်လများတွင် အားလုံးသော အသိုင်းအဝိုင်း၊ အားလုံးသော အဆင့်တိုင်းက အဓိကပြုသူများ၏ စိုးရိမ်ပူပန်မှုများကို နားထောင်ခြင်း၊ အမြင်ချင်းဖလှယ်ခြင်းများကို ဆက်လက်လုပ်ဆောင်သွားရန် ရှေးရှုထားသည်။

ရခိုင်သို့ နေရပ်ပြန်မည့် ရွှေ့ပြောင်းသူများအတွက် ပြင်ဆင်နေမှုများတွင် အကြံပေးအဖွဲ့အနေဖြင့် အပြုသဘောဆောင်သည်ဟု မှတ်ချက်ပေးလိုသည်။

ပမာဏအားဖြင့် အကြံပေးအဖွဲ့အနေဖြင့် အကောင်အထည်ဖော်ရေးကော်မတီသို့ အောက်ပါအကြံြ့ပုချက်များ ပေးလိုသည်။

-အကြံပြုချက်များသည် အကောင်အထည်ဖော်မှုလုပ်ငန်းများ ခိုင်မာအားကောင်းရေးအတွက် ရခိုင်ဒေသက ဒေသဆိုင်ရာအပြင် နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် အားလုံးသော အဆင့်တိုင်းပါဝင်သည့် တည်တံ့သော ပူးပေါင်းမှုရှိသော ဖွံ့ဖြိုးမှုကို ဆောင်ကျဉ်းသင့်သည်။

-UNHCR အပါအဝင် ကုလသမဂ္ဂအေဂျင်စီများကို မြန်မာနိုင်ငံသို့ နေရပ်ပြန်မည့် ရွှေ့ပြောင်းသူများ၏ လုပ်ငန်းစဉ်အဆင့်တိုင်းတွင် ပါဝင်ရန် စောစီးစွာ ဖိတ်ကြားသင့်သည်။

-လူသားချင်းစာနာထောက်ထားရေးအကူအညီများ အပြည့်အဝကို အာမခံပေး ရရှိစေသင့်သည်။

-၂၀၁၇ သြဂုတ်အပြီး ရခိုင်အခြေအနေကို ကြည့်ရှုလေ့လာမှုနှင့်အတူ လွတ်လပ်သောအချက်အလက်ရှာဖွေရေး ကော်မရှင်တစ်ရပ်အား ဖွဲ့စည်းတည်ထောင်ရေးက အကောင်အထည်ဖော်ရေးကော်မတီ၏ ပမာဏခြေလှမ်း ဖြစ်သင့်သည်။

-မီဒီယာများ ဝင်ခွင့်ပေးခြင်း တိုးပွားလာခြင်းကြောင့် အကြံပေးအဖွဲ့အနေဖြင့် ရခိုင်ဒေသရှိ ထိခိုက်သက်ရောက် မှု ရှိခဲ့ရာ ဒေသအားလုံးသို့ ပိုမိုကျယ်ပြန့်သော မီဒီယာများ ဝင်ရောက်ခွင့်ကို အကြံပြုထောက်ခံသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly