တစ်ပတ် ဘယ်နှစ်ကြိမ်လောက် တစ်ကိုယ်တော် လိင်စိတ်ဆန္ဒဖြေဖျောက်ခြင်း ပြုလုပ်သင့်သလဲ

တစ်ပတ် ဘယ်နှစ်ကြိမ်လောက် တစ်ကိုယ်တော် လိင်စိတ်ဆန္ဒဖြေဖျောက်ခြင်း ပြုလုပ်သင့်သလဲ

ရေးသားသူ Dr. Khin Yin Kyay
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အမျိုးမျိုးသော လေ့လာတွေ့ရှိချက်များအရ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဟာ အတူနေချစ်သူ မရှိသူများအဖို့တော့ အခြေခံလိုအပ်ချက် အများကြီးထဲမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒါဟာလည်းပဲ တစ်ကမ္ဘာလုံးမှာ ကျင့်သုံးနေကြတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူ တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးများရော အမျိုးသားများရော နှစ်ဦးစလုံးပါ တစ်ကိုယ်တော် လိင်စိတ် ဖြေဖျောက်လေ့ရှိကြပါတယ်။ သို့သော် လူအချို့ကတော့ ဒါကို ဝန်ခံလေ့ရှိပြီး အများစုကတော့ ဝန်ခံလေ့ မရှိပါဘူး။ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဟာဆိုရင် လိင်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှုတွေထဲမှာမှ လူသိအများဆုံး တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းနဲ့ ပတ်သက်ပြီး မှားယွင်းစွာ ယုံကြည်နေကြတဲ့ အချက်တွေလည်း ပတ်ဝန်းကျင်မှာ အများကြီး ရှိပါတယ်။တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်တဲ့ အခါမှာ အသုံးပြုတဲ့ ပစ္စည်းတွေပေါ် အခြေခံပြီး လိင်စိတ်ဖြေဖျောက်ခြင်း အမျိုးအစား ပေါင်းများစွာ ရှိပါတယ်။ သို့သော် လိင်စိတ်ဖြေဖျောက်ခြင်းကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ လုပ်သင့်တယ်ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ များစွာ ရှိနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းဟာ သင့်ရဲ့ ကျန်းမာရေး စိတ်အခြေအနေနဲ့ အလေ့အထတွေအပေါ် ဆက်စပ်မှုရှိနေတာကြောင့် ဖြစ်ပါတယ်။

ကျွနု်ပ်ဟာ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းကို ဘယ်နှစ်ကြိမ်လောက် ပြုလုပ်သင့်သလဲ။

တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းကို နေ့ရက်တွေ၊ ရက်သတ္တပတ်တွေ၊ လတွေ စသဖြင့် အချိန်အတိအကျနှင့် ဘယ်နှစ်ကြိမ်ပြုလုပ်ရမယ်ဆိုပြီး မရှိပါဘူး။ ဒါကြောင့် များသောအားဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း မလုပ်တာထက်စာရင် လုပ်လိုက်တဲ့ အချိန်မှာ သင့်ကိုအလွန်အမင်း ပင်ပန်းခြင်း၊ အားအင် နည်းစေခြင်း သို့မဟုတ် စိတ်ဖိစီးမှု များစေခြင်း စတာတွေ မဖြစ်ရင်တော့ သင့်ရဲ့ လိင်စိတ်ဖြေဖျောက်ခြင်းနှင့် ပတ်သက်ပြီး စိတ်ပူစရာအကြောင်း မရှိပါဘူး။ လူတော်တော်များများဟာ တစ်ရက်ကို အကြိမ်ပေါင်းများစွာ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ကြပါတယ်။ သို့သော် သူတို့ဟာ ပို၍ကျန်းမာပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နေကြတုန်းပဲ ဖြစ်ပါတယ်။ သို့သော် သင်ဟာ လိင်စိတ်ဖြေဖျောက်ခြင်းအကြောင်းကိုပဲ အမြဲတမ်းတွေးနေမယ် သို့မဟုတ် အမြဲတမ်း လိင်ဆက်ဆံချင်နေမယ် ၊သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် လက်တွဲဖော်နဲ့ပဲ ဖြစ်ဖြစ် အမြဲတမ်း လိင်ဆက်ဆံလိုစိတ်ဖြစ်နေပြီး အရမ်းဆိုးရွားနေမယ် ဆိုရင်တော့ သင့် ဘဝအစိတ်အပိုင်းတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။

တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဟာ ပုံမှန်အရာတစ်ခုပဲ ဖြစ်ပါတယ်။ သို့သော် သင့်ရဲ့ လိင်စိတ်ဖြေဖျောက်တဲ့ အရေအတွက်ကို သင်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အမျိုးသားများဟာ တစ်ရက်လျှင် သုံးကြိမ်နဲ့ တစ်ပတ်လျှင် ငါးရက်လောက် လိင်စိတ်ဖြေဖျောက်လေ့ရှိတယ်လို့ သုတေသနများစွာက ဖော်ပြနေပါတယ်။ ဒါဟာအလွန် များတဲ့ လိင်စိတ် ဖြေဖျောက်ခြင်း အရေအတွက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အချိန်တွေအများကြီး ကုန်သွားစေပါတယ်။

သို့သော် လိင်စိတ်ဖြေဖျောက်ခြင်းကို မလုပ်ဖို့ရာ ဆိုလိုခြင်း မဟုတ်ပါဘူး။ ပုံမှန် လိင်ဆက်ဆံခြင်း၊ မိမိချစ်သူနှင့် လိင်ဆက်ဆံခြင်း စတာတွေကတော့ သဘာဝအားဖြင့် လိင်ဆက်ဆံမှုဆိုင်ရာ လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ လိင်ဆက်ဆံလိုစိတ်ဟာ သဘာဝအတိုင်းဖြစ်လာလေလေ ပိုပြီးစွမ်းအားပြင်းထန်လေလေ ဆိုပြီး လူအချို့ကပြောကြပါတယ် ။ ဒါကြောင့် သင်ဟာတကယ်လို့ တစ်ကိုယ်တော် လိင် စိတ် ဖြေဖျောက်ခြင်းအတွက် စွမ်းအင်တွေ အများကြီး မသုံးမိဘူးဆိုရင် အခြားနေရာမှာ ဒီစွမ်းအင်တွေကို သုံးဖို့ရာ စဉ်းစားပေးသင့်ပါတယ်။

တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်သည့် အကြိမ်ရေနှုန်း

လိင်ဆက်ဆံမှု ပိုင်းဆိုင်ရာ လှုပ်ရှားတက်ကြွမှု တွေနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိမှုတွေ များစွာရှိတဲ့ အထဲကမှ တစ်ကိုယ်တော် လိင်စိတ် ဖြေဖျောက်ခြင်းဟာလည်း စိတ်ဝင်စားဖို့ အကောင်းဆုံး အကြောင်းအရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ ၎င်းဟာ သင်ကိုယ်တိုင်ရဲ့ အလေ့အကျင့်တွေ အလေ့အထတွေပေါ်မှာ မူတည်ပါတယ်။ ဖော်ပြမယ့်အချက်အလက်တွေဟာ သင့်ကို အနည်းငယ် ထိတ်လန့်သွားစေမယ့် အကြောင်းအရာတွေ ဖြစ်လာပါလိမ့်မယ်။ ပထမဦးစွာပြောရလျှင် တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်မှု အမြင့်ဆုံးနှုန်းကတော့ တစ်ပတ်လျှင် ၄ ကြိမ်ဖြစ်ပြီး ၎င်းကို အသက် ၂၅ နှစ် နှင့် ၂၉ ကြားအမျိုးသမီးများတွင် ၅ ရာခိုင်နှုန်း နှင့် အမျိုးသားများတွင် ၂၀.၁ ရာခိုင်နှုန်း အထိတွေ့ရပါတယ်။ နောက်ထပ်ပြောပြမှာကတော့ ၂၅နှစ် နှင့် ၂၉ နှစ်ကြား အမျိုးသား၂၅.၄ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၅.၁၁ ရာခိုင်နှုန်းဟာ တစ်လလျှင် အကြိမ်ပေါင်း များစွာ လိင်စိတ် ဖြေဖျောက်လေ့ရှိကြတယ်လို့ တွေ့ရှိရပါတယ်။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် သင်ဟာ အသက်ပိုကြီးလာလေလေ အမျိုးသားများတွင်သာမက အမျိုးသမီးများတွင်ပါ လိင်စိတ်ဖြေဖျောက်ခြင်းနှင့် ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းပါးသွားကြပါတယ်။

လိင်စိတ် ဖြေဖျောက်ခြင်းဟာ လူသားတွေကို ပျော်ရွှင်ခြင်း၊ သက်သောင့် သက်သာဖြစ်စေခြင်း နှင့် စိတ်ဖိစီးမှုကို လျော့ကျစေခြင်း စတာတွေကို ပြုလုပ်ကူညီပေးပါတယ်။ သို့သော် အဓိက အကြောင်းအရင်းကတော့ အရမ်းကို ရယ်စရာကောင်းပါတယ်။ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းရဲ့ အကျိုးကျေးဇူး အချို့ကတော့ အမျိုးသားများတွင် သုက်ပိုးအဟောင်းများကို ဖယ်ရှားပေးလိုက်သကဲ့သို့ ဖြစ်ပြီး အမျိုးသမီးများတွင်လည်း လိင်ဆက်ဆံတဲ့အခါ ထွက်လာသည့် အရည်တွေ စုပုံခြင်း မဖြစ်အောင် ပြုလုပ်ပေးသကဲ့သို့ ဖြစ်နေပါတယ်။ သင်ဟာ လက်ထပ်ထားသည်ဖြစ်စေ၊ လက်မထပ်ထားသည်ဖြစ်စေ၊ ငယ်ရွယ်သည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဆိုတာကတော့ သင်တို့ကို အမြဲတမ်းပေးနေမယ့် ဆုလဒ်တစ်ခုပဲ ဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly