မြန်မာပြည်တွင်းနေရာအချို့ကို ဗဟိုပြုပြီး တစ်ရက်အတွင်း ငလျင် ၄ ကြိမ်လှုပ်ခတ်ခဲ့

မြန်မာပြည်တွင်းနေရာအချို့ကို ဗဟိုပြုပြီး တစ်ရက်အတွင်း ငလျင် ၄ ကြိမ်လှုပ်ခတ်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ။         ။ ဇန်နဝါရီ ၂၅ ရက် နေ့ တစ်နေ့ အတွင်း မြေငလျင် ၄ ကြိမ် လှုပ်ခတ်ခဲ့ပြီး မြန်မာနိုင်ငံပြည်တွင်းနှင့် ပြည်ပနေရာများကို ဗဟိုပြုလှုပ်ခတ်ခဲ့သည်ကို ထုတ်ပြန်ချက်များအရ တွေ့ရသည်။

ယနေ့ ဇန်နဝါရီ ၂၅ရက် မနက်(၁)နာရီ (၅၁)မိနစ် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း ကလေးမြို့၏ အရှေ့တောင်ဘက် ၃၁ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိ အင်အားအနည်းငယ်မြေငလျှင်တစ်ခု လှုပ်ခတ်သွားခဲ့သည်ကို ဟားခါးမြို့မြေငလျှင်စခန်းမှ တိုင်းတာရရှိခဲ့သည်။

"ကလေးမြို့မှာ ငလျှင်လှုပ်သွားတယ် ကျွန်တော်မကြားမိဘူး အခုမှပဲကြားတယ်"ဟု ကလေးမြို့နယ်၊ မဲဆန္ဒနယ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကမ်ဇာမုံက ပြောသည်။

ယနေ့ နံနက် ၆ နာရီ၊ ၃၈မိနစ်တွင် ပြည်တွင်း တာချီလိတ်မြိ့ု၏ အနောက်ဘက် ၁၀ မိုင်ခန့်အကွာကိုဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၇အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။

နံနက်(၇)နာရီ၊ (၄၅)မိနစ်အချိန်၌လည်း မြန်မာနိုင်ငံပြည်ပ အိန္ဒိယနိုင်ငံ၏ဒေသဖြစ်သော Nicobar Islands ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၉)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုနှင့် မနက် (၁၀)နာရီ၊ (၁၈)မိနစ် အချိန်၌ အင်အားရစ်(ခ်)တာစကေး (၅.၃)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု တို့လှုပ်ရှားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly