အမျိုးသမီးနှင့် ရွေးကောက်ပွဲ

မဇ္ဈိမ၏ အမျိုးသမီးနှင့် ရွေးကောက်ပွဲ အစီအစဉ်တွင် ယခုတစ်ပတ် ဆွေးနွေးထားသည့် အကြောင်းအရာမှာ ရွေးကောက်ပွဲနှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု နှင့် ဆက်စပ်သည်များ ကိုဆွေးနွေး ထားခြင်းဖြစ်သည်။ ယခု အကြောင်းအရာနှင့် ပတ်သက်ပြီး အခရာ အမျိုးသမီးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ထားထားနှင့် ကရင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးမှ ဒါရိုက်တာ ဒေါ်ဆူဇန်နာ လှလှစိုးတို့ ကဆွေးနွေးထားခြင်းဖြစ်ပြီး အစီအစဉ် တင်ဆက်သူမှာ  ပျိုးလက်ဟန်ဖြစ်သည်။
 ပျိုးလက်ဟန်

လက်ရှိမှာ လွှတ်တော်ထဲမှာ အမျိုးသမီးအမတ်တွေနည်းနေတယ်။ အဲဒီတော့ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ကိစ္စတွေကို ကိုယ်စားပြုပြောမယ့် အမျိုးသမီးတွေနည်းနေတယ်။ လက်ရှိလည်း အမက အမျိုးသမီးထုနဲ့ အနီးကပ် အလုပ်လုပ်နေတဲ့အတွက်ကြောင့်မို့လို့ အမျိုးသမီးအများစု ရင်ဆိုင်နေရတဲ့ပြဿနာတွေက ဘာတွေလဲ ဘယ်လိုများဖြစ်နိုင်လဲ။

မထားထား

မြန်မာနိုင်ငံမှာဆိုရင် (လူဦးရေ၏) ၅၀   ရာခိုင်နှုန်းကျော်က အမျိုးသမီးတွေ ။ ဒီအမျိုးသမီးတွေရဲ့ နေ့တဓူဝ ဘဝကိုကြည့်မယ်ဆိုလို့ရှိရင် အမျိုးသမီးတွေဟာ အထူးသဖြင့် ဘယ်သွားသွားဘယ်နားနေနေ ကိုယ့်အိမ်ထဲမှာ နေလည်း လုံခြုံမှုဆိုတာ မခံစားရဘူူး။ အဲဒီကနေတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ တိုးတက်ရေး ၊ အဲဒါတွေက နောက်ဆက်တွဲအနေနဲ့ ခံစားရတယ်။ 

မြန်မာအမျိုးသမီးတွေဟာ မြန်မာပြည်မှာ မုဒိမ်းကျင့်တဲ့ အမှုတွေ သွားပြီးတိုင်ပြီး အမှုဖွင့်တာတောင်မှ တစ်ရက်ကို ၂ မှု၊ ၂ မှုထဲမှာမှ တစ်ဝက်ကျော်ကျော်က ကလေးတွေဖြစ်နေတယ် ။ အဲဒါတွေက မြန်မာပြည်မှာ ဖြစ်နေတဲ့အခြေအနေတွေ။ မုဒိမ်းမှုတောင်တစ်ရက်ကို ၂ မှု ၊ အမျိုးသမီးတွေရဲ့သွားရေးလာရေး၊ တကယ်တော့ ရုံးတွေကနားတွေမှာဆိုရင် အမျိုးသမီးတွေက ယောက်ကျားလေးတွေလိုမျိုး ခိုင်းလို့မရဘူး၊ သုံးလို့မရဘူးလို့ပြောကြတယ်။ တကယ်တော့ သူတို့တွေသွားနိုင်တယ်။ လုပ်နိုင်တယ်။ ပတ်ဝန်းကျင်ကိုက လုံခြုံမှုကို မပေးနိုင်တာပေါ့။ ဒီလိုအခြေအနေကို အမျိုးသမီးတွေကနေ့တ ဓူဝရင် ဆိုင်နေရတယ်လို့ အစ်မပြောချင်တယ်။

ပျိုးလက်ဟန်

အစ်မကိုယ်တိုင်လည်း စည်ပင်ရွေးကောက်ပွဲမှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ ဝင်ပြိုင်ခဲ့တာရှိတယ်။ အစ်မ ကိုယ်တိုင်ကော ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့နေရာမှာကော အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးရော ရှိလားအစ်မ။

ဒေါ်ဆူဇန်နာလှလှစိုး

ဟုတ်ကဲ့ ကျွန်မစည်ပင်ရွေးကောက်ပွဲဝင်တုန်းက အတွေ့အကြုံတွေကတော့ အများကြီးပေါ့နော်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ကျွန်မတို့ မဲဆွယ်စည်းရုံးခြင်းကနေစတာပေါ့နော်။ ကျွန်မက အင်းစိန်နဲ့လှိုင်သာ ယာ၊ မင်္ဂလာဒုံတို့မှာ မဲဆွယ်စည်းရုံးခြင်းဆင်းတဲ့အခါမှာ ကျွန်မတို့နောက်ကနေ တကောက်ကောက် လိုက်ပြီးတော့ ယာဉ်တန်းနောက်ကနေ လိုက်နှောင့်ယှက် တယ်။ နောက်သီချင်းတွေအကျယ်ကြီးဖွင့်ပြီး ကျွန်မတို့ရဲ့ ဟောပြောပွဲကို နှောက်ယှက်တယ်။ အဲဒါမျိုးတွေ ရှိခဲ့တယ်။ ရန်လိုတဲ့အပြုအမူတွေဖြစ်ခဲ့တယ်ပေါ့။ နောက်မဲဆွယ်တဲ့ ဘုတ်ပြားလိုမျိုးထောင်ထားတာကို နေ့တိုင်းဖျက်ဆီးခံရတယ်။

မနက်ဆိုလို့ရှိရင် မရှိတော့ဘူး။ ဖြုတ်ထားတယ် ။ ဖျက်ဆီးထားတယ် ။ အဲဒါမျိုးတွေလည်းရှိတယ်။  နောက် ကျွန်မနေတဲ့အိမ် ၊ခြံလည်းလုံတယ် ၊သံတခါးတွေကိုလည်း ဖျက်ဆီးလိုက်တယ်။ ဒါကတော့ တိုက်ဆိုင်မှုဘဲဖြစ်မလား ။ ဒါကတော့ ရွေးကောက်ပွဲနဲ့ အရမ်းနီးတဲ့အချိန်ဆိုတော့ ဒါက ခြိမ်းခြောက်မှုတစ်ရပ်လို့တော့ ကျွန်မက ယူဆတယ်။ ရွေးကောက်ပွဲပြု လုပ်နေစဉ်ကာလမှာလည်းဘဲ ကြိုတင်ပြင် ဆင်နေတုန်းမှာလည်းဘဲ ကျွန်မနဲ့ပတ်သက်တဲ့ မဟုတ်မမှန်တဲ့ သတင်းတွေကို လွှင့်တယ်။ ဘယ်သူတွေလွှင့်လဲတော့မသိဘူး။

သို့သော်လည်း ကျွန်မနေတဲ့အသိုင်းအဝိုင်း ရပ်ကွက်တွေမှာဆိုလိ့ုရှိရင် ဒီအမျိုးသမီးဟာ အရမ်းစွာတယ် အိမ်နီးနားချင်းတွေနဲ့ ရန်ဖြစ်တယ် အဆင့်အတန်းမရှိဘူးဆိုတဲ့ မဟုတ်မမှန်တဲ့ သတင်းတွေ လွှင့်တယ်။ အွန်လိုင်းတွေမှာလည်း တင်တယ် ။ သူတို့က အမျိုးသမီးဆိုရင် ထက်မြက်တယ် ။ ပြောတတ်ဆိုတတ်တယ်ဆိုရင် အမျိုးသမီးဆိုရင် ရန်ဖြစ်တယ် အိမ်နီးနားချင်နဲ့ မတည့်ဘူး စွာတယ်ဆိုတဲ့ ပုံစံမျိုးကို လမ်းကြောင်းဖြစ်အောင်လုပ်တယ် လို့ကျွန်မမြင်တယ်။ မဲထည့်တဲ့နေ့မှာဆိုရင် အဆိုးဆုံးဘဲ ။ ကျွန်မမဲဆန္ဒနယ်မြေ မဲရုံတည့်တည့်မှာကိုဘဲ လာထိုင်ပြီးတော့ ဒီအမျိုးသမီး ကိုမထည့်နဲ့။

ဒီအမျိုးသမီးသည် အစိုးရကို ဆန့်ကျင်တဲ့အမျိုးသမီးဖြစ်တယ်။ ပြောတဲ့သူ တွေကလည်း တာဝန်ရှိတဲ့သူတွေဆိုတော့ လူတွေက ကျွန်မကိုမဲထည့်ရမှာကြောက်တယ်။ အဲဒါမျိုးတွေ လည်းဖြစ်တယ်။ မဲစာရင်းကိုသွားမေးတဲ့အချိန်မှာ လုံခြုံရေးဆိုတဲ့ လူတစ်ယောက်ကနေပြီးတော့ မေးတဲ့သူကို အကြမ်းဖက်ပြီး တိုက်ခိုက်လိုက်တယ် ။ အဲဒီမဲရုံကပိတ်လိုက်ရတယ်။  မဲပေးခွင့်မရတော့ဘူးပေါ့နော်။

အဲနေ့တွေမှာ အကြမ်းဖက်တဲ့ကိစ္စတွေဖြစ်တာပေါ့နော် ။ ချိုးဖောက်တာတွေကလည်း အများကြီးပါဘဲ။ တကယ်ဆိုရင်တော့ မဲထည့်တဲ့နေ့မှာ မဲဆွယ်ခွင့်မရှိဘူး။ ကျွန်မရဲ့ပြိုင်ဘက်တွေက ကားနဲ့လှည့်လည် ပြီးတော့ စည်းရုံးလှုံ့ဆော်တယ် ။ မဲရုံထဲအထိကို တီရှပ်တွေဝတ်တယ် ။ အတင်းဝင်လာတယ်။ ဘယ်သူ့ကို မဲပေးပါဆိုပြီးတော့ အတင်းစာရွက်တွေဝေတယ်။ ကျွန်မတို့ရဲ့ကိုယ်စားလှယ်တွေနဲ့ ပဋိပက္ခတွေဖြစ်တယ်။ အဲဒါတွေကလည်း ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုလို့ကျွန်မမြင်တယ်။

ပျိုးလက်ဟန်

အမျိုးသမီးဖြစ်မှုအပေါ်မှာ အခြေခံပြီးတော့မှ အကြမ်းဖက်မှုများတယ်ဆိုပြီးတော့ မထားထားက လည်းပြောသွားတယ်။ အမျိုးသမီးတွေနေ့စဉ်ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှုထဲမှာ အရေအတွက်အားဖြင့် ကြည့်မယ်ဆိုရင် တစ်နေ့ကို မုဒိမ်းမှုတွေ ၂ ခုလောက်ရှိတယ် ။ အစ်မသာ လွှတ်တော်ထဲမှာဆိုရင် အမျိုးသမီး တွေများလာမယ်ဆိုရင် အမျိုးသမီးတွေ နေ့တဓူဝရင်ဆိုင်နေရတဲ့ ပြသနာတွေ အကြမ်းဖက် မှုတွေကို ဘယ်လိုမျိုး တိုးတက်ပြောင်းလဲအောင်လုပ်နိုင်မယ်ထင်လဲ။

မထားထား

အစ်မတို့ အခုလုပ်နေတဲ့အလုပ်နဲ့ရင်ဆိုင်ပြောဆိုရမယ်ဆိုရင် ဥပမာ ကလေးမုဒိမ်းဆိုကြပါစို့။ ကလေး မုဒိမ်း လာတယ်။  လာလို့ရှိရင် ကျွန်မတို့က သူတို့က တရားဥပဒေနဲ့ရင်ဆိုင်ချင်ဆို ကျွန်မတို့လိုက်ကူ ပြီးတော့ တရားဥပဒေမှာကော ဒီအစဉ်အဆက်မှာပေါ့နော်  နောက်ဆုံးကျလို့ရှိရင် တရားသူကြီးရဲ့ ဆင်ခြင်တုံ တရားက အရေးကြီးတယ်။ သူ့ဆင်ခြင်ဆုံတရားနဲ့ ဆုံးဖြတ်လို့ ရတယ်။

ဒါပေမဲ့ တရားသူကြီး များသော အားဖြင့်က အမျိုးသားတွေဖြစ်တယ်။ ဒီတရားဥပဒေကို ရေးဆွဲထားတာ အမျိုးသားတွေဖြစ်တယ်၊ ဘာဖြစ်လု့ိလဲဆိုတော့ တရား ဥပဒေပြုတဲ့ နေရာမှာ အမျိုးသမီးတွေနည်းလို့ ဆိုတော့ တရားသူကြီးရဲ့ ဆင်ခြင်တုံ တရားကိုကြည့်မယ် ဆိုလို့ရှိရင် တရားသူကြီးသည် အမျိုးသားဖြစ်ခဲ့ရင် အဲ့ဒီအမျိုးသားရဲ့ ယောင်္ကျားလေးဖြစ်မှုရဲ့အတွေ့အကြုံ၊ အသိပညာ၊ ဗဟုသုတနှင့် သူ့ဘဝ ကပေးလိုက်တဲ့ ဆင်ခြင်တုံတရားနဲ့ပဲ ဆုံးဖြတ်မှာ။ အမျိုးသမီး မုဒိမ်းကျင့် ခံရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ ခံစားမှုမျိုး ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။

နောက်တစ်ခု ဥပဒေကို ကြည့်မယ်ဆိုရင် ဒီဥပဒေသည် တောင်းထားတဲ့ သက်သေပေါ့နော်။  တောင်းထားတဲ့ သက်သေတွေက တကယ့် အမျိုးသမီးတွေ ခံရတဲ့အမျိုးသမီးတွေအတွက် မသင့်တော်တာတွေဖြစ်နေတဲ့အပြင် မတရား ဘူးလို့ ကျွန်မထင်တယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဥပမာ အဓိက သက်သေကနှစ်ခု ။ တစ်ခုက ကညာမေးပေါက် မပေါက်။ နောက်တစ် ကကျတော့  ယောင်္ကျားလေးရဲ့ သုတ်ပိုး တေ့ွရှိမှု ရှိမရှိ ။ …  အမျိုးသမီး သည် မုဒိမ်းကျင့်ခံရရင် သွားတိုင်ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲ့တယ်၊ လူမှုရေး ဖိအားတွေ အရှက်အကြောက်တွေ သူ့ရဲ့ဘဝရှေ့ဆက်လမ်းဖို့တွေ အများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ သွားမတိုင်ရဲဘူး။ သွားတိုင်ရဲတဲ့အချိန်မှာ တစ်ပတ်တန်သည်၊  တစ်လတန်သည်၊ တစ်နှစ်တန်သည် ရှိနေတယ်။

အဲဒီ အချိန်မှသာ သွားတိုင်ခဲ့ရင် တရားသူကြီးရဲ့ ဆင်ခြင်တုံတရား ၊ ဒီသွားတိုင်မှုရဲ့ သက်သေနှစ်ခုကြောင့် ဘယ်လိုမှ အမှုမှန် ပေါ်ပေါက်လို့က မဖြစ်နိုင်ဘူး ဆိုတော့ ဒီဥပဒေပြုရေးတွေမှာ အမျိုးသမီးတွေ သာရှိတယ်ဆိုလို့ရှိရင် တရားမျှတ တဲ့သက်သေတွေ တရားမျှတတဲ့ အမျိုးသမီးတွေဘက်ကို ဖိအားမပေးတဲ့သက်သေတွေ ၊ တရားဥပဒေ တွေဖြစ်လာ မယ်ပေါ့နော်။  

…. နောက်တစ်ခုကျတော့ ပညာရေး၊ ကျန်းမာရေး၊ ကျန်းမာရေးကို ကြည့်မယ် ဆိုလို့ရှိရင် ကျွန်မတို့အမျိုးသမီးတွေ တစ်ရက်တစ်ရက် ကိုယ်ဝန်ဆောင်နေတဲ့အမျိုးသမီးတွေ သေဆုံးနှုန်းက ၅ ယောက် နီးပါးလောက်ရှိတယ်၊ ကလေးငယ်တွေ သေဆုံးဆုံးက ၁၈၀ ကနေ ၁၉၀ ကြားလောက်ရှိတယ်၊ တစ်ရက်တရက်ကို ဆိုတော့ အကယ်လို့ အမျိုးသမီးတွေသာ တရားဥပဒေပြုတဲ့ နေရာမှာ ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာမှာ ရှိတယ်ဆိုရင် ဒီဘက်တွေကို ဇောင်းပေးပြီးကြည့်တော့မယ်။  ကျန်းမာရေး ဧရိယာတွေမှာ အားစိုက်မယ်။ ဘက်ဂျက်တွေကို ချမှတ်မယ်။ အဲ့ဒီမှာ ကြိုးစားပန်းစားနဲ့ အလုပ်လုပ်မယ်။

ပညာရေးလည်း ဒီလိုဘဲ မြန်မာနိုင်ငံမှာ တန်းတူညီမျှထားထားပါတယ်ဆိုပေမယ့် ခုန လုံခြုံမှု မရှိတဲ့အတွက် ကျေးလက်နေ ဒေသတွေမှာ အမျိုးသမီးတွေ ပိုက်ဆံရှိတယ်။ သွားဖို့အခြေအနေရှိပေမဲ့ သွားတဲ့ လမ်းမှာ အန္တရာယ်မကင်းလို့ မုဒိမ်းကျင့်ခံရမှာဆိုးလို့ ပညာရေးမှာ လက်လွတ်တာတွေ အများကြီးပဲ၊ ဒါတွေကို အမျိုးသမီးတွေသာ ဆုံးဖြတ် ချက်ချမှတ်တဲ့နေရာတွေမှာ ရလာမယ်ဆိုရင် ဒါတွေကို အရမ်း အရေးကြီးတဲ့ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေးကို အမျိုးသမီးတွေလုပ်လာမှာဖြစ်တယ်။ အဲ့ဒါကြောင့် မို့လို့ အမျိုးသမီးတွေသည် ဒီလိုနေရာတွေမှာ ရဖို့အရေးကြီးတယ်။

ပျိုးလက်ဟန်

ရွေးကောက်ပွဲမှာ ဝင်ရောက်ပြီး အရွေးချယ်ခံမယ့် အမျိုးသမီးအမတ်လောင်းတွေအနေနဲ့ပေါ့  ဘယ်လိုမျိုး အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေ ကြုံရနိုင်မလဲအစ်မ။

ဒေါ်ဇူဇန်နာလှလှစိုး

ကျွန်မအခုနက ဖော်ပြတဲ့ အခက်အခဲတွေအကုန်လုံးကိုတော့ ကြုံတွေ့နိုင်တယ်၊ ဒါတကယ်လဲဖြစ်ခဲ့တယ် သိပ်လည်းမကြာသေးဘူး ဆိုတော့ ဥပဒေစိုးမိုးရေး၊ လုံခြုံရေး အဲ့ဒါအရေးကြီးတယ်။ … ကျွန်မ ကရွှေးကောက်ပွဲ ဥပဒေတွေကို တိတိကျကျလိုက်နာစေချင်တယ်။  နောက်ပြီးတော့ ဘာသာရေးနဲ့ပတ်သက်ပြီးတော့ မဲဆွယ် စည်းရုံးခွင့်မရှိရဆိုတဲ့ ဥပဒေကိုလည်း ကျွန်မတိတိကျကျလိုက်နာစေ ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ တုန်းက မဲဆွယ်စည်းရုံးတဲ့အခါမှ လိုက်နှောင့်ယှက်တဲ့ နေရာမှာ သီချင်းတွေဟာ ာာသာရေး နဲ့ဆက်နွယ်နေတဲ့ သီချင်းတွေဖြစ်နေတယ်။ နောက်ပြီးတော ဒီမဲထည့် တဲ့နေ့မှာ မဲဆွယ်စည်းရုံးမှုမရှိရဘူးဆိုတာကိုလည်း တိတိကျကျ လိုက်နာစေချင်တယ်။ အဲ့ဒါတွေ ကြပ်ကြပ်မတ်မတ် လုပ်ရမယ်။  မဟုတ်ရင် ပဋိမက္ခတွေဖြစ်လာ မယ်လို့တော့ ကျွန်မမြင်တယ်။

အခုန ကျွန်မပြောတဲ့အချက်တွေအပြင်ပေါ့နော် ရွှေးကောက်ပွဲဝင်တဲ့ အမျိုးသမီးတွေက သူတို့အမျိုးသမီးဖြစ်မှုပေါ်မှာ မူတည်ပြီးတော့ တိုက်ခိုက်ခြင်း ခံရစရာ အကြောင်းရှိတယ်။ ဥပမာ သူတို့ရဲ့ စာရိတ္တ သူတို့ရဲ့အပြုအမူ ၊ သူတို့ရဲ့နောက်ကြောင်း စသည်ဖြင့်ပေါ့နော်။ … ယောင်္ကျား တစ်ယောက်မှာ သူတို့ မစွပ်စွဲနိုင်တဲ့ အရာတွေကို အမျိုးသမီးတွေကို အဲ့ဒီအချက်တွေနဲ့ သူတို့ပုံဖော်နိုင် တယ်။  အဲ့ဒါတစ်ခုကို ကျွန်မတွေ့ပါတယ်။

နောက်တစ်ပတ် ဆက်လက် ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required