စစ်မှုထမ်းတာဝန် ပြီးမြောက်သွားပြီဖြစ်သည့် မင်းသားလီဂျန်ဝူး

စစ်မှုထမ်းတာဝန် ပြီးမြောက်သွားပြီဖြစ်သည့် မင်းသားလီဂျန်ဝူး

 

တောင်ကိုရီးယားမင်းသား လီဂျန်ဝူးသည် ၂၁လကြာ စစ်မှုထမ်းကာလ ပြီးမြောက်သွားပြီဖြစ်သောကြောင့် စစ်တပ်ထဲမှ ပြန်လည်ထွက်ခွာလာခဲ့ပြီဖြစ်သည်။

သူသည် လွန်ခဲ့သော ၂၀၁၆ခုနှစ် ဧပြီလ ၂၆ ရက်နေ့က စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်ခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့တွင် တာဝန်ပြီးဆုံးခဲ့ပြီဖြစ်သည်။

လီဂျန်ဝူးက သူ၏ပရိတ်သတ်များအား “နောက်ဆုံးတော့ ကျနော့်ရဲ့ စစ်မှုထမ်းတာဝန်ပြီးမြောက်သွားပါပြီ။ စစ်တပ်ထဲက ပြန်ထွက်လာရတာ ဝမ်းသာသလို ဝမ်းလည်းနည်းမိပါတယ်။ ယခုအချိန်ကစပြီး အနုပညာအလုပ် တွေပြန်စတင်ပြီးတော့ ခင်ဗျားတို့နဲ့ ပြန်လည်ထိတွေ့ခွင့်ရပါပြီ” ဟု ပြောဆိုခဲ့သည်။

လီဂျန်ဝူးသည် Oh Ja Ryong Is Coming ၊ Smile, Dong Hae ၊ Rosy Lovers နှင့် Bel Ami (Pretty Boy) တို့အပါအဝင် အောင်မြင်သော ဒရာမာဇတ်လမ်းများစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။

Ref: Soompi

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required