ဘာသာပေါင်းစုံ ညီလာခံ ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည်

ဘာသာပေါင်းစုံ ညီလာခံ ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည်

 

ဇန်နဝါရီ ၂၅ ။                   ။ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ညီလာခံတစ်ခုကို ရန်ကုန်မြို့၌ လာမည့် ဖေဖော်ဝါရီ ၁ ရက်မှ ၂ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ညီလာခံကို တောင်ကိုရီးယားနိုင်ငံ Heavenly Culture, World Peace, Restoration of Light (HWPL) က စီစဉ်ကျင်းပမည် ဖြစ်သည်။ HWPL သည် ကုလသမဂ္ဂ အများပြည်သူ ပြန်ကြားရေးဌာန UNDPI နှင့် ပူးပေါင်း၍ ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် အကျိုးအမြတ်မယူသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

မတူညီသည့် နိုင်ငံအသီးသီးတို့ရှိ မျိုးနွယ်စုများ၊ ကိုးကွယ်ရာ ဘာသာများ၊ ယဉ်ကျေးမှုနှင့် နယ်စပ်များအကြား ကျော်လွန်ပတ်သက်မှုများ ရှိနေချိန် HWPL အနေဖြင့် ဤကမ္ဘာတစ်ခွင်လုံးရှိ ပဋိပက္ခရန်ပွဲများနှင့် အငြင်းပွားမှုများ ရပ်တန့်သွားစေမည့် လက်တွေ့ကျသော ဖြေရှင်းချက်များ ဖြစ်ပေါ်ရရှိရေးအတွက် လုပ်ဆောင်နေလျက်ရှိကြောင်း ယင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ငြိမ်းချမ်းရေးနှင့် စစ်ပွဲရပ်စဲရေး ကြေညာချက် (DPCW) ၊ ကမ္ဘာ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး မဟာမိတ်အဖွဲ့ (WARP) ရုံးများနှင့် သဟဇာတဖြစ်မည့် လက်တွေ့ကျင့်သုံးနိုင်သော ဥပဒေတစ်ရပ် ထူထောင်ပြဌာန်းခြင်းဖြင့်  တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးနှင့် စစ်ပွဲများ ရပ်ဆိုင်းရေးကို လုပ်ဆောင်သွားရန် HWPL ဘက်က ကတိပြုရည်မှန်းထားကြောင်း ဆက်လက်ဖော်ပြထားသည်။

နိုင်ငံတကာ ငြိမ်းချမ်းရေး လူငယ်များအဖွဲ့ IPYG နှင့် နိုင်ငံတကာ အမျိုးသမီးများဆိုင်ရာ ငြိမ်းချမ်းရေးအဖွဲ့ IWPG တို့၏ ပူးပေါင်းပါဝင်မှုနှင့်အတူ HWPL ၏ ငြိမ်းချမ်းရေး ရည်မှန်းချက်အစီအစဉ်များမှာ ကမ္ဘာတစ်ဝှမ်း သက်ဆိုင်ရာ အသိုင်းအဝိုင်းအစုအဖွဲ့များအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် ပဋိပက္ခ ဖြေရှင်းရေးတို့အတွက် တက်ကြွသည့် အားပေးသူအဖြစ် အဓိကကျနေသည့် နေရာကနေ ပါဝင်နေလျက်ရှိသည်။

HWPL အနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် စစ်ပွဲများ ရပ်စဲရေး အတွက် ဘုံမျှော်မှန်းချက်တစ်ခု ထားရှိကာ နိုင်ငံပေါင်း ၁၁၁ နိုင်ငံမှ အဖွဲ့အစည်းအပေါင်း ၈၄၈ ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required