ပေါလ်စခိုးကို ဝေးလ်နည်းပြအဖွဲ့တွင်ပါဝင်ရန် ရွိုင်ယန်ဂစ်ကမ်းလှမ်းမည်

ပေါလ်စခိုးကို ဝေးလ်နည်းပြအဖွဲ့တွင်ပါဝင်ရန် ရွိုင်ယန်ဂစ်ကမ်းလှမ်းမည်

 

ဇန်နဝါရီ ၂၅၊ ဝေးလ်။              ။ ပေါလ်စခိုးကို နည်းပြအဖွဲ့တွင်ပါဝင်ရန် ကမ်းလှမ်းမည်ဟု ဝေးလ်နည်းပြအဖွဲ့ဖွဲ့စည်းရန်ပြင်ဆင်နေသည့် ရွိုင်ယန်ဂစ်က ဝန်ခံ ပြောဆိုလိုက်သည်။

ဗုဒ္ဓဟူးနေ့ကပြုလုပ်သည့် ယူအီအက်ဖ်အေနိုင်ငံများလိဂ်ပြိုင်ပွဲမဲခွဲပွဲတွင် ဒိန်းမတ်၊ အိုင်ယာလန်တို့နှင့် တစ်အုပ်စုတည်းကျရောက် ပြီးနောက် ဝေးလ်နည်းပြသစ် ဂစ်က သူငယ်ချင်းဖြစ်သူနှင့် မန်ယူနိုက်တက်အသင်းဖော်ဟောင်း ပေါလ်စခိုးကို ဝေးလ်နည်းပြ အဖွဲ့ဝင် ဖြစ်လာစေချင်နေသည်။

“စခိုးလ်ကို ကျွန်တော်တစ်ချိန်လုံးပြောနေတာပါ။ စနေနေ့ကလည်း ဆဲလ်ဖို့ဒ်စီးတီးမှာ တွေ့လိုက်သေးတယ်။ ခုထိတော့ ဘယ်သူမှ မသေချာသေးပါဘူး။ လူတော်တော်များများနဲ့စကားပြောခဲ့ပြီးပါပြီ။ ဘယ်သူဘယ်ဝါရယ်လို့တော့ မပြောချင်ပါဘူး။

စခိုးအကြောင်းတော့ကောင်းကောင်းသိပါတယ်။ စောင့်ကြည့်ကြတာပေါ့”ဟု ဂစ်ကပြောသည်။ ဂစ်အနေဖြင့် အိုင်ယာလန်တွင် လက်ထောက်နည်းပြလုပ်နေသည့် မန်ယူနိုက်တက်အသင်းဖော်ဟောင်းရွိုင်ကိန်းနှင့်မူ ပြိုင်ဘက်များအဖြစ် ပြန်လည်ရင်ဆိုင်ရ မည်ဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required