ဘာစီလိုနာတွင် ကော်တင်ဟို ကျောနံပါတ် ၁၄ ဝတ်ဆင်မည်

ဘာစီလိုနာတွင် ကော်တင်ဟို ကျောနံပါတ် ၁၄ ဝတ်ဆင်မည်

 

ဇန်နဝါရီ ၂၅၊ ဘာစီလိုနာ။               ။ ကစားသမားသစ်ကော်တင်ဟိုအနေဖြင့် ကျောနံပါတ် ၁၄ ဝတ်ဆင်မည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းက ကြေညာလိုက်သည်။

လီဗာပူးလ်မှ ပေါင် ၁၄၅ သန်းဖြင့် ဘာစီလိုနာသို့ပြောင်းလာသည့် ကော်တင်ဟိုမှာ ကြယ်ပွင့်ကစားသမားဟောင်းများဖြစ်သော ယော်ဒီခရိုက်ဖ်၊ သီယာရီ အွန်နရီတို့ကဲ့သို့ ကျောနံပါတ် ၁၄ ကို ဝတ်ဆင်ခွင့်ရခြင်းလည်းဖြစ်သည်။

ထို့ပြင် မကြာသေးမီကမှအသင်းမှပြောင်းရွှေ့သွားသည့် အာဂျင်တီးနားကွင်းလယ်ကစားသမား မာရှေယာနိုဝတ်ဆင်ခဲ့သည့် နံပါတ်လည်းဖြစ်သည်။

ကော်တင်ဟိုသည် ဘာစီလိုနာအသင်းနှင့်ပွဲထွက်နိုင်ရန်အတွက် ယခုတစ်ပတ်တွင် ကြံ့ခိုင်မှုပိုင်းတိုးတက်အောင် ဆက်လက် ကြိုးစားနေဆဲဖြစ်ပြီး အက်စ်ပန်ညိုနှင့်ကစားမည့် ကြာသပတေးည ကိုပါဒယ်ရေးကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲတွင် ပါဝင်လာမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required