ဆောင်းဆန်ဟွန်းနှင့် လုရီဖေးတို့ တရားဝင်လမ်းခွဲ

ဆောင်းဆန်ဟွန်းနှင့် လုရီဖေးတို့ တရားဝင်လမ်းခွဲ

တောင်ကိုရီးယားမင်းသား ဆောင်းဆန်ဟွန်းနှင့် တရုတ်မင်းသမီး လုရီဖေးတို့သည် ယခုအခါတွင် တရားဝင် လမ်းခွဲပြတ်စဲခဲ့ပြီဖြစ်သည်။

ဇန်နဝါရီ ၂၅ ရက်နေ့တွင် ဆောင်းဆန်ဟွန်း၏ အေဂျင်စီမှကိုယ်စားလှယ်တစ်ဦးက ထွက်ပေါ်လာသော သတင်းများကို အတည်ပြုပေးခဲ့ပြီး “သူတို့နှစ်ဦးလမ်းခွဲလိုက်ပြီဆိုတာ အမှန်ပါပဲ။ ဒါဟာ သူတိုရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စတွေပါ။ ဒါကြောင့် ကျနော်တို့ဘက်ကတော့ အဓိကအကြောင်းရင်း တိတိကျကျကို မသိပါဘူး” ဟု ပြောကြားခဲ့သည်။

ဒါ့အပြင် ယင်းကိုယ်စားလှယ်က “ဆောင်းဆန်ဟွန်းဟာ အနုပညာလုပ်ငန်းတွေ အဆက်မပြတ်လုပ်ကိုင်နေရပါ တယ်။ လုရီဖေးကလည်း သူမရဲ့အနုပညာအလုပ်တွေနဲ့ မအားလပ်နိုင်ဖြစ်နေပါတယ်။ ဒါကြောင့်သူတို့နှစ်ဦးရဲ့ မအားလပ်နိုင်တဲ့အချိန်ဇယားအရ တဖြည်းဖြည်းဝေးကွာသွားခဲ့တာဖြစ်ပါတယ်” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

ဆောင်းဆန်ဟွန်းနှင့် လုရီဖေးတို့နှစ်ဦးသည် Third Love ဆိုသော ရုပ်ရှင်ဇာတ်ကား၌ အတူပါဝင်သရုပ်ဆောင် ရင်းစတင်တွေ့ဆုံခဲ့ကာ ၂၀၁၅ ခုနှစ်တွင် ချစ်သူများအဖြစ် စတင်လက်တွဲခဲ့ကြခြင်းဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required