Miss Tourism World 2017/18 တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အလှမယ် ခေတ်လင်းလက်ယွန်း ၀င်ရောက်ယှဉ်ပြိုင်

Miss Tourism World 2017/18 တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အလှမယ် ခေတ်လင်းလက်ယွန်း ၀င်ရောက်ယှဉ်ပြိုင်

ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ။        ။ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Miss Tourism World 2017/18 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် အလှမယ် ခေတ်လင်းလက်ယွန်းက ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကာ နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲကို ဇန်နဝါရီ ၂၇ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

Miss Tourism World 2017/18 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် အလှမယ် ခေတ်လင်းလက်ယွန်း ကို Miss Golden Land Myanmar Organization မှ ရွေးချယ် စေလွှတ်ခြင်းလည်း  ဖြစ်သည်။

လက်ရှိတွင် အလှမယ် ခေတ်လင်းလက်ယွန်း သည် Miss Tourism World Organization နှင့်အတူ ပြိုင်ပွဲနှင့် ပတ်သက်သည့် Activity များ ပြုလုပ်လျက် ရှိပြီး ဖိုင်နယ်ပြိုင်ပွဲ အတွက် အကြို လေ့ကျင့်မှုများလည်း ပြုလုပ်နေသည်။

အလှမယ် ခေတ်လင်းလက်ယွန်း အတွက် နိုင်ငံကိုယ်စားပြု ဝတ်စုံကို ဒီဇိုင်နာ ဌေးဌေးတင် Shimizu က ဖန်တီးချုပ်လုပ် ပေးထားခြင်း ဖြစ်ပြီး မြန်မာမင်းသမီးလေးတစ်ပါးအသွင် တင့်တယ် လှပစေရန် အဖြူရောင် ထိုင်မသိမ်း ဝတ်စုံကို ဖန်တီးချုပ်လုပ်ပေးထားသည်။

Miss Golden Land Myanmar Organization မှ ရွေးချယ် စေလွှတ်သည့် တရုတ်နိုင်ငံ Nanjing City တွင် ဇန်နဝါရီ ၁၈ရက်၌ ကျင်းပပြုလုပ်ခဲ့သည့် Miss All Nations 2017/18  ပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ အလှမယ် နန်းမွေခမ်း မှ Miss Eco Tourism ဆု နှင့် Miss Miaoyu ဆု (၂)ဆုကို ဆွတ်ခူး ရရှိ ထားသလို Cambodia နိုင်ငံတွင် (၂၈)ကြိမ်မြောက် World Miss University 2018 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အလှမယ် ရွှန်းလက်မင်းနိုင်ကလည်း Miss Media ဆုကို ဆွတ်ခူးရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly