ဆဋ္ဌမတန်​း​ကျောင်​းသ​ူအား ကြံစည်ခဲ့သည့်ဖြစ်စဉ်အပေါ် ထိရောက်စွာပြစ်ဒဏ်ပေးရေး သရုပ်​​ဖော်​ပွဲ ပြုလုပ်​

ဆဋ္ဌမတန်​း​ကျောင်​းသ​ူအား ကြံစည်ခဲ့သည့်ဖြစ်စဉ်အပေါ် ထိရောက်စွာပြစ်ဒဏ်ပေးရေး သရုပ်​​ဖော်​ပွဲ ပြုလုပ်​

တောင်တွင်းကြီး ၊ ဇန်နဝါရီ ၂၃ ။          ။ မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ အတွင်းက ဖြစ်ပွားခဲ့သည့် ပညာသင်ယူနေသူ ဆဋ္ဌမတန်းကျောင်းသူအား ကျောင်းတွင် တာဝန်ထမ်းဆောင်နေဆဲ ကျောင်းဆရာမတစ်ဦး၏ ခင်ပွန်းဖြစ်သူ အမျိုးသားက ၎င်း၏နေအိမ်တွင် သားမယားပြုကျင့်ရန်ကြံစည်ခဲ့သည့် ဖြစ်စဉ်အပေါ် ထိရောက်စွာပြစ်ဒဏ်ပေးရေးအတွက် တောင်တွင်းကြီးမြို့တွင် ဇန်နဝါရီလ ၂၃ရက်နေ့က သရုပ်ဖော်ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြသည်။

"ယခုလိုဖြစ်ခဲ့ရကိစ္စနဲ့ပတ်သတ်ပြီး ဒီလိုသက်ငယ်မုဒိမ်းမှုမျိုးကို ကျွန်တော်တို့လူအဖွဲ့စည်းတစ်ခုမှာ ဘယ်လိုမှ လက်ခံလို့ မရဘူး။ ထပ်ပြီးဆိုးတာ ပြသနာအပေါ်မှာ ကျောင်းအုပ်ဆရာမကြီးအနေနဲ့ ကျွန်တော်တို့ ကျောင်း အကျိုးတော်ဆောင်အဖွဲ့တွေ၊ မိဘဆရာအသင်းတွေနဲ့ တိုင်ပင်မှုလည်းမရှိဘဲ ပြဿနာကိုဖြေရှင်းခဲ့တာဟာ ပိုပြီးဆိုးတယ်" ဟု ကျောင်းအကျိုးတော်ဆောင်တစ်ဦးဖြစ်သည့် ဦးအောင်ဇော်မိုး က ပြောသည်။

အဆိုပါ ဆဌမတန်းကျောင်းသူလေးအား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်သူကို တောင်တွင်း ကြီးမြို့မရဲစခန်းတွင် (ပ)၁၉၀၆ /၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆/၅၁၁အရ အမှုဖွင့် အရေးယူ
ဆောင်ရွက် ထားရှိပြီး ဇန်နဝါရီလ ၂၅ ရက်နေ့၌ မကွေးခရိုင်တရားရုံးတွင် ပထမဦးဆုံးအကြိမ် ရုံးထုတ်စစ်ဆေးသွားမည်ဟု တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိ အချိန်တွင် အခြေခံပညာကျောင်းများတွင် မှုခင်းအသိပညာပေးလုပ်ငန်းများ၊သက်ငယ်မုဒိမ်းနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ ပြုလုပ်ရန်လည်း လိုအပ်နေသည်ဟု ဆိုသည်။

"ယခုခေတ်ကြီးမှာ လက်ကိုင်ဖုန်းလူတန်းစေ့ ကိုင်နေကြတယ်။ နောက် အခုလိုသက်ငယ်မုဒိမ်းမှု။ ဒါလေးတွေကို အသိပညာပေးဖို့ အများကြီးလိုအပ်ပါတယ်"ဟု ဦးအောင်ဇော်မိုးက ပြောသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းသူ၏ မိခင်က သမီးဖြစ်သူအား သားမယားအဖြစ် ပြုကျင့်ရန်အတွက် အားပေးအားမြှောက်ပြုသူ တရားခံ၏ ဇနီး ကျောင်းဆရာမ နှင့် အမှုနှင့်ပတ်သက်၍ ထိန်ချန်ခဲ့သူ ကျောင်းအုပ်ဆရာမကြီးတို့အား ဥပပေဒေနှင့်အညီ ထိရောက်စွာအရေးယူပေးပါရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးအပါအဝင် သက်ဆိုင်ရာရုံးဌာန(၁၁)ခုသို့ လိပ်မူ၍ တိုင်ကြားထား သည်ဟု သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly