Facebook ပေါ်မှဝေဖန်သူများ အထင်လွဲနေကြကြောင်း ခင်မောင်တိုး၏ ဇနီး ပြန်လည်ဖြေရှင်း

Facebook ပေါ်မှဝေဖန်သူများ အထင်လွဲနေကြကြောင်း ခင်မောင်တိုး၏ ဇနီး ပြန်လည်ဖြေရှင်း

ဇန်နဝါရီ ၂၃ ။           ။ မဇ္ဈိမလှိုင်းမှ အဆိုတော်ခင်မောင်တိုး သီဆိုအောင်မြင်ခဲ့သော သီချင်းများကို လူငယ်အဆိုတော်များ ပြန်လည်သီဆိုခြင်းအပေါ် မကျေနပ်သူများက ခင်မောင်တိုး(မဇ္ဈိမလှိုင်း)၏မိသားစုဝင်များကို Facebookတွင် ဝေဖန်တိုက်ခိုက်ခြင်းများနှင့် ပတ်သက်ပြီး ခင်မောင်တိုး(မဇ္ဈိမလှိုင်း)၏ဇနီးဒေါ်ဝေေ၀ခိုင်က ယနေ့ပြန်လည်ဖြေရှင်းခဲ့သည်။

အဆိုပါအောင်မြင်ခဲ့သော သီချင်းများကို ခင်မောင်တိုး(မဇ္ဈိမလှိုင်း)၏မိသားစုက အခကြေးငွေယူ၍ ပြန်လည်သီဆိုခွင့်ပေးလိုက်သည်ဟု အထင်မှားသူများက Facebook တွင် ဝေဖန်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ခင်မောင်တိုး(မဇ္ဈိမလှိုင်း)၏ သီချင်းများကို ပြန်လည် သီဆိုထုပ်လုပ်ခြင်းများတွင် ခင်မောင်တိုး(မဇ္ဈိမလှိုင်း)၏ ကျန်ရစ်သူမိသားစုများ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဒေါ်ဝေေ၀ခိုင်က ယနေ့ အသိပေးပြောဆိုထားသည်။

မဇ္ဈိမလှိုင်း တေးချစ်ပရိသတ်များ၏ အထင်အမြင်လွဲမှားမှုအချို့ကို ကျန်ရစ်သူမိသားစုမှ ပြန်လည်ကြားသိရပါသည်ဟုလည်း မဇ္ဈိမသတင်းဌာနသို့ ပေးပို့သည့် စာထဲတွင် ဒေါ်ဝေေ၀ခိုင်က ရေးသားထားသည်။

ထိုကဲ့သို့ အထင်အမြင်လွဲမှားပြောဆိုခြင်းများ မပြုလုပ်ကြရန်နှင့် ယခုဖြေရှင်းမှုသည် ကျန်ရစ်သူမိသားစု၏ သဘောဆန္ဒသက်သက် မျှသာဖြစ်ကြောင်း ၊မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသော ဆန္ဒမရှိကြောင်း ဒေါ်ဝေေ၀ခိုင်က အသိပေးထားသည်။

နိုင်ငံတကာနှင့် ပြည်တွင်း ဥပဒေများအရ သီချင်းများ၏ အဓိက မူလပိုင်ရှင်မှာ အဆိုပါတေးသီချင်းများကို ရေးသားဖန်တီးသည့် တေးရေးဆရာများသာဖြစ်သည်။ ခင်မောင်တိုး(မဇ္ဈိမလှိုင်း)သီဆိုအောင်မြင်ခဲ့သော တေးသီချင်းများ၏ မူလပိုင်ရှင်သည်လည်း ဉာဏဆိုင်ရာမူပိုင်ခွင့်ဥပဒေအရ အဆိုပါသီချင်းများကို ရေးစပ်သီဖွဲ့ခဲ့သော တေးရေးဆရာများသာဖြစ်သည်။

ခင်မောင်တိုး(မဇ္ဈိမလှိုင်း)သီဆိုအောင်မြင်ခဲ့သော တေးသီချင်းများကို ၂၀၁၇ နှောင်းပိုင်းအတွင် တေးထုပ်လုပ်ရေးတစ်ခုက အမှတ်တရ အယ်လ်ဘယ်အဖြစ် ပြန်လည်ထုပ်ဝေခဲ့ပြီး နာမည်ကြီး အဆိုတော်အချို့နှင့် ပြည်တွင်းအဆိုပြိုင်ပွဲများတွင် ဆုရရှိခဲ့သူအချို့က ပြန်လည်သီဆိုခဲ့ရာ မကျေနပ်သူများက ခင်မောင်တိုး၏ကျန်ရစ်သူ မိသားစုအပေါ် အထင်လွဲမှား ဝေဖန်ခဲ့ကြသည်။

ခင်မောင်တိုး(မဇ္ဈိမလှိုင်း)သီဆိုခဲ့သီချင်းများအား လူငယ်အဆိုတော်များပြန်လည်သီဆိုမှုအပေါ် လက်မခံသူများရှိသလို လက်ခံသူများလည်ရှိနေသည်ကို လူမှုကွန်ယက်စာမျက်နှာများတွင် တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required