မန်စီးတီးနှင့် ၂၀၂၃ အထိ ကီဗင် ဒီဘရိုင်းစာချုပ်သစ်ချုပ်

မန်စီးတီးနှင့် ၂၀၂၃ အထိ ကီဗင် ဒီဘရိုင်းစာချုပ်သစ်ချုပ်

ဇန်နဝါရီ ၂၃၊ မန်ချက်စတာ။           ။ မန်ချက်စတာစီးတီကွင်းလယ်ကစားသမား ကီဗင် ဒီဘရိုင်းသည် ၂၀၂၃ ခုနှစ်အထိသက်တမ်းရှိသည့် စာချုက်သစ်ကို လက်မှတ်ထိုးလိုက်သည်။

ဒီဘရိုင်း၏စာချုပ်အဟောင်းမှာ ၂၀၂၁ ထိ ကုန်ဆုံးဦးမည်မဟုတ်သည့်တိုင် ပရီးမီးယားလိဂ်ဦးဆောင်သူမန်စီးတီးအသင်း အနေဖြင့် အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားကို   နှစ်ရှည်စာချုပ်ပြင်ဆင်ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။

ဒီဘရိုင်းသည် လက်ရှိရာသီတွင်အသင်းအတွက် ပရီးမီးယားလိဂ် ၆ ဂိုးသွင်းယူထားပြီး ၁၀ ဂိုးဖန်တီးပေးထားသည်။ ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားသည် ၂၀၁၅ သြဂုတ်တွင် မန်စီးတီးအသင်း၏စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်း ဖြင့် ဝုဖ်ဘတ်မှပြောင်းလာခဲ့သူဖြစ်သည်။

၂၀၁၂ တွင် ဂျန့်ခ်အသင်းမှ ချယ်လ်ဆီးသို့ပြောင်းခဲ့သော်လည်း သုံးပွဲသာပွဲထွက်ခွင့်ရခဲ့ပြီး ၂၀၁၄ တွင် ဝုဖ်ဘတ်သို့ပြောင်းခဲ့သည့် ဒီဘရိုင်းသည် လက်ရှိရာသီ ဖလားလေးလုံးလမ်းကြောင်းပေါ်ရှိနေသည့် မန်စီးတီးအသင်း၏ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်သည်။

၎င်း၏ခြေစွမ်းကြောင့် ယခုနှစ် PFA အကောင်းဆုံးကစားသမားဆုရရှိလိမ့်မည်ဟုလည်း ရေပန်းစားနေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required