ပါရာဂွေး၌ ရေကြီးရေလျှံမှုဖြစ်ပွား၍ လူပေါင်း ၁၈၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်

ပါရာဂွေး၌ ရေကြီးရေလျှံမှုဖြစ်ပွား၍ လူပေါင်း ၁၈၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်

 

အဆွန်စီယွန်၊ ပါရာဂွေး၊ ဇန်နဝါရီ ၂၃ ။           ။ ပါရာဂွေးနိုင်ငံတွင် ပြီးခဲ့သောတစ်ပတ်လုံး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး မြစ်ရေမြင့်တက်လာမှုကြောင့် နိုင်ငံမြို့တော်ဖြစ်သော အဆွန်စီယွန်မြို့တွင် လူပေါင်း ၁၈၀၀၀ ကျော်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ရေဘေးဒုက္ခ ကြုံတွေ့နေရသည်ဟု နိုင်ငံတော်အရေးပေါ်ကယ်ဆယ်ရေးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒန်နီရယ်ရီဗာရော့စ် က ပြောဆိုခဲ့ပြီး လာမည့်ရက်များအတွင်း ရေကြီးမှုပို၍ဖြစ်ပွားနိုင်သည်ဟုလည်း ပြောခဲ့သည်။

“ကျနော်တို့ မိသားစု ၃၅၀၀ ခန့်ကို ပြန်လည်နေရာချထားပေးပါတယ်” ဟု ရီဗာရော့စ်က သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဒါ့အပြင် သည်းထန်စွာရွာသွန်းလျက်ရှိသောမိုးကြောင့် ပါရာဂွေးမြစ်ရေသည် လာမည့်ဖေဖေါ် ဝါရီလကုန်အထိ ဆက်လက်မြင့်တက်လာနိုင်ကြောင်း သူက သတိပေးခဲ့သည်။

ယခုအခါတွင် ပါရာဂွေးမြစ်ရေသည် ၅.၇ မီတာခန့်အထိမြင့်တက်နေပြီး လာမည့်ရက်များအတွင်း ၇ မီတာအမြင့် အထိ ရောက်ရှိသွားနိုင်ကြောင်း တာဝန်ရှိသူများက ဆိုခဲ့သည်။

မြစ်ရေသည် ဆက်လက်မြင့်တက်လာနိုင်ပြီး အာဂျင်တီးနားနယ်စပ်ရှိ ပါရာဂွေးနိုင်ငံတောင်ပိုင်းမှ ကမ်းရိုးတန်း ဒေသများတွင် ရေကြီးရေလျှံမှုများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း အရေးပေါ်ကူညီစောင့်ရှောက်ရေးဝန်ကြီးဖြစ်သူ ဂျိုအာကွင်းရိုအာက သတိပေးပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required