စိတ်ဓာတ်ကျဆင်းခြင်းကို ဘယ်လိုဖြေရှင်းမလဲ

စိတ်ဓာတ်ကျဆင်းခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ဘယ်သူမဆို စိတ်ဓာတ်ကျလာလျှင် မျှော်လင့်ချက်မဲ့ခြင်း၊ အကူအညီမဲ့ခြင်းတို့ကို မလွဲမသွေခံစားလာရပါတယ်။ ဒါကြောင့် လူအများစုဟာ နည်းလမ်းပေါင်းစုံနှင့် စိတ် ကျခြင်းကို ကုစားလာကြပါတယ်။ ဘယ်နည်းလမ်းကိုပဲ အသုံပြုပါစေ ထိရောက်မှုရှိဖို့နဲ့ စိတ်ချမ်းသာဖို့က အဓိကကျပါတယ်။

ဒီအကြောင်းအရာ၊ သဘောတရားလေးတွေကို မှတ်သားနာလည်နိုင်ပြီး လက်တွေ့မှာပြန်လည် အသုံးချနိုင်ပါတယ်။

တစ်နေ့တာကို အစီအစဉ်စဆွဲပါ

မိမိရဲ့တစ်နေ့တာကို ဘာမှမလုပ်လိုက်ရပဲ မကုန်ဆုန်းစေပါနဲ့။ ဒီနေ့တစ်နေ့တာအတွက် အစီအစဉ်လေးတွေကို ရေးဆွဲထားခြင်းဟာ အချိန်ကုန်သက်သာစေပြီး တစ်နေ့တာပြီးဆုံးသွားတဲ့ အခါမှာလည်း ပြီးမြောက်သွားတဲ့ အလုပ်လေးတွေကို ပြန်ကြည့်ရင်း သင်ဟာ စိတ်ကျေနပ်မှုရနေမှာပါ။

တက်ကြွနေပါစေ

အိပ်ရာထဲမှာပဲ တစ်နေကုန်လှဲမနေပါနှင့်။ ပျင်းရိခြင်းဟာ စိတ်ကိုပိုမိုထိုင်းမှိုင်းစေပါတယ်။ အခုပဲထပြီး ကိုယ်လက်လှုပ်ရှားမှုစလုပ် ကြည့်ပါ။ ကိုယ်လက်လှုပ်ရှားမှူဟာ စိတ် ဓာတ်ကျခြင်းကို အကုစားနိုင်ဆုံးပါပဲ။ လေ့ကျင့်ရေးခန်းမတွေ၊ ပြေးစက်တွေပေါ်တက်ပြေးနေစရာမလိုပဲ သူငယ်ချင်းတွေနှင့် ဆော့ကစားရုံ ၊ အိပ်အလုပ်တွေကူလုပ်ရုံနှင့်တင် သင့်စိတ်တွေလန်းဆန်းလာနိုင်ပါတယ်။

ကျန်းမာစေသော အစာများကို စားသုံးပေးခြင်း

ကျန်းမာစေသော အစားအစာများဟာ သင်စိတ်ပျော်စေဖို့အတွက်များစွာ အထောက်အကူပြုပါတယ်။ စိတ်ကျရောဂါရှိသူများဟာ ကော်ဖီ၊ အရက်၊ အဆီအစိမ့်များ၊ ရေရှည်ခံဆေးသုံးထားသော အစာများအားရှောင်ရှားသင့်ပါတယ်။ ကျန်းမာရေးနှင့် ညီညွှတ်သောအဆီမပါအသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် သီးနှံများကို ပိုမိုစားသုံးသင့်ပါသည်။

ကစီ ဓာတ်နှင့်သကြားအလွန်အမင်းစားသုံးခြင်းကိုလည်း ရှောင်ရှားသင့်ပါသည်။

ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း

စိတ်ကျရောဂါခံစားရသူများဟာ ညဘက်ကောင်းကောင်း အိပ်ပျော်လေ့မရှိကြပါဘူး။ အိပ်ရေးပျက်ခြင်းဟာလည်း စိတ်ကျရောဂါကို ပိုဆိုးစေတဲ့အချက်တစ်ချက်ပါပဲ။ ဒါကြောင့် အိပ်ချိန်မှန်အောင်လေ့ကျင့်ယူသင့်ပါတယ်။ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေမည့် ကွန်ပျူတာ၊ လက်တော့၊ စမတ်ဖုန်းများကို ကုတင်ပေါ်က ဖယ်ရှားထားဖို့လည်း လိုအပ်ပါတယ်။

အဆိုးမြင်ဝါဒီများကို ဖယ်ရှားလိုက်ပါ

စိတ်ကျရောဂါဟာသင့်ကိုသင်၊ သင့်ပတ်ဝန်းကျင်၊ သင့်အခြေအနေ၊ သင်တွေ့ဆုံနေရတာတွေ၊ သင်ရည်မှန်းချက်တွေကို အဆိုးမြင်စေနိုင်ပါတယ်။ ဒါတွေကိုမရှောင်ပြေးပဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါ။ မိမိအားပျော်ရွှင်စေသောအရာများကို ပိုမိုလုပ်ဆောင်ရင်း ကောင်းသော အမြင်ဖြစ်အောင်ကြိုးစားပြောင်းလဲကြည့်ပါ။ ထိုသို့ပြောင်းလဲပေးသော သင်တန်းများရှိရင်လည်း တက်ရောက်သင့်ပါတယ်။

သင့်ကို စိတ်ကျေနပ်မှုပေးနိုင်မယ့် အရာများကို လုပ်ဆောင်ကြည့်ပါ

ကျန်းမာတက်ကြွပြီး ပြီးပြည့်စုံတဲ့ဘဝတစ်ခုကိုကြိုးစားလျှောက်လှမ်းခြင်းဖြင့် စိတ်ကျရောဂါကို အနိုင်ယူပါ။

စိတ်ဖိအားတွေလျော့ပါးသွားအောင် အနားယူခြင်း၊ အားမွေးခြင်းများကိုလည်းသင်ယူပါ။

အားပေးနှစ်သိမ့်ဆွေးနွေးတိုင်ပင်ပါ

မိမိနှင့်အတူရောဂါခံစားနေရသူများနှင့် အားပေးတိုင်ပင်ပါ။ မိသားစု သူငယ်ချင်းများနှင့်ရင်းရင်းနှီးနှီးနေပါ။ သူငယ်ချင်းသစ်များလည်းဖွဲ့ပါ။ ဒါတွေဟာ သင့်အတွက် အလိုအပ်ဆုံးဆေးဝါးတွေပဲဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ စိတ်ကျရောဂါရဲ့ဖိအားမှလွတ်မြောက်အောင် နေ့စဉ်ကောင်းမွန်သော အလေ့အကျင့်များကိုပြုမူဆောင်ရွက်ပါ။ အရာရာပေါ်မှာ ကောင်းမွန်သော အတွေးမျိုးထားနိုင်အောင်ကြိုးစားပါ။ မိသားစုချစ်ခင်ရင်းနှီးသူများထံမှ နှစ်သိမ့်မှုရယူပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required