မှန်ကန်သော နေလောင်ခံခရင်မ်ကို ဘယ်လိုရွေးချယ်မလဲ

မှန်ကန်သော နေလောင်ခံခရင်မ်ကို ဘယ်လိုရွေးချယ်မလဲ

ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

နေရောင်(ခရမ်းလွန်ရောင်ခြည်)ဒဏ်မှကာကွယ်ခြင်းသည် အရေပြားထိန်းသိမ်းမှုတွင်အရေးပါဆုံးသောအပိုင်းဖြစ်ပါ တယ်။ အထိရောက်ဆုံးနည်းလမ်းကတော့နေလောင်ခံ ခရင်မ် ကိုသုံးခြင်းဖြစ်ပါတယ်။ သင့်အရေပြားနှင့် သင့်လျော် သောနေလောင်ခံခရင်မ်အမျိုးအစားကိုရွေးချယ်နိုင်ရန် အ ချက်အလက်တချို့ကိုဖော်ပြလိုက်ပါတယ်။

အညွှန်းကိုဖတ်ပါ။

နေလောင်ခံခရင်မ်မရွေးခင်အညွှန်းကိုဖတ်ပါ။ ပါဝင်ပစ္စည်း နှင့် ကုန်ပစ္စည်း၏ လုပ်ဆောင်ပုံကိုဖော်ပြထားပါလိမ့်မည်။

Broad-spectrum/Full spectrum ကာကွယ်နိုင်သော ခရင်မ်ကိုရွေးချယ်ပါ။

ခရမ်းလွန်ရောင်ခြည်အေ နှင့်ဘီ နှစ်မျိုးစလုံးကအရေပြားကို အန္တရာယ်ဖြစ်စေနိုင်ပြီး အရေးအကြောင်းများ၊ အရေပြား ခြောက်သွေ့ခြင်း နှင့် ကင်ဆာကိုပါဖြစ်စေနိုင်ပါတယ်။ နေလောင်ခံခရင်မ်အများစုက ခရမ်းလွန်ရောင်ခြည်ဘီကို သာကာကွယ်နိုင်ပါတယ်။

Broad-spectrum ဟုအညွှန်း တပ်ထားသောခရင်မ်သာလျှင် ရောင်ခြည်နှစ်မျိုးလုံးကိုကာ ကွယ်နိုင်ပါတယ်။ ၎င်းထုတ်ကုန်များတွင်ယေဘူယျအားဖြင့် benzophenones, salicylates, titanium dioxide, zinc oxide များပါဝင်ပါတယ်။

SPF 30 နှင့်အထက်ပါသောခရင်မ်ကိုရွေးချယ်ပါ။

အရေပြားသည်နေရောင်ခြည်နှင့်၁၀မိနစ်လောက်ထိတွေ့ရုံ နှင့်လောင်ကျွမ်းနိုင်သောကြောင့် SPF no.ပါသောခရင်မ်ကို ရွေးချယ်သင့်ပါတယ်။ SPF no.သည် UVBမှဘယ်နှဆကာ ကွယ်နိုင်သည်ကို ဖော်ပြပါတယ်။ SPF 15 ပါသောခရင်မ် များသည် UVB မှ ၉၃% ကာကွယ်နိုင်ပြီး အရေပြား ကင်ဆာနှင့် အိုမင်းရင့်ရော်ခြင်းကိုတော့မတားဆီးနိုင်ပါဘူး။ SPF 30 သည် UVB မှ ၉၇%၊ SPF 50 သည် ၉၈%၊ SPF 100 သည် ၉၉% အသီးသီးကာကွယ်နိုင်ပါတယ်။

ရေစိုခံနေလောင်ခံခရင်မ်ကိုရွေးချယ်ပါ။

ရေစိုခံနေလောင်ခံခရင်မ်ဆိုသည်မှာ ရေစိုသော်လည်းမိနစ် ၄၀မှ၈၀ အထိအာနိသင်မပျယ်ခြင်းကိုဆိုလိုပါတယ်။ နေလောင်ခံခရင်မ်ကို ၂နာရီခြား တစ်ကြိမ်လိမ်းသင့်ပြီး ချွေး ထွက်ရေစိုလျှင်ပိုလိမ်းသင့်ပါတယ်။

သင့်အရေပြားနှင့်သင့်လျော်သောခရင်မ်ကိုရွေးချယ်ပါ။

ကလေးငယ်များအတွက်

ကလေးငယ်များ၏အရေပြားဟာထိခိုက်လွယ်သောကြောင့် လူကြီးသုံးသောခရင်မ်များနှင့်မတည့်နိုင်ပါဘူး။ ကုန်ပစ္စည်း တွင် para-aminobenzoic acid(PABA) သို့ benzophenones ပါဝင်ပါက ကလေးငယ်များတွင်မသုံး သင့်ပါဘူး။ ကလေးသုံးနေလောင်ခံခရင်မ်များတွင် titanium oxide နှင့် zinc oxide များပါဝင်ပါတယ်။

ထိခိုက်လွယ်သောအသားအရေပိုင်ရှင်များအတွက်

အရေပြားပြဿနာရှိပါက ကလေးသုံးနေလောင်ခံခရင်မ်များ ကိုအသုံးပြုသင့်ပါတယ်။ para-aminobenzoic acid(PABA) သို့ benzophenones၊ alcohol ပါသော ပစ္စည်းများကိုမသုံးသင့်ပါဘူး။ titanium oxide နှင့် zinc oxide ပါဝင်သောခရင်မ်ကိုအသုံးပြုသင့်ပါတယ်။

သင့်အသားအရေသည်ဝက်ခြံဖြစ်လွယ်ပါက ခရင်မ်ပုံစံကိုမ ရွေးချယ်သင့်ပါဘူး။

အသားခြောက်သူများအတွက်

အသားခြောက်သူများသည် moisturizer ပါဝင်သောခရင်မ် ကိုသုံးသင့်ပါတယ်။ ၎င်းတွင် အဆီများပါဝင်ပြီး ခရင်မ် သို့ lotions ပုံစံနှင့်ရနိုင်ပါတယ်။

အသားညိုသူများအတွက်

အသားညိုသူအများစုသည် နေလောင်ခံခရင်မ်သုံးခြင်းဖြင့် အသားအရေကိုမထူးခြားစေနိုင်ဟုယူဆသောကြောင့် သုံးဖို့ ငြင်းပယ်ကြပါတယ်။ သို့သော်လည်း လူတိုင်းနေလောင်၍ အသားအရေပျက်စီးနိုင်သောကြောင့်သုံးဖို့လိုအပ်ပါတယ်။ ဒါကြောင့်သင့်အသားအရေနှင့်လိုက်ဖက်သောနေလောင် ခံခရင်မ်ကိုရွေးချယ်လိုက်ပါ။

အသက်ကြီးသူများအတွက်

နေရောင်ကြောင့်အရေပြားပျက်စီးနိုင်သောကြောင့်အသက် အရွယ်မရွေးနေလောင်ခံခရင်မ်ကိုသုံးသင့်ပါတယ်။ နေရောင်ကြောင့် အရေးအကြောင်းများ၊ အမဲစက်များ ဖြစ် ပေါ်စေပြီး အိုမင်းရင့်ရော်စေနိုင်ပါတယ်။ အသက်ကြီးသူများ အတွက် စပရေးပုံစံနေလောင်ခံခရင်မ်က ပို၍အသုံးဝင်နိုင် ပြီး အသုံးပြုရလွယ်ကူစေနိုင်မှာပါ။

သင့်လျော်သောနေလောင်ခံခရင်မ်ရွေးချယ်ဖို့သိပ်တော့မ လွယ်ကူပါဘူး။ ဝယ်ဖို့မဆုံးဖြတ်မီသင့်အရေပြားအမျိုးအ စား၊ လိုအပ်ချက်နှင့် အညွှန်းကိုသေချာစွာဖတ်ရှုပါ၊

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly