မြေထဲပင်လယ်တွင် ရွှေ့ပြောင်းအခြေချ ၃၀၀၀ကို အီတလီရေတပ်က ကယ်ဆယ်ခဲ့ရ

မြေထဲပင်လယ်တွင် ရွှေ့ပြောင်းအခြေချ ၃၀၀၀ကို အီတလီရေတပ်က ကယ်ဆယ်ခဲ့ရ

ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောကြားချက်အရ သင်္ဘော၂၂စင်းထံမှ အကူအညီတောင်းခံချက်ကို လက်ခံရရှိပြီးနောက်တွင် အီတလီရေတပ်က သြဂုတ်လ ၂၁ရက်က မြေထဲပင်လယ်အတွင်း လှေတစ်ဒါဇင်ကျော်ပေါ် လိုက်ပါလာသည့် ရွှေ့ပြောင်းအခြေချ ၃၀၀၀ကို ကယ်ဆယ်ခဲ့ရသည်ဟု ဆိုသည်။

ကယ်ဆယ်ရေးကို ဆက်လက်လုပ်ဆောင်နေပြီး ယခုအချိန်အထိ ရွှေ့ပြောင်းအခြေချများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားရမည်ကို မဆုံးဖြတ်ရသေးကြောင်း ကမ်းခြေစောင့်တပ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဥရောပမှာ ဆီးရီးယားကဲ့သို့သော အရှေ့အလယ်ပိုင်းနိုင်ငံများကို စွန့်ခွာထွက်ပြေးလာခဲ့ကြသည့် ဒုက္ခသည်များက ရွှေ့ပြောင်းအခြေချများအဖြစ် အလုံးအရင်းနှင့် ဝင်ရောက်လာမှုကို ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းနေရသည်။

မြေထဲပင်လယ်မှာ ရွှေ့ပြောင်းအခြေချများအတွက် ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး ဖြတ်သန်းဇုန်ဖြစ်သည်။ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချဆိုင်ရာ အဖွဲ့အစည်း၏ ပြောကြားချက်အရ ယခုနှစ်တွင် လှေများဖြင့် ဥရောပသို့ ရောက်ရှိရန်ကြိုးစားရင်း မြေထဲပင်လယ်ထဲတွင် ရွှေ့ပြောင်းအခြေချ ၂၃၀၀ကျော် သေဆုံးခဲ့ရသည်ဟုဆိုသည်။

သြဂုတ်လ ၂၃ရက်နေ့တွင် မိုးရေများရွှွဲနစ်နေသည့် ရွှေ့ပြောင်းအခြေချ ထောင်ပေါင်းများစွာမှာ မက်စီဒိုးနီးယားနယ်စပ်ကို အလုံးအရင်းနှင့် ဖြတ်ကျော်လာကြရာ ရဲများက ၎င်းတို့ကို ဘောလကန်နိုင်ငံများမှ အနောက်ဥရောပသို့ စီးဝင်မှုကို တားဆီးရပ်တန့်ရနတ် အမိန့်ဒီဂရီအရ မေ့ဆေးဗုံးများဖြင့် ပစ်ခတ်၊ နံပါတ်တုတ်များဖြင့် ရိုက်နှက်ခဲ့ကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly