ဟောင်ကောင်တစ်ခွင် မီးခိုးမြူဖုံးလွှမ်းမှု ကြံုတွေ့နေ

ဟောင်ကောင်တစ်ခွင် မီးခိုးမြူဖုံးလွှမ်းမှု ကြံုတွေ့နေ

ဟောင်ကောင်၊ ဇန်နဝါရီ ၂၂ ။        ။ အထပ်မြင့်အဆောက်အအုံများဖြင့် မြို့အလှရှိနေသော ဟောင်ကောင်တွင် ဇန်နဝါရီ ၂၂ ရက်က မီးခိုးမြူဖုံးလွှမ်းမှု ရင်ဆိုင်ကြုံနေရာက မြို့နေများအား အိမ်တွင်းမှာပင် နေကြရန် ဆော်သြထားသည်။

ဆောင်းကာလ ရာသီလများတွင် လေတိုက်လမ်းကြောင်းနှင့် ရာသီအခြေအနေတို့ကြောင့် ဟောင်ကောင်နှင့် ဒေသတွင်း အခြားနယ်မြေများတွင် ဆိုးဝါးသော လေထုမျိုး ကြုံတွေ့လေ့ရှိမြဲဖြစ်သည်။

သို့သော် မီးခိုးမြူဖုံးထားသော မိုးမျှော်အဆောက်အအုံများ၊ ဆိပ်ကမ်းများနှင့် တောင်ကုန်းများကြောင့် ဒေသခံများမှာ ၎င်းတို့၏ ကျန်းမာရေးအတွက် စိုးရိမ်မကင်း ဖြစ်လာနေရသည်။

“မွန်းကျပ်သလို လေမဝသလို ခံစားရတယ်။ ပိုပြီး အသက်ရှုရ ခက်လာသလိုပဲ။”ဟု အသက် ၃၂ နှစ်ရှိ အဲလ်ဆာချောင်က ပြောသည်။

“မီးခိုမြူဖုံးတာကြောင့် မျက်နှာဖုံးတပ်လည်း လေထုက အမှုန့်အမွှားတွေကို ကာကွယ်နိုင်ရဲ့လား သံသယဖြစ်မိတယ်။ ဒါကြောင့် တတ်နိုင်သမျှ အပြင်မထွက်ဘဲ နေတယ်။”ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီ ၂၂ ရက်က ဟောင်ကောင်၏ လေထုအရည်အသွေးသည် ကမ္ဘာ့လေထုအရည်အသွေးအညွှန်းကိန်းအရ ကျန်းမာရေးအတွက် ဆိုးသော အဆင့်သို့ ရောက်နေသည်။

PM ဟုခေါ်သော လေထုထဲ အမှုန်အမွှား ပါဝင်မှုက PM 2 . 5 အဆင့်ထိ ရှိခြင်းကြောင့် တစ်ကုဗမီတာတွင် အမှုန်အမွှား ၁၉၈ မိုက်ခရိုဂရမ် ပါဝင်နေခြင်းအဖြစ် သတ်မှတ်နိုင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က လေထုအတွင်း အမှုန်အမွှား ပါဝင်မှု နှုန်းထားကို ၂၄ နာရီကာလအတွင်း တစ်ကုဗမီတာ၌ ၂၅ မိုက်ခရိုဂရမ်သာ အများဆုံး ရှိသင့်သည်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ကာလအတွင်း လေထုအရည်အသွေး အန္တရာယ်အဆင့်အထိ ရောက်ရှိနေခဲ့သော တရုတ်နိုင်ငံမှာမူ ပျမ်းမျှအားဖြင့် WHO ၏ ရှိသင့်သည် သတ်မှတ်သော နှုန်းထား ၂၅ မိုက်ခရိုဂရမ်တွင် ရှိလာ၍ အဆင့်ကောင်းမွန်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly