ဖြူးမြို့အနီး ပဲခူးရိုးမတွင် အင်အားအနည်းငယ်ရှိ ငလျင်လှုပ်

ဖြူးမြို့အနီး ပဲခူးရိုးမတွင် အင်အားအနည်းငယ်ရှိ ငလျင်လှုပ်
ဓာတ်ပုံ - မြန်မာနိုင်ငံမြေငလျင်ကော်မတီ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ။              ။ ဖြူးမြို့အနောက်ဖက် ပဲခူးရိုးမအတွင်း၌ အင်အားအနည်းငယ်ရှိ  ၄.၉ ရစ်ချက်တာစကေး အဆင့် ငလျင်တစ်ခု ယနေ့ ဇန်နဝါရီလ ၂၂ ရက်၊ နေ့လည် ၂ နာရီခန်တွင့် လှုပ်သွားခဲ့ကြောင်း သိရသည်။

ဖြူးမြို့အနောက်တောင်ဘက် ၂၅ မိုင်အကွာကို ဗဟိုပြုလှုပ်ရှားခဲ့ပြီး ဇန်နဝါရီလ ၁၂ ရက်က လှုပ်ခဲ့သည့် ပမာဏ ၆.၀ ငလျင်၏ နာက်ဆက်တွဲ ငလျင်တစ်ခုသာ ဖြစ်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ထုတ်ပြန်ထားသည်။

အဆိုပါ ပဲခူးရိုးမငလျင်သည် ပဲခူးရိုးမ မြင့်တက်မှု ဖြစ်စဉ်အတိုင်း ရဲနွယ်ပြတ်ရွေ့ဟု ယာယီအမည်ပေးထားသည့် ပြတ်ရွေ့တလျောက် ပွတ်တိုက်တွန်းတက်မှုမှ တဆင့် ဖြစ်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါမြေငလျင်ကို ကမ္ဘာအေးမြေငလျင်စခန်းမှ တိုင်းတာရရှိခဲ့ပြီး အနောက် ၂၉ ကီလိုမီတာ ကို ဗဟိုပြုလှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

နောက်ဆက်တွဲငလျင်များ၏ အစပျိုးငလျင်ကို ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်အစောပိုင်း ၁၂ နာရီ၊ ၅၆ မိနစ် အချိန်တွင် ဖြူးမြို့၏ အနောက်၊ အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြုကာ အင်အားရစ်ချက်တာ စကေး ၆.၀ အဆင့်ဖြင့် လှုပ်ခတ်ခဲ့ပြီးနောက် မြေငလျင်ငယ် ၁၀ ခုကျော် ထပ်မံလှုပ်ခဲ့ပြီးအများစုမှာ ဖြူးမြို့အနီး ဗဟိုပြု လှုပ်ခတ်ခြင်း ဖြစ်သည်။

ငလျင်ငယ်များမှာ အင်အား ၃.၉ အဆင့်မှ ၆.၀ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယနေ့ နောက်ဆုံး အင်အား၄.၉ ရစ်ချက်တာစကေးအဆင့် လှုပ်ခတ်သွားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly