ဒါရိုက်တာ ၀င်းထွန်းထွန်း ၏ အနုပညာပြချက် ကို မြင်တွေ့ရမည့် ငယ်ကျွန် ရုပ်ရှင်ဇာတ်ကား

ဒါရိုက်တာ ၀င်းထွန်းထွန်း ၏ အနုပညာပြချက် ကို မြင်တွေ့ရမည့် ငယ်ကျွန် ရုပ်ရှင်ဇာတ်ကား

 

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၂ ။                 ။ ရုံတင်မပြသသည်မှာ နှစ်ချီကြာခဲ့ပြီ ဖြစ်သည့် ဒါရိုက်တာ ဝင်းထွန်းထွန်း ၏ ငယ်ကျွန် ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီ ၂၆ရက်တွင်   မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် စတင် ရုံတင် ပြသတော့မည် ဖြစ် သည်။

ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားအထူးပြသပွဲကို ဇန်နဝါရီ ၂၁ရက်တွင် ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ် ခဲ့ပြီး ဒါရိုက်တာ ၊ သရုပ်ဆောင်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ စာနယ်ဇင်း မီဒီယာများ တက်ရောက် ခဲ့ကြသည်။

မေတ္တာရောင်ပြန် ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဇာတ်လမ်း မြိတ်တင်အောင် ၊ ဇာတ်ညွှန်း အင်ကြင်းဟန် ဖြစ်ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးထားကာ သရုပ်ဆောင်များအဖြစ် လူမင်း ၊ အောင်ရဲလင်း ၊ စိုးမြတ်သူဇာ ၊ ရွှေမှုံရတီ တို့က အဓိက သရုပ်ဆောင်ထားကြသည်။

ထိုရုပ်ရှင်ဇာတ်ကား သည် ဒရာမာ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ရိုက်ကူးရန် ၂လကြိုတင် ပြင်ဆင်ခဲ့ကာ ပါဝင်သည့် သရုပ်ဆောင်များမှလည်း ကျရာနေရာတွင် အကောင်းဆုံး သရုပ်ဆောင်မှုများ   ပြုလုပ်ထားပြီး ရသတစ်မျိုး ပေး မည့် ဇာတ်ကားတစ်ကား ဖြစ်သည်။

လွမ်းမောဖွယ် ၊ နာကျည်းဖွယ် အချစ်တို့၏ အားပြိုင်မှုတို့ဖြင့် ခြယ်မှုန်းထားသလို ၁၅၀၀ အချစ် နှင့် မိဘမေတ္တာ ကြား လွန်ဆွဲမှုတွေကို ပရိသတ်များ ကြည့်ရှုရမည် ဖြစ်ကာ ထိုဇာတ်ကားတွင် သရုပ်ဆောင် အောင်ရဲလင်း သည် ပုံစံနှစ်မျိုးဖြင့် သရုပ်ဆောင်ထားသည်။

ငယ်ကျွန် ရုပ်ရှင်ဇာတ်ကား၏ အဓိက ဇာတ်ဝင်တေးသီချင်းကို တေးရေး ဇဝါ က ရေးသားပေးထားခြင်း ဖြစ်ပြီး အဆိုတော် ဂျီလတ်က သီဆိုပေးထားခြင်းဖြစ်ကာ Immortal Band မှ တီးခတ်ပေးထားသည့် ဇာတ်ဝင်တေး တစ်ပုဒ် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly