ဘင်္ဂါလီများ နေရာပြန်လည်ချထားရေး ဇန်နဝါရီ ၂၃ ရက်တွင် မစတင်နိုင်သေးဟု ဘင်္ဂလားဒေ့ရှ်ပြော

ဘင်္ဂါလီများ နေရာပြန်လည်ချထားရေး ဇန်နဝါရီ ၂၃ ရက်တွင် မစတင်နိုင်သေးဟု ဘင်္ဂလားဒေ့ရှ်ပြော
ဓာတ်ပုံ - ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ထွက်ပြေးလာကြသည့် ရခိုင်မြောက်ပိုင်းက ဘင်္ဂါလီများ (UNHCR/Adam Dean)

 

စီစဉ်ဆောင်ရွက်ထားမှုများ ပြည့်စုံမှု မရှိသေးခြင်းကြောင့် ဘင်္ဂါလီများ(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) အား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးကို ဇန်နဝါရီ ၂၃ ရက်တွင် စတင်ရန် စီစဉ်ထားမှုကို အကောင်အထည် ဖော်နိုင်ဦးမည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောသည်။

“လိုအပ်တာတွေ တော်တော်များများ ရှိနေသေးတယ်”ဟု ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ ပြန်လည်ထူထောင်ရေးနှင့် နေရပ်ပြန်လည်ချထားရေး ကော်မရှင်နာမင်းကြီး အဘူကယ်လမ်းက ဇန်နဝါရီ ၂၂ ရက်တွင် ရိုက်တာသို့ ဖုန်းမှတစ်ဆင့် ပြောကြားသည်။

“ပြန်ပို့မယ့် လူစာရင်းက ပြင်ဆင်မပြီးစီးသေးဘူး။ သူတို့ရဲ့ သက်သေခံကတ်ပြားတွေ၊ အကူးအပြောင်းစခန်းတွေ တည်ဆောက်မှုတွေ လုပ်ဆောင်ဖို့ လိုနေသေးဆဲဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်အရ မြန်မာနိုင်ငံသည် နှစ်နိုင်ငံ နယ်စပ်အနီးတွင် ယာယီစခန်းတစ်ရပ်နှင့် ပြန်လည်လက်ခံရေး စင်တာနှစ်ခုမှနေ၍ ဘင်္ဂါလီများကို ဇန်နဝါရီ ၂၃ ရက်မှ စတင်ကာ လက်ခံပြီး နှစ်နှစ်အတွင်း လက်ခံရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်သွားဖို့ရန် သဘောတူထားခဲ့ကြခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required