မမြုပ်နှံဘဲ ရှိနေသည့် ဂျီဟတ်ရုပ်အလောင်းများကြောင့် ညစ်ညမ်းအဆိပ်အတောက်ဖြစ်နေသည့် မိုဆူးလ်မြို့

မမြုပ်နှံဘဲ ရှိနေသည့် ဂျီဟတ်ရုပ်အလောင်းများကြောင့် ညစ်ညမ်းအဆိပ်အတောက်ဖြစ်နေသည့် မိုဆူးလ်မြို့

မိုဆူးလ်၊ ဇန်နဝါရီ ၂၁ ။       ။ လွန်ခဲ့သော သုံးနှစ်က အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို ဂျီဟတ်ဝါဒီများက မဖြစ်နိုင်စွာဘဲ သိမ်းပိုက်ခဲ့သည်။ ၎င်းတို့ ရှုံးနိမ့်ပြီး ခြောက်လတာ လက်ရှိကာလတွင် ၎င်းဂျီဟတ်သမားများ၏ ရုပ်အလောင်းများကို ဖယ်ရှားရှင်းလင်းချင်သူ တစ်ဦးမျှ မရှိသဖြင့် မြို့နေတိုင်းအတွက် လေထုညစ်ညမ်းကာ အဆိပ်အတောက်ဖြစ်နေရသည်။

မြို့၏ သမိုင်းဝင်အချက်အခြာနေရာသို့ သွားလာဝင်ဝံ့သူ ရှားရှားပါးပါး အနည်းအကျဉ်းမှာလည်း အပုပ်နံများအတွက် နှာခေါင်းနှင့် ပါးစပ်တို့ကို စည်းနှောင်ပိတ်ဖုံးပြီးမှ ဝင်ရောက်ကြခြင်းဖြစ်သည်။

တီဂရစ်မြစ်ကို ကျော်လွန်ကာ ဝင်သွားမိသည်နှင့် အုတ်ပုံသဖွယ် မြို့တွင် မြေမြုပ်ခြင်းမရှိ မြေပေါ်အတိုင်းသာရှိနေသည့် ရုပ်အလောင်းများက ပုပ်သိုးဆွေးမြေ့နေသည်။

ထိုရုပ်အလောင်းများမှာ အိုင်အက်စ်အုပ်စု ဂျီဟတ်များ၏ ရုပ်အလောင်းများပဲ ဖြစ်ကြောင်းကို အာဖဂန်ဝတ်ရုံများ၊ မုတ်ဆိတ်ရှည်များနှင့် တစ်ခါတစ်ရံ အသေခံဗုံးခါးပတ်များ ဝတ်ဆင်လျက် ရှိသည်ကို ထောက်ပြကာ ဒေသခံများနှင့် မြို့ပြကာကွယ်ရေးအဖွဲ့တို့က ပြောသည်။

ဟိုဟိုသည်သည် တွေ့နိုင်သည်မှာလည်း နံရံများ၊ လမ်းပြဆိုင်းပုဒ်များတွင် “အစ္စလာမ္မစ်နိုင်ငံတော် ပြည်သူတွေအတွက် ရာစုနှစ်”ဟူသော စာသားကို အာရေဗျဘာသာဖြင့်   ရေးသားထားသည်များကို   တွေ့ရသည်။

အိုင်အက်စ်ဂျီဟတ်တို့သည် အီရတ်နိုင်ငံ၏ ဒုတိယမြို့တော် မိုဆူးလ်မြို့အား ၂၀၁၄ ဇူလိုင်လအတွင်းက သိမ်းပိုက်ခဲ့ကာ အစ္စလာမ္မ်မစ်နိုင်ငံတော် ပြုခဲ့သည်။

၂၀၁၇ ဇူလိုင်တွင် မိုဆူးလ်မြို့ သိမ်းပိုက်ရေး တိုက်ပွဲ အောင်မြင်ကြောင်း အီရတ်တပ်ဖွဲ့ဝင်များက ကြေညာခဲ့သည်။ တိုက်ပွဲများ လများစွာဖြစ်ပွားပြီး အရပ်သားများ ရာနှင့်ချီ သေဆုံးကာ ထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရပြီးနောက် ယခုကဲ့သို့ လက်ရပြန်လည်သိမ်းပိုက်နိုင်ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required