ပဋိပက္ခ အလွန်‌ ယ‌နေ့မိတ္ထီလာ

ပဋိပက္ခ အလွန်‌ ယ‌နေ့မိတ္ထီလာ

 

ပဋိပက္ခဒေသဖြစ်ခဲ့တဲ့ မိတ္ထီလာဟာ ရာခိုင်‌နှုန်‌းပြည့်နီးပါး ‌အေးချမ်‌း‌နေပါပြီ။ ကုန်‌‌ရောင်‌းကုန်‌သွယ်‌မှု‌တွေ ပုံမှန်‌လည်‌ပတ်‌‌၊ ။ မူစလင်‌ဆိုင်‌၊ ဗမာဆိုင်‌မခွဲခြားဘဲ ‌ဈေး‌ရောင်‌း၊ ‌ဈေးဝယ်၊ သွားလာလှုပ်ရှား‌‌နေကြပါတယ်‌။ ဆိုင်‌ကယ်‌ကယ်‌ရီဆွဲ‌နေသူ‌တွေ၊ ‌ဘောလုံးကန်‌‌နေကြသူ‌တွေ၊ နာမည်ကျော် မိတ္ထီလာကန်‌‌ဘောင်‌‌ပေါ် လမ်‌း‌လျှောက်‌‌နေကြသူတွေကို ‌တွေ့ရပါတယ်‌။

အ‌ခြေအ‌နေ‌တွေ တည်‌ငြိမ်‌လာဖို့ မိတ္ထီလာမှာရှိတဲ့ အဖွဲ့အစည်‌း ‌ခေါင်‌း‌ဆောင်‌‌တွေ၊ ဘာသာ‌‌ရေး‌ခေါင်‌း‌ဆောင်‌‌တွေက ခက်‌ခက်‌ခဲခဲ တည်‌‌ဆောက်‌ခဲ့ကြ ရတယ်‌လို့ ၈၈ ငြိမ်‌းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ မိတ္ထီလာတာဝန်‌ခံ ဦးထိန်‌းမင်‌းခိုင်‌က ဆိုပါတယ်‌။

"မိတ္ထီလာမှာ‌ ၂ဝ၁၃ ပဋိပက္ခ အကြီးကြီးဖြစ်‌တယ်‌၊ လူ‌တွေ‌သေတယ်‌၊ အိုးအိမ်‌‌တွေ ဆုံးရှုံးတယ်‌၊ စီးပွား‌ရေး ပျက်စီးသွားတယ်‌။ အဲ့ဒီလိုမျိုး အဖြစ်‌အပျက်‌မျိုးကို မိတ္ထီလာသူ၊ မိတ္ထီလာသားအ‌နေနဲ့ ဒီဟာကို‌တော့ ဘယ်‌သူမှ ထပ်‌ပြီး‌တော့ မကြုံချင်‌ကြ‌တော့ဘူး။ ဖြစ်‌လာရင်‌ ဆုံးရှုံးမှုဟာ အတူတကွ ကြုံကြရတယ်‌။ ပဋိပက္ခကို တားဆီးမယ်‌့သူ‌တွေ အဲ့‌ဒီနောက်‌ပိုင်‌း စုစည်‌းမိလာတယ်‌" လို့ ဦးထိန်မင်းခိုင်က မိတ္ထီလာ ငြိမ်‌း/ပွင်‌့ရုံးမှာထိုင်‌ရင်‌း ရှင်‌းပြပါတယ်‌။

ဦးထိန်မင်းခိုင် အပါအဝင် မကြာသေးခင်က တွေ့ဆုံခဲ့ရတဲ့ ဒေသခံ အများအပြားက  မိတ္ထီလာ ပြန်လည်တည်ငြိမ်လာခြင်း အကြောင်းရင်းထဲမှာ ဘာသာပေါင်းစုံအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့တွေ ညီညီညွတ်ညွတ်ဆောင်ရွက်ခြင်းကလည်း အရေးပါတဲ့ အချက်တစ်ခု ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဘာသာ‌ပေါင်‌းစုံ အဖွဲ့အစည်‌း‌တွေဟာ ပုံမှန် စု‌ဝေး‌ဆွေး‌နွေးကြပြီး မိတ္ထီလာ‌ရှေ့‌ရေးအတွက်‌ ‌ဆွေး‌နွေးလျက်‌ရှိကြောင်း ရတနာ‌မောင်‌ရပ်‌ကွက်‌ ဟိန္ဒူမယ်‌‌တော်‌ကြီး‌ကျောင်‌း အတွင်‌း‌ရေးမှူးဦးဘိုက ပြောပါတယ်။

"ဘာသာ‌ပေါင်‌းစုံ‌ သင်‌့သင်‌့မြတ်‌မြတ်‌နဲ့ပဲ အတူတူတွဲပြီး ‌နေ‌နေကြ၊ သူဟာသူ ထိန်‌းသွားကြတာ‌ပေါ့။ အားလုံး ‌အေး‌အေးချမ်‌းချမ်‌းပဲ ရှိတယ်‌" လို့ ဦးဘိုက ဆိုပါတယ်‌။

၂ဝ၁၃ ပဋိပက္ခအတွင်‌း မူစလင်‌ ၈ဝဝ‌ ကျော်‌ကို ဘုန်းကြီးကျောင်းထဲ ခိုလှုံခွင့်ပေး‌ပြီး ကူညီ၊ ကယ်‌တင်‌ခဲ့တဲ့ ဦးဝိသုဒ္ဓကမညီညွှတ်တဲ့အနေအထားဟာ အနိဋ္ဌာရုံတွေ ဖြစ်ပေါ်စေတယ်လို့ မိန့်ပါတယ်။ 

"ကွဲပြား‌နေတဲ့ဥစ္စာကို ဒို့က စည်‌းလုံးသွား‌တဲ့အခါကျ‌တော့ ဒါက‌တော့ ညီညွှတ်‌တဲ့ဟာက မြင်‌ရတဲ့သူလည်‌း စိတ်‌ချမ်‌းသာသလို၊ တစ်‌ဦးနဲ့တစ်‌ဦး ချစ်‌ချစ်‌ခင်‌ခင်‌‌နေ‌တော့ သူတို့လည်‌း အကျိုးရတာ‌ပေါ့ကွာ" လို့ ရတနာဦး‌ကျောင်‌းမှာ သွား‌ရောက်‌‌တေ‌ွ့ဆုံစဉ်‌ မိန့်ပါတယ်‌။ ဦးဝိသုဒ္ဓဟာ မိတ္ထီလာ ပြန်လည် နာလန်ထူရေးအတွက် အဓိက‌နေရာက‌နေ အကူအညီ‌‌များစွာ ပေး‌ခဲ့သူပါ။

မိတ္ထီလာ ပဋိပက္ခအတွင်‌း ၄၃ ဦး‌သေဆုံး၊ ၈၆ ဦး ဒဏ်ရာရ၊  ၉,ဝဝဝ ကျော် ကယ်ဆယ်‌‌ရေးစခန်‌း‌တွေမှာ ‌နေထိုင်ခဲ့ရပါတယ်။  ဧက ၄ဝ ‌ကျော် မီ‌း‌လောင်‌ပြင်မှာ မီးဘေးသင့်အိမ် ၁၂ဝ ကျော်ခဲ့ပါတယ်။ ပြည်ထဲ‌ရေးဌာနနဲ့ မန္တလေးတိုင်‌း‌ဒေသကြီး အစိုးရရဲ့ ထုတ်ပြန်ချက်အရဆိုရင် ဒီပဋိပက္ခဟာ ၁၅ မြို့နယ်ထိ ပျံနှံ့ခဲ့တယ်၊ ဖမ်းဆီးအရေးယူခဲ့တဲ့ အရေအတွက် ၆၈ ဦး ရှိခဲ့ပါတယ်။

လက်ရှိ အခြေအနေ

မိတ္ထီလာ ပြန်လည်အေးချမ်‌း‌နေ‌ပေမယ်‌့ ဗလီ‌တချို့ ပိတ်‌ထားဆဲပါ။ မူစလင်လူကြီးပိုင်‌းတချို့က‌တော့ဘာသာ‌ရေး‌အဆောက်အအုံတွေ ပိတ်ပင်ခံထားရခြင်းဟာ အခြေအနေဆိုးကို တွန်းပို့သလို   ဖြစ်နေတယ်လို့မှတ်ချက်ပေးကြပါတယ်။ ဒိုဘီကုန်‌းရပ်‌ကွက်‌က ဗလီဆိုရင် ‌သောကြာ‌နေ‌့ရောက်‌တိုင်‌း မနက်‌နဲ့ ‌နေ့လယ် နှစ်‌ပိုင်‌းခွဲပြီး ဝတ်‌ပြု‌နေကြတာ ‌တွေ့ရပါတယ်‌။

သီရိမင်္ဂလာနယ်‌‌မြေ၁၆ နေဦးငယ်‌‌လေး အပါအဝင်မူစလင်‌ အများအပြားကမိတ္ထီလာမှာ ဗလီ ၁၃ လုံးရှိပြီး ၅ လုံးသာ ဖွင်‌့ခွင်‌့‌ပေးထားတယ်၊ ဝတ်‌ပြုရာမှာ လူဦး‌ရေများလွန်‌းတာ‌ကြောင်‌့ အခက်အခဲ ရှိ‌နေတယ်‌လို့ ဆိုကြပါတယ်‌။

"(ဗလီ) မရှိဘူးဆိုရင်‌ ဒီလူ‌တွေဟာ ထိန်‌းသိမ်‌းလို့ မရဘူး။ အရက်‌ဆိုင်‌လည်‌း ‌ရောက်‌မှာပဲ။  ဖဲဝိုင်‌းကိုလည်‌း ‌ရောက်‌မှာပဲ။ ဗလီ‌လေးတစ်‌ခု၊ ဘုရား‌ကျောင်‌းကန်‌‌လေး တစ်‌ခုရှိတယ်‌‌ဟေ့ဆိုရင်‌ ဒီဥစ္စာကို ထိန်‌းသွားလိမ်‌့မယ်‌" လို့ ဦးငယ်လေးက  ‌ပြောပြပါတယ်။

ဗလီ‌အများအပြားကို ပိတ်‌ထားတာနဲ့ ပတ်‌သက်‌ပြီး မိတ္ထီလာ အုပ်‌ချုပ်‌‌ရေးပိုင်‌းကို သွား‌ရောက်‌‌မေးမြန်‌း‌ပေမယ်‌့ တစ်‌စုံတစ်‌ရာ မှတ်‌ချက်‌‌ပေး ‌ဖြေကြားခြင်‌း မရှိကြပါဘူး။

ရန်‌မျိုး‌အောင်‌ ၁၄ နယ်‌‌မြေက ဦး‌ဇော်‌မိုး အပါအဝင်မူစလင်‌တချို့ကတော့ သူတို့‌နေအိမ်‌မှာ သွားရောက် နေထိုင်ဖို့ အခြေအနေ မရှိကြသေးပါဘူး။

"ကျွန်တော်‌့‌နေရာ‌လေးကို ‌အေးချမ်‌းစွာနဲ့ ပြန်‌‌နေချင်‌တာ‌ပေါ့။ ပြန်‌‌ရောင်‌းရင်‌‌တော့ ‌ရောင်‌းလို့ရတယ်‌။ ‌နေရင်‌‌တော့ လုံခြုံ‌ရေးတာဝန်‌ မယူဘူးဆို‌တဲ့ ပုံစံမျိုးလို ဖြစ်‌‌နေတယ်‌‌" လို့ ဦးဇော်မိုးက ဆိုပါတယ်‌။ သူနဲ့အတူ မူစလင်‌ ၅၈ ဦးထိ အိမ်ယာ ပြန်မရ‌သေးဘူးလို့ ဆိုပါတယ်‌။

မူစလင်‌‌အများစု‌ရှိတဲ့ သီရိမင်္ဂလာရပ်‌ကွက်‌မှာ‌တော့ ဒေသခံတွေ  ပြန်‌လည်‌အ‌ခြေခ‌ျ ‌နေထိုင်‌‌နေတာ ‌တွေ့ရပါတယ်‌။

မူစလင်‌‌တွေနဲ့ဗုဒ္ဓဘာသာ‌‌တွေအများဆုံး ပြန်လည်‌‌နေရာချထား‌ပေးတဲ့ ချမ်‌း‌အေးသာယာရပ်ကွက်မှာတော့ အခက်အခဲ မရှိပါဘူး။ ဒီ‌နေရာမှာမူစလင်၄,ဝဝဝ ‌‌ကျော် ၊ဗုဒ္ဓဘာသာဝင် ၁,ဝဝဝ ‌‌ကျော်ထိ   ‌ပြန်‌ရောက်လာပြီဖြစ်ကြောင်း ‌‌နေရာချထား‌ရေးမှာပါဝင်ခဲ့တဲ့ဦးသန်‌းမိုးကရှင်းပြပါတယ်။

"ချမ်‌း‌အေးသာယာက အကုန်‌‌နေတယ်‌။ ဗုဒ္ဓဘာသာ‌ရော၊ မူစလင်‌‌ရော အကုန်‌ပြန်‌‌နေတယ်‌။ အရင်‌ပုံမှန်‌အတိုင်‌းပဲ‌ပေါ့။ သူတို့လည်‌း သူတို့အပိုင်‌းမှာ သူတို့‌ပြောတယ်‌။ ကျွန်တော်‌တို့လည်‌း ကျွန်တော်‌တို့ ပတ်‌သက်‌ရာ ပတ်‌သက်‌‌ကြောင်‌း သာ‌ရေး၊ နား‌ရေးလည်‌း ဖိတ်‌တယ်‌။ ကျွန်တော်‌တို့လည်‌း သွားတယ်‌" လို့ ဦးသန်းမိုးက သူ့အိမ်‌မှာ‌တွေ့ဆုံစဉ်‌ ‌ပြောပါတယ်‌။

ဦးသန်းမိုးတို့ ရပ်ကွက်နဲ့ တချို့ရပ်‌ကွက်‌‌က မူစလင်‌‌တွေဟာ လွတ်‌လပ်‌‌ရေး‌‌နေ့ အထိမ်‌းအမှတ်‌အဖြစ်‌ ‌ဘောလုံးပွဲတွေကို ကြိုတင် ကျင်‌းပ‌‌ခဲ့တာ ‌တွေ့ရပါတယ်‌။ ဒါက လက်‌ရှိ မိတ္ထီလာရဲ့ တစ်‌ပိုင်‌းတစ ပုံရိပ်‌ပါ။ ဘာသာ‌ပေါင်‌းစုံ ညီညွှတ်‌‌ရေးကို ‌ရှေးရှုတဲ့အစီအစဉ်တွေလည်‌း  ရှိပါတယ်‌။ ပြီးခဲ့တဲ့ တ‌န်ဆောင်‌တိုင်‌ မီး‌မျှောပွဲ‌တော်‌ကစလို့ ဘာသာ‌ပေါင်‌းစုံပွဲ‌တော်‌‌တွေ မိတ္ထီလာမှာ လုပ်‌ဖြစ်‌လာကြပါတယ်‌။ တစ်‌ဘာသာချင်‌းစီအလိုက်‌ဘာသာ‌ရေးအ‌ဆောက်‌အဦးတစ်‌ခုစီမှာ အလှည်‌့ကျ‌တွေ့ဆုံကြပြီး ဒေသဖွံ့ဖြိုး‌ရေးအစီအစဉ်‌‌တွေကို ပူးပေါင်း ဆောင်ရွက်လျက်‌ ရှိပါတယ်‌။ အရပ်‌ဖက်‌ အဖွဲ့အစည်‌း‌တွေကလည်း ဘာသာ‌ပေါင်‌းစုံ ယှဉ်‌တွဲ‌နေထိုင်‌‌ရေး အသိပညာ‌တွေ‌ဖြန့်‌ဖြူး ‌ပေး‌နေတာပါ။

မိတ္ထီလာမှာ သတင်‌းလိုက်‌ခဲ့စဉ်‌ လမ်‌းပြပို့‌ဆောင်‌ခဲ့သူတွေထဲက မူစလင်‌လူငယ်‌တစ်‌ဦးကတော့ သူ့အ‌ပေါင်‌းအသင်‌း‌တွေက သူ့ကို ယ‌နေ့ထိ အ‌ခေါ်အ‌ပြော မလုပ်‌‌ဘူးလို့ ဆိုင်‌ကယ်‌‌မောင်‌းရင်‌း ရင်‌ဖွင်‌့‌ပြောပြပါတယ်‌။

မကြာသေးခင်က ဖွဲ့စည်‌းခဲ့တဲ့ Equity for All(EfP) မှ အဓိကအဖွဲ့ဝင် ‌တစ်‌ဦးဖြစ်‌တဲ့ ကိုသီဟသင်‌းလှိုင်‌က‌တော့ လူငယ်‌‌အချို့ဟာလည်‌း ဘာသာ‌ပေါင်‌းစုံက လူငယ်‌‌တွေနဲ့ စုစည်‌းကာ မြို့တည်‌ငြိမ်‌ဖို့ တတ်နိုင်‌သ‌လောက်‌ ကူညီ‌နေတယ်‌လို့ ဆိုပါတယ်‌။  သူတို့အဖွဲ့က အင်တာနက်လူမှုကွန်‌ရက်‌က‌နေ ဒေသတွင်း သတင်‌းမှား‌တွေ့ရှိရင်‌ ပူး‌ပေါင်‌း‌ဖြေရှင်‌းနေတာပါ။

"အ‌ခြေအ‌နေမှန်‌ကို လူငယ်‌အချင်‌းချင်‌းကြားမှာ ကူညီနိုင်‌တဲ့ အ‌ခြေအ‌နေမှာ‌တော့ ရှိတယ်‌" လို့ ပြောပြပါတယ်‌။

လူငယ်‌အချို့လည်‌း ညပိုင်‌း‌တွေမှာ မိတ္ထီလာကန်‌‌ဘောင်‌မှာ အပန်း‌‌ဖြေကြတာ ‌တွေ့ရပါတယ်‌။  မြို့ရဲ့ အထင်ကရ ဓမ္မသုခ‌ရွှေစည်‌းခုံဘုရားဟာလည်‌း  လာ‌ရောက်‌ဖူး‌မျှော်‌သူ‌တွေနဲ့ စည်‌ကားပါတယ်‌။ မြို့ထဲပိုင်‌းမှာ ရုံရှင်‌ရုံ ဖွင်‌့ထားပြီမို့ မြို့ညပိုင်‌းဟာ ယခင်‌ထပ်‌ပိုစည်‌ လာပါပြီ။ ဒါက မိတ္ထီလာမြို့ အေးချမ်‌းမှုနဲ့ တိုက်‌ရိုက်‌ဆက်‌စပ်‌‌ နေတယ်‌လို့ မိတ္ထီလာ NLD သတင်‌းပြန်‌ကြား‌ရေး တာဝန်‌ခံကိုချမ်‌းငြိမ်‌းထွန်‌းက ဆိုပါတယ်‌။ ရုပ်‌ရှင်‌ရုံ ပြန်‌ဖွင်‌့ထားတာ‌ကြောင်‌့ ညပိုင်‌း ၁ဝ ရီခွဲထိတိုင်‌ မြို့‌ပေါ်မှာ လူစည်‌းကားလျက်‌ ရှိပါတယ်‌။ မိုဘိုင်‌းဆိုင်‌၊ အထည်‌ဆိုင်‌၊ စက်‌ပစ္စည်‌းဆိုင်‌၊ လျှပ်‌စစ်‌ဆိုင်‌၊ ထမင်‌းဆိုင်‌၊ စား‌သောက်‌ဆိုင်‌‌တွေဟာလည်‌း အဲ့ဒီအချိန်‌ထိ ဖွင်‌့ထားတာကို ‌တွေ့ရပါတယ်‌။

ရခိုင်ဒေသနဲ့ နှိုင်းယှဉ်ခြင်း

မိတ္ထီလာဟာ ၂ဝ၁၃ ပဋိပက္ခပြီး‌နောက်‌ပိုင်‌း ပဋိပက္ခတစ်‌ခုမှ ထပ်‌ဖြစ်‌‌ပေါ်ခဲ့ခြင်‌း မရှိပါဘူး။ အရပ်‌ဖက်‌လူမှုအဖွဲ့အစည်‌‌းတွေ၊ ဘာသာ‌ပေါင်‌းစုံအဖွဲ့‌တွေနဲ့ ပူး‌ပေါင်‌း‌ဆောင်‌ရွက်‌လျက်‌ ရှိရာမှာ လက်‌ရှိမှာ‌တော့ တည်ငြိမ်‌‌အေးချမ်‌း ‌နေပါပြီ။ ရခိုင်‌ပြည်‌မှာ‌တော့ ၂ဝ၁၂ ပဋိပက္ခပြီးတည်‌းက ယ‌နေ့ထိ ဆက်‌တိုက်‌ ဖြစ်‌ခဲ့ပါတယ်‌။ ယ‌နေ့ထိ ရခိုင်‌ပြည်‌မြောက်‌ပိုင်‌းဟာ မတည်‌ငြိမ်‌နိုင်‌‌သေးပါဘူး။ မိတ္ထီလာနဲ့ ရခိုင်‌အ‌ရေးက ဘာ‌ကြောင်‌့မတူတာလဲ။ RFP ရဲ့ အဖွဲ့ဝင်‌ ‌ဒေါ်ဝင်‌းမာဦးက ဒေသခံတွေက စိတ်သွားတိုင်းကိုယ်ပါဖို့ အခြေအနေ ပေးသေးဟန် မတူဘူးလို့ သုံးသပ်ပါတယ်။

"ငြိမ်‌းချမ်‌း‌ရေး‌ဖော်‌‌ဆောင်‌ စိတ်‌ပဲရှိမယ်‌၊ လက်‌‌တွေ့မှာ သူတို့ မလုပ်‌နိုင်‌ဘူး။ စိတ်‌က‌တော့ ငြိမ်‌းငြိမ်‌းချမ်‌းချမ်‌း ‌နေချင်‌တယ်‌။ ဒါ‌ပေမယ်‌့ ဒီအဖွဲ့‌တွေမပါတဲ့ ငြိမ်‌းချမ်‌း‌ရေး၊ ဟိုဘက်‌ကလည်‌း ဟိုအဖွဲ့မပါတဲ့ ငြိမ်‌းချမ်‌း‌ရေး၊ အဲ့ဒီလိုမျိုးသ‌ဘောတရား‌တွေ‌တော့ ရှိလိမ်‌့မယ်‌‌" လို့  ဒေါ်ဝင်းမာဦးက ဆိုပါတယ်။

သူက မိတ္ထီလာ ငြိမ်‌းချမ်‌း‌ရေးအတွက် ခရစ်ယာန်ဘာသာဝင် တစ်ဦးအ‌နေနဲ့ ပူး‌ပေါင်‌းကူညီ‌နေသူပါ။

"(မိတ္ထီလာမှာတော့) ငြိမ်‌းချမ်‌း‌ရေးဘက်ကို‌ ဦးတည်‌‌နေပါတယ်။ ဒါ‌ပေမယ်‌့ အစွန်‌း‌ရောက်တဲ့ စိတ်ခံစားချက်‌‌တော့ ရှိ‌နေ‌သေးတယ်" လို့ သုံးသပ်ပါတယ်။

မိတ္ထီလာမြို့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဦးဆောင် ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဥတ္တရက ဘာသာနှစ်‌ခုကြား ငြိမ်‌းချမ်‌းစွာ လက်‌တွဲ‌နေထိုင်‌‌ရေးက မဖြစ်‌နိုင်‌စရာအ‌ကြောင်‌း မရှိဘူးလို့ မိန့်ပါတယ်‌။

"အစွန်‌းမ‌ရောက်‌ရင်‌‌ပေါ့။ အစွန်‌း‌ရောက်‌ရင်‌‌တော့ ‌နေလို့မရဘူး" လို့ ဦးဥတ္တရကသူသီတင်းသုံးနေတဲ့ မိတ္ထီလာမြို့ ဝေယံဘုံသာ‌ကျောင်‌းမှာ တွေ့ဆုံစဉ် မိန့်ပါတယ်‌။

ရခိုင်‌ပြည်နယ်မှာ‌တော့၂ဝ၁၂ခုနှစ်ကစလို့ပဋိပက္ခ‌တွေဟာယ‌နေ့အထိမပြီး‌သေးပါဘူး။ရိုဟင်ဂျာလွတ်‌‌မြောက်‌‌ရေးတပ်မ‌တော်(ARSA)ကိုအစိုးရကအကြမ်‌းဖက်အဖွဲ့လို့သတ်မှတ်ထားပြီးပြီးခဲ့တဲ့လ‌တွေကစလို့လုံခြုံ‌ရေးတပ်ဖွဲ့‌တွေနဲ့တိုက်ခိုက်ခဲ့ကြတာပါ။

မိတ္ထီလာလိုဘာသာ‌ပေါင်‌းစုံအဖွဲ့အစည်‌း‌တွေရခိုင်‌ပြည်မှာမရှိပါဘူး။ပြီးခဲ့တဲ့လပိုင်‌း‌တွေထဲမှာ‌တော့ ပြည်နယ်အစိုးရကဦးစီးကျင်‌းပတဲ့ငြိမ်‌းချမ်‌း‌ရေးစု‌တောင်‌းပွဲ‌တွေကိုရခိုင်‌ပြည်အချို့မြို့‌တွေမှာကျင်‌းပခဲ့ပါတယ်။ဒီပွဲ‌တွေမှာဘာသာ‌ပေါင်‌းစုံကအဖွဲ့အစည်‌း‌တွေ‌တော့မပါဝင်နိုင်ခဲ့ပါဘူး။ဒါ‌ကြောင်‌့ပဋိပက္ခ ‌ဖြေရှင်‌းရာမှာအားနည်‌းချက်‌‌တွေရှိတာလို့သုံးသပ်ကြပါတယ်။

မိတ္ထီလာက‌တော့ ဘာသာ‌ပေါင်‌းစုံ အဖွဲ့အစည်‌း‌တွေနဲ့ ပူး‌ပေါင်‌း‌ဆောင်‌ရွက်‌ ‌နေကြပါပြီ။ ပြီးခဲ့တဲ့ ‌အောင်တိုဘာလအတွင်‌းက‌တော့ မိတ္ထီလာမှာ ရိုဟင်ဂျာဆန့်ကျင်‌‌ရေး လှုပ်‌ရှားမှုတစ်‌ခုကို လွှတ်‌‌တော်‌အမတ်‌‌ဟောင်‌း‌တွေဖြစ်‌တဲ့ ဦးလှ‌ဆွေ၊ ‌ဒေါ်ခင်‌ဝိုင်‌းကြည်‌တို့က ဦး‌ဆောင်‌ခဲ့ပါတယ်‌။ ဒီအ‌ပေါ် မိတ္ထီလာ လူမှုအဖွဲ့အစည်‌း‌တွေက သတိထား‌စောင်‌့ကြည်‌့ခဲ့ကြတယ်လို့ ဆိုပါတယ်‌။

ပဋိပက္ခ မဖြစ်‌ခဲ့တဲ့အတိုင်‌း ‌အေးချမ်‌း‌နေတဲ့မိတ္ထီလာက  ဘုန်‌းဘုန်‌းဦးပိန်‌လို့ လူသိများတဲ့ ဦးဝိသုဒ္ဓက  ညီညွတ်ရေးက အရေးပါတယ်လို့ မိန့်ကြားပါတယ်‌။

"မင်‌းနဲ့ ငါနဲ့ ရန်‌ဖြစ်‌‌နေရင်‌ မင်‌းလည်‌းစိတ်‌ဆင်‌းရဲ၊ ငါလည်‌း စိတ်‌ဆင်‌းရဲမှာ‌ပေါ့‌နော်‌။ မင်‌းနဲ့ ငါနဲ့ ညီညွှတ်‌‌တော့ မင်‌းလည်‌းစိတ်‌ချမ်‌းသာ၊ ကိုယ်‌လည်‌း စိတ်‌ချမ်‌းသာ။ အဲ့‌ဒီတော့ မင်‌းနဲ့ငါနဲ့ ဆက်‌နွယ်‌‌နေတဲ့ ပုဂ္ဂိုလ်‌တွေကလည်‌းပဲ ‌ပျော်‌ရွှင်‌‌နေတာမြင်‌‌တော့ အ‌ပျော်‌ကူးတာ‌ပေါ့ကွာ။ ညီညွှတ်‌ကြ‌လေ ပို‌ကောင်‌း‌လေ‌ပေါ့ " လို့ မိန့်ပါတယ်‌။

မိတ္ထီလာမှာ မူစလင် အများအပြားဟာ နိုင်ငံသား‌‌တွေဖြစ်တာ‌ကြောင်‌့ ဒေသရဲ့ပဋိပက္ခဟာ တည်ငြိမ်လာခဲ့တာ ဖြစ်တယ်လို့ မိတ္ထီလာက အဖွဲ့အစည်‌း‌ခေါင်‌း‌ဆောင်‌‌‌တွေက သုံးသပ်ကြပါတယ်။

မိတ္ထီလာ တည်ငြိမ်မှုနဲ့ပတ်သက်ပြီး ၈၈ ငြိမ်‌း/ ပွင်‌့တာဝန်ခံ ဦးထိန်မင်‌းခိုင်ကလည်း အလားတူ သုံးသပ်ပါတယ်

"ဟိုဟာက ခိုးဝင်ဘင်္ဂလီကိစ္စပဲ သုံးသပ်တယ်။ မိတ္ထီလာမှာ ဖြစ်တက်ဟာက ကိုယ်‌့‌မောင်နှမအချင်‌းချင်‌း အခန့်မသင်‌့လို့မို့ ရန်‌ဖြစ်တဲ့ သ‌ဘောတရားလို့ပဲ လက်ခံတယ်။ ဒီလူ‌တွေသည် ‌ဆွေမျိုး၊ ‌မောင်နှမ ဖြစ်‌‌နေတဲ့အတွက်‌‌ကြောင်‌့မို့ ဒါ‌တွေသည် တစ်‌‌နေ့‌နေ့၊ တစ်ချိန်ချိန်မှာ ပြန်ပြီး‌တော့ ‌ပြေလည်ရမယ်။ ပြန်လည်ပြီး‌တော့မှ လက်တွဲရမယ်။ အဲ့ဒါ‌ကြောင်‌့မို့ ‌ပြေလည်မှုကို တည်‌‌ဆောက်လို့ရတယ်" လို့ ဦးထိန်မင်းခိုင်က ဆိုပါတယ်။

 မိတ္ထီလာဟာ အ‌ခြေအ‌နေ‌ကောင်‌း‌တွေနဲ့ ခရီးဆက်‌‌နေပါတယ်‌။ ဒါက မိတ္ထီလာမှာရှိတဲ့ အရပ်‌ဖက်‌အဖွဲ့အစည်း‌တွေရဲ့ ညီညွှတ်‌မှု ပြယုဒ်‌ပါ။ အခြားမြို့‌တွေအတွက်‌ အ‌ကောင်‌းဆုံး ဥပမာတစ်‌ခု ဖြစ်‌‌စေပါတယ်‌လို့ သူက ဆက်ပြော‌‌ပေးပါတယ်‌။

"၂ဝ၁၃ မိတ္ထီလာ ပဋိပက္ခကို နမူနာယူ‌စေချင်‌တယ်‌ မြို့တိုင်‌း၊ မြို့တိုင်‌းက ‌နေပြီး‌တော့မှ အဲ့လို ပြဿနာဖြစ်‌ရင်‌ အဲ့လို ဆုံးရှုံးရပါသလားဆိုပြီး‌တော့မှ နမူနာ ယူ‌စေချင်‌ပါတယ်‌။ ပြဿနာဖြစ်‌ရာ လွယ်‌‌ပေမယ်‌့ ဒီပြဿနာကို ‌ဖြေရှင်‌းဖို့ရာကြ‌တော့ အချိန်‌အင်‌မတန်‌ ယူရတယ်‌ဆိုတဲ့အ‌ကြောင်‌း သ‌ဘော‌ပေါက်‌‌စေချင်‌တယ်‌၊ နားလည်‌‌စေချင်‌တယ်‌။ မဖြစ်‌‌အောင်‌လည်‌း တားကြ‌စေချင်‌တယ်‌‌ပေါ့ " လို့ ဦးထိန်ဝင်‌းခိုင်က   ပြောလိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly