ငွေကြောင့် အသင်းပြောင်းသွားခြင်းဟု ဆန်းချက်ဇ်ကို အာစင်ဝင်းဂါး ရည်ရွယ်ပြောဆို

ငွေကြောင့် အသင်းပြောင်းသွားခြင်းဟု ဆန်းချက်ဇ်ကို အာစင်ဝင်းဂါး ရည်ရွယ်ပြောဆို

 

ဇန်နဝါရီ ၂၂၊ လန်ဒန်။      ။ အလက်ဆစ် ဆန်းချက်ဇ်သည် ငွေကြေးကြောင့် မန်ချက်စတာယူနိုက်တက်အသင်းထံ ပြောင်းသွားခြင်းဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောဆိုလိုက်သည်။

အသက် ၂၉ နှစ်အရွယ်ကစားသမားအနေဖြင့် ကစားသမားဘဝ နောက်ဆုံးအဆင့်မြင့်စာချုပ်ကြောင့် အိုးထရက်ဖို့ဒ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မန်စီးတီးအသင်းပင် မတတ်နိုင်ခဲ့ဟု အာဆင်နယ်နည်းပြက ဆိုသည်။

ဆန်းချက်ဇ်သည် တစ်ပတ်လုပ်ခ ပေါင် လေးသိန်း၊ လက်မှတ်ထိုးကြေးပေါင် ၁၅ သန်းတန် လေးနှစ်ခွဲစာချုပ်ကြောင့် ပရီးမီးယားလိဂ်လစာအများဆုံးကစားသမားဖြစ်လာမည်ဖြစ်သည်။

ဝင်းဂါးက “တစ်ယောက်ယောက်က အာဆင်နယ်ကနေဘာကြောင့်ထွက်ချင်နေမှန်း ကျွန်တော်နားမလည်နိုင်ပါဘူး။ ဒါပေမဲ့ ဈေးကွက်ထဲမှာ နှစ် ၃၀ လောက်လှုပ်ရှားခဲ့ပြီးပြီဆိုတော့ လူတွေအကြောင်းပိုလေ့လာနိုင်ခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ဆိုရင်တော့ ဒီစာချုပ်ဟာ သူရဲ့နောက်ဆုံးထိပ်တန်းအဆင့်နဲ့ အရေးကြီးတဲ့စာချုပ်ဖြစ်ပါ တယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့သူ့ကိုသွားခွင့်ပြုလိုက်တာပါ။ အဲဒီနောက် ပရော်ဖက်ရှင်နယ်နဲ့ စာချုပ်အကြောင်းကို ကျွန်တော်တို့ ခွဲခြမ်းစိတ်ဖြာကြည့်တယ်။

ကျွန်တော်တို့လုပ်နိုင်သမျှ လုပ်ကြည့်ခဲ့ပါတယ်။ နောက်ဆုံးမှာ မန်စီးတောင်လက်လျှော့ခဲ့ရတယ်။ ဒါကဘာကိုပြသလဲဆိုတော့ ကျွန်တော်တို့သူ့ကို စာချုပ်ထပ်ချုပ်နိုင်ဖို့ အခွင့်အရေးမရှိတော့ဘူးဆိုတာပါပဲ”ဟု ပြောသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required