စမုန်စပါး ကို ဘာအတွက်အသုံးပြုကြသလဲ

စမုန်စပါး ကို ဘာအတွက်အသုံးပြုကြသလဲ

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

Generic Name: Anise (စမုန်စပါး)

အသုံးပြုပုံများ
 

စမုန်စပါး ဟာ ချိုတဲ့ နွယ်ချိုလိုမျိုး အရသာရှိပြီး နွယ်ချိုသကြားလုံးမှာ စမုန်စပါးဆီကို ထည့်သွင်းအသုံးပြုကြပါတယ်။ စမုန်စပါးကို အောက်ပါအခြေအနေတွေကို ကုသဖို့ အသုံးပြုပါတယ်။
• ရာသီလာစဉ် နေမထိထိုင်မသာဖြစ်ခြင်း
• ပန်းနာရင်ကျပ်ရောဂါ
• ဝမ်းပိတ်ခြင်း
• သန်း
• ဝဲ
• Psoriasis
• ချောင်းဆိုးခြင်း
• ကြွက်သားကျုံ့ခြင်း
ထို့အတူ စမုန်စပါးဟာ နို့ထွက်များစေပြီး လိင်စိတ်ကို တိုးမြှင့်ပေးပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

စမုန်စပါး ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် အချို့ လေ့လာမှုတွေက estrogen နဲ့ တူတဲ့ အာနိသင်နဲ့ ဘက်တီးရီးယားတွေကို သတ်ပစ်နိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။

လေ့လာမှုတစ်ခုက စမုန်စပါးကို ရောင်ရမ်းမှု၊ tumour necrotic factor-mediated signalling ကြောင့် ကင်ဆာဖြစ်စေခြင်းတွေကို ပိတ်ပင်ပေးတယ်လို့ ဆိုပါတယ်။ အခြားလေ့လာမှု တစ်ခုက လေပြွန်ကျယ်ခြင်းကို ဖြစ်စေတဲ့ Pimpinella anisum ရဲ့ relaxation effect ကို သက်သေပြခဲ့ပါတယ်။

လေ့လာမှုအသစ်တစ်ခုက essential oil နဲ့ စမုန်စပါး extract တစ်ခုကို anti-fungal activity ကို ေ့လလာဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ စမုန်စပါး ကို အစာအိမ်အနာဖြစ်ခြင်းမှာလည်း အသုံးပြုကြပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

စမုန်စပါး အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အပင်တစ်ခုလုံး (သို့) အစေ့တွေကို အသုံးမပြုခင် စမုန်စပါး ကို ဘယ်လိုသုံးရမလဲဆိုတာ သိသင့်ပါတယ်။ Essential oil ကို Herbalist ရဲ့ ကြီးကြပ်မှုအောက်မှာ အသုံးပြုသင့်ပါတယ်။

အဆိပ်သင့်မှု ဖြစ်ပေါ်စေပါတယ်။

Fluid and electrolyte ညီမျှမှုကို စစ်ဆေးသင့်ပါတယ်။ ရေနဲ့ sodium ကိုယ်ခန္ဓာအတွင်းမှာ ကျန်ရှိခြင်းကို သိရှိဖို့ အပတ်စဉ် ပေါင်ချိန်သင့်ပါတယ်။

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

စမုန်စပါး က ဘယ်လောက်စိတ်ချရလဲ

စမုန်စပါးကို ကိုယ်ဝန်ရှိနေစဉ်အတွင်းမှာ ကုသမှုအတွက် အသုံးမပြုသင့်ပါဘူး။ စမုန်စပါးနဲ့ ဓါတ်မတည့်သူတွေမှာလည်း အသုံးမပြုသင့်ပါဘူး။ Essential oil ကို ကလေးတွေမှာ အသုံးမပြုသင့်ပါဘူး။ ကလေးနို့တိုက်နေစဉ် အတွင်းမှာတော့ စမုန်စပါး ကို အသုံးပြုနိုင်ပါတယ်။

စမုန်စပါး ဟာ estrogen ရဲ့ အစွမ်းရှိတာကြောင့် အောက်ပါ အခြေအနေတွေ ရှိရင် စမုန်စပါးကို အသုံးမပြုသင့်ပါဘူး။
• ရင်သားကင်ဆာ
• သားအိမ်ကင်ဆာ
• သားဥအိမ်ကင်ဆာ
• Endometriosis
• သားအိမ် အလုံးဖြစ်ခြင်း

ဘေးထွက်ဆိုးကျိုးများ

စမုန်စပါး ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

စမုန်စပါး ဟာ စမုန်စပါး နဲ့တူတဲ့ အခြားအပင်တွေကို ဓါတ်မတည့်သူတွေမှာ ဓါတ်မတည့်ခြင်း ဖြစ်စေတာမို့ အသုံးမပြုသင့်ပါဘူး။ အခြား ဘေးထွက်ဆိုးကျိုးတွေကတော့
• အစာအိမ်ရောင်ခြင်း
• ပျို့အန်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း
• Hypersensitivity contact dermatitis
• အဆုတ်ရောင်ခြင်း

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓာတ်ပြုမှုများ

စမုန်စပါး ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ

စမုန်စပါး ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

စမုန်စပါးကို အများအပြား အသုံးပြုခြင်းဟာ estrogen replacement therapy (သို့) ဟော်မုန်းပါဝင်တဲ့ ကိုယ်ဝန်တားဆေးတွေကို နှောင့်ယှက်နိုင်ပါတယ်။

စမုန်စပါးဟာ သံဓါတ်ဆေးတွေရဲ့ အစွမ်းထက်မှုကို တိုးမြှင့်ပေးတာကြောင့် အတူအကွ အသုံးမပြုသင့်ပါဘူး။

စမုန်စပါးဟာ pro-thrombin time အဖြေကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓာတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

စမုန်စပါး အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

စမုန်စပါးအသုံးပြုမှုကို စမ်းသပ်ထားတဲ့ လေ့လာမှုတွေတော့ မရှိသေးပါဘူး။ ဒါပေမယ့် အစာမကြေခြင်းအတွက် အစေ့တွေကို 0.5-3g (သို့) Essential oil 0.1-0.3 mlကို အသုံးပြုနိုင်ပါတယ်။

စမုန်စပါး ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

စမုန်စပါး က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

စမုန်စပါး ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
• Essential oil;
• သွးတိုက်ဆေး;
• အပင်တစ်ခုလုံး

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly