အိုလံပစ်အကြိုစစ်ဆေးမှုအဖြစ် ဆိုးလ်မြို့သို့ မြောက်ကိုရီးယားကိုယ်စားလှယ်များရောက်ရှိ

အိုလံပစ်အကြိုစစ်ဆေးမှုအဖြစ် ဆိုးလ်မြို့သို့ မြောက်ကိုရီးယားကိုယ်စားလှယ်များရောက်ရှိ

ဆိုးလ်၊ တောင်ကိုရီးယား၊ ဇန်နဝါရီ ၂၁  ။             ။ တောင်ကိုရီးယားနိုင်ငံမှ ဖေဖေါ်ဝါရီလတွင် အိမ်ရှင်အဖြစ်ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် ယဉ်ကျေးမှုဆိုင်ရာဖျော်ဖြေမှုများနှင့် ပြိုင်ပွဲကျင်းပမည့်နေရာများကို လေ့လာစစ်ဆေးသည့်အနေဖြင့် ဆိုးလ်မြို့ သို့ မြောက်ကိုရီးယားကိုယ်စားလှယ်များ တနင်္ဂနွေနေ့တွင် ရောက်ရှိလာခဲ့သည်။

ပြုံယမ်းအစိုးရအရာရှိများအနေဖြင့် လေးနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိလာခြင်းလည်းဖြစ်သည်။

ရုပ်သံမှတ်တမ်းများအရ မြောက်ကိုရီးယား၏ လူကြိုက်အများဆုံး မိုရန်ဘောင်တီးဝိုင်းမှ ခေါင်းဆောင်ဖြစ်သူ ဟွန်ဆောင်ဝိုလ် ဦးဆောင်သည့် အဖွဲ့ဝင် ၇ဦးပါဝင်သော မြောက်ကိုရီးယားအရာရှိအဖွဲ့သည် အင်အားအခိုင် အမာချထားသည့် နှစ်နိုင်ငံနယ်စပ်ကိုဖြတ်ကျော်ပြီး နောက်ထပ်တစ်နာရီအကြာတွင် ဆိုးလ်မီးရထားဘူတာသို့ ရောက်ရှိလာသည်ကို တွေ့မြင်ရသည်။

မျက်နှာထားတင်းမာသော ထိုအရာရှိများအား ရာနှင့်ချီသော ဆိုးလ်ရဲတပ်ဖွဲ့အရာရှိများက ဝန်းရံထားပြီး ထို့နောက်တွင် ဂီတဖျော်ဖြေပွဲများ ကျင်းပရန်စီစဉ်ထားသည့် ဂန်နူအန်မြို့သို့ ထွက်ခွာသွားသည်ကို တွေ့မြင်ရ သည်။

အဖွဲ့ခေါင်းဆောင် ဟွန်ဆောင်ဝိုလ်သည် အနက်ရောက်ကုတ်အကျီၤနှင့် မာဖလာတို့ကိုဝတ်ဆင်ထားပြီး မီးရထားဘူတာမှ များပြားလှသော ဂျာနယ်လစ်များအား  စကားပြောဆိုခြင်းမရှိဘဲ ရထားပေါ်တက်သွားသည် ကို တွေ့ရသည်။

ယခုလိုပြုံယမ်းအရာရှိများ တောင်ကိုရီးယားနိုင်ငံသို့ နှစ်ရက်တာခရီးစဉ်ဖြင့်လာရောက်ခြင်းသည် လက်ဝဲယိမ်း တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်လက်အောက်၌ ပထမဦးဆုံးအကြိမ် ဖြစ်ပေါ်လာသည့် အပြုသဘော ဆောင်သော ခရီးစဉ်တစ်ခုလည်းဖြစ်သည်။

လာမည့်ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းမြို့၌ ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲကို မြောက်ကိုရီးယားမှ အားကစားသမားများ၊ ဦးဆောင်ကြွေးကြော် အားပေးမည့်သူများ၊ အနုပညာရှင်အဖွဲ့နှင့် အခြားသောကိုယ်စားလှယ်အဖွဲ့များအား တက်ရောက်ခွင့်ပြုရန် တောင်ကိုရီးယားဘက်မှ သဘောတူညီခဲ့ပြီး နောက် ယခုလိုအကြိုစစ်ဆေးသည့် ခရီးစဉ်တစ်ခု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly