နယူးဒေလီ၌ဖြစ်ပွားသည့် စက်ရုံမီးလောင်ကျွမ်းမှုအတွင်း လူပေါင်း ၁၇ ဦးထက်မနည်းသေဆုံး

နယူးဒေလီ၌ဖြစ်ပွားသည့် စက်ရုံမီးလောင်ကျွမ်းမှုအတွင်း လူပေါင်း ၁၇ ဦးထက်မနည်းသေဆုံး

နယူးဒေလီ၊ အိန္ဒိယ၊ ဇန်နဝါရီ ၂၁ ။           ။ အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီမြို့ရှိ ဆင်ခြေဖုန်းအရပ်မှ စက်ရုံတစ်ရုံတွင် စနေနေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အလုပ်သမား ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

မီးလောင်ကျွမ်းမှုသည် နယူးဒေလီမြောက်ပိုင်းရှိ ဘာဝါနာစက်မှုဇုန်အတွင်းမှ အထပ်သုံးထပ်မြင့်သော ပလတ် စတစ်ထုတ်လုပ်သည့်စက်ရုံ၏ မြေအောက်ခန်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယင်းစတိုခန်းအတွင်း၌ မီးရှုးမီး ပန်းများကို သိုလှောင်ထားခဲ့လေ့ရှိကြောင်း သိရသည်။

အဆိုပါမီးသည် မြေအောက်ခန်းမှတဆင့် အထက်သို့လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အပေါ်ထပ်မှ နှစ်ဒါဇင်နီးပါးခန့်ရှိ သော အလုပ်သမားများ ပိတ်မိနေခဲ့ကြောင်း နယူးဒေလီရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဆိုခဲ့သည်။

မီးသတ်သမားများသည် အဆိုပါမီးကို နှစ်နာရီနီးပါးခန့် ငြိမ်းသတ်ခဲ့ရပြီး ကယ်ဆယ်ရေးသမားများက ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ညအချိန်ထိ လုပ်ဆောင်ခဲ့ရသည်။

“အဆောက်အဦးအတွင်းမှ အလောင်း ၁၇ လောင်းကို ပြန်ရှာတွေ့ခဲ့ပါတယ်” ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှ အရာရှိတစ်ဦးဖြစ်သူ ပရာဗင်းကူးမားက ဆိုခဲ့သည်။ ဒါ့အပြင် ဒဏ်ရာရရှိသူ ၂ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ကြောင်း သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

အခြားကျန်ရစ်သူ အလုပ်သမားများ၏ ကံကြမ္မာကို တပ်အပ်မပြောနိုင်သေးကြောင်း ကယ်ဆယ်ရေးသမားများ က ဆိုခဲ့ပြီး သေဆုံးသူအများစုမှာ အောက်စီဂျင်ပြတ်လပ်မှုကြောင့်ဖြစ်ကြောင်း အရာရှိများက ပြောခဲ့သည်။

ယခုအခါတွင် အိန္ဒိယအစိုးရသည် မီးလောင်ကျွမ်းမှုနှင့်ပက်သက်၍ စုံစမ်းစစ်ဆေးမှုများကို စတင်ပြုလုပ်နေပြီး ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ယင်းမတော်တဖြစ်ရပ်နှင့်ပက်သက်၍ သူ့အနေဖြင့် မချိတင်ကဲဖြစ်ရကြောင်း ပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံမှ အလုပ်ခွင်များသည် ချို့တဲ့သောလုံခြုံရေးအကာအကွယ်များနှင့် စည်းကမ်းပိုင်းလျော့ရဲမှုတို့ ကြောင့် အန္တရာယ်များလေ့ရှိသော အလုပ်ခွင်များဖြစ်ပြီး မကြာခဏဆိုသလို လူသေဆုံးမှုများပြားသော အလုပ်ခွင်မတော်တဆဖြစ်မှုများ ဖြစ်ပွားလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly