တရားမဝင်သစ်ခွဲများ တင်ဆောင်လာသည့်ယာဉ် ရေမြောင်းအတွင်း ထိုးကျ၊ ယာဉ်ပေါ်ပါ ၃ ဦး သေဆုံး

တရားမဝင်သစ်ခွဲများ တင်ဆောင်လာသည့်ယာဉ် ရေမြောင်းအတွင်း ထိုးကျ၊ ယာဉ်ပေါ်ပါ ၃ ဦး သေဆုံး

 

ပွင့်ဖြူ၊ ဇန်နဝါရီ ၂၀ ။        ။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီ-ရှောက်တောကျေးရွာ သွားသည့် မုန်းမြောင်းမကြီးမြောင်းဘောင်အတိုင်း ကနီကျေးရွာနှင့် မဒဲကျေးရွာကြား ထောင်တိုင်အမှတ် ၂၃အနီး ရေမြောင်းအတွင်းသို့ တရားမဝင် သစ်ခွဲများ တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က ထိုးကျ တိမ်းမှောက်ခဲ့ပြီး အဆိုပါယာဉ်ပေါ် ပါလာသူ ၃ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပွင့်ဖြူမြို့မရဲစခန်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၃နာရီ ၃၀ မိနစ်ခန့်က ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာနေ ဟာဉ်မောင်းကျော်ထက်ဦး(ဘ)ဦးမိုးမြင့်အောင် မောင်းနှင်သော ယာဉ်အမှတ် ၊၁ဌ/၂၅၇၉
အဝါရောင် ၆ဘီး မြစ်သား(စက်မှု့ဇုံဆင်ကား) သည် တရားမဝင် သစ်ခွဲသား(1.5)တန်ခန့်အား တင်ဆောင်၍ မဲဇလီ-ရှောက်တော ကျေးရွာသွားသည့်မြောက်မုန်း မြောင်းမကြီး မြောင်းဘောင်အတိုင်း မဲဇလီ-ရှောက်တော ကျေးရွာဘက်သို့ မောင်းနှင်လာစဉ် ကနီကျေးရွာနှင့် မဒဲ့ကျေးရွာကြား ထောင်တိုက်အမှတ် ၂၃ အနီး တိမ်မှောက်ခဲ့သည်။

ယာဉ်ပေါ်ပါလာသူ ၅ ဦးအနက် ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိပြီး ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာနေ ကျဘမ်းလုပ်သား စိုးမင်းအောင် ၃၆နှစ်တွင် ညာဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာ ယာနှောက်စေ့နှင့် လည်ပင်းဖူးရောင်ဒဏ်ရာရရှိပြီး သစ်ခွဲသားများပိ ရေနစ်သေဆုံးကာ၊ ပွင့်ဖြူမြို့နယ် လယ်မကျေးရွာ ကျဘမ်းလုပ်သား မောင်အေး ၂၇နှစ် (ဘ) ဦးမြင့်စိုးတွင် နှာခေါင်းမှ သွေးထွက်ကာ သစ်ခွဲသားများပိ ရေနစ်သေဆုံး၊ လယ်မကျေးရွာနေ ကျဘမ်းလုပ်သား ကိုအောင် ၂၇နှစ် (ဘ)ဦးကျော်ဝင်းစိန်တွင် ဝဲဒူးခေါင်း ဖူးရောင်ညိုမဲဒဏ်ရာ၊အောက်ကြောပြင်ညိုမဲဒဏ်ရာ
ဆီးခုံရောင်ကာ သေဆုံးခဲ့ကြောင်း ပွင့်ဖြူမြို့မရဲစခန်းမှ သိရသည်။

ယင်းယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်တွင် ယာဉ်ပေါ်ပါလာသူ ယာဉ်မောင်းအပါအဝင် ကျား၅ဦးအနက် ၃ ဦး သေဆုံးပြီး၂ ဦး ဒဏ်ရာ ရရှိခဲ့သဖြင့် ယာဉ်အား မဆင်မခြင် မောင်းသူ ကျော်ထက်ဦးအား ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးပါရန် ယနေ့ နံနက် ၉နာရီ၃၅မိနစ်ခန့်က ပွင့်ဖြူမြို့မရဲစခန်း ဒုရဲအုပ် ရဲမွန်က တရားလိုပြုလုပ် တိုင်းတန်းပြီး ပွင့်ဖြူမြို့မရဲစခန်းမှ ယာဉ်(ပ)၁/၂၀၁၈/ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၈/၃၃၇ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ပွင့်ဖြူမြို့မရဲစခန်းမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required