ပဏာမအဆင့်အသံစစ်ဆေးမှု စတင်နေပြီ ဖြစ်သည့် Myanmar Idol Season 3

ပဏာမအဆင့်အသံစစ်ဆေးမှု စတင်နေပြီ ဖြစ်သည့် Myanmar Idol Season 3

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ။                 ။ Myanmar Idol Season 3 အတွက် မြို့ကြီး ၅မြို့တွင် အသံစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး လက်ရှိတွင် မန္တလေးမြို့၌ ဇန်နဝါရီ ၂၀ ရက် နှင့် ၂၁ရက်တို့တွင် ပဏာမအဆင့်အသံစစ်ဆေးမှုများ ပြုလုပ် သွားမည် ဖြစ်သည်။

Myanmar Idol Season 3 မှ Mobile Casting ကျင်းပမည့် မြို့၁၁မြို့ထဲမှ ပထမဆုံးမြို့အဖြစ် စစ်ကိုင်းတိုင်း ဒေသကြီး၏ မုံရွာမြို့ မြို့တော်ခန်းမတွင် ပဏာမအသံ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သလို  လာရောက် ယှဉ်ပြိုင်သူ စုစုပေါင်း (၁၅၀) ဦးရေ ရှိပြီး ထို အယောက် ၁၅၀ထဲမှ နောက်တစ်ဆင့် တက်လှမ်းနိုင်သည့် သူများ သည်  မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် Judges Audition ကို သွားရောက်ယှဉ်ပြိုင် ကြရမည် ဖြစ်သည်။

Mobile Casting အဖွဲ့သားတွေသည် မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိသည့် မိုးကုတ်မြို့ကို ရောက်ရှိပြီး Myanmar Idol Season (3) Mobile Casting ပဏာမအဆင့် အသံစစ်ဆေးမှုတွေကို မိုးကုတ်မိုတယ်တွင် ပြုလုပ်ခဲ့ပြီး အသံစစ်ဆေးမှုကို လာရောက် ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင် ဦးရေ ( ၁၀၀ ) ကျော်ရှိခဲ့ပြီး အသံ စစ်ဆေးမှု မှ အောင်မြင်သည့် ပြိုင်ပွဲဝင်တွေသည် မန္တလေးမြို့တွင် ကျင်းပမည့် Judges Audition အဆင့်ကို တက်ရောက်နိုင်မည် ဖြစ်သည်။

ပဏာမအဆင့်အသံစစ်ဆေးမှုကို မြို့ကြီး ၁၁မြို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပထမဆုံး အနေဖြင့် ဇန်နဝါရီလ( ၂၀ ) ရက်နေ့ မနက် ( ၉ ) နာရီအချိန်ကနေ ညနေ ( ၅ ) နာရီအထိ မန္တလေးမြို့ရှိ Royal Mingalar Hotel တွင် ပြုလုပ်ပေးမည် ဖြစ်ပြီး ဇန်နဝါရီလ ( ၂၁ ) ရက် တွင်လည်း ပဏာမအဆင့် အသံ စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ပေးသွားမည် ဖြစ်သည်။

နောက်ထပ် ပဏာမအဆင့်အသံစစ်ဆေးမှုများကို ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ရက်တွင် တောင်ကြီးမြို့ ၊ ဖေဖော်ဝါရီ ၅ရက် နှင့် ၆ရက်တွင် မကွေးမြို့ ၊ ဖေဖော်ဝါရီ ၁၃ရက်တွင် ပုသိမ်မြို့ ၊ ဖေဖော်ဝါရီ ၂၀ ၊ ၂၁ ၊ ၂၂ရက်တို့တွင် ရန်ကုန်မြို့တို့၌ အသံစစ်ဆေး စိစစ်ရွေးချယ် သွားမည် ဖြစ်သည်။

ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် Myanmar Idol Season 3 တွင် ဒိုင်လူကြီးများ အဖြစ် အဆိုတော် မြန်မာပြည် သိန်းတန် ၊ ရန်အောင် ၊ မျိုးကျော့မြိုင် နှင့် တင်ဇာမော် စသည့် ဒိုင် ၄ဦးတို့မှ  ဆောင်ရွက် သွားကြမည် ဖြစ် ကာ အစီအစဉ်တင်ဆက်သူ အဖြစ် ကျော်ထက်အောင် မှ စီစဉ်ဆောင်ရွက်မည် ဖြစ်သည်။

Myanmar Idol Season 1 တွင် ပြိုင်ပွဲဝင် စောလားထယ်ဝါး က Myanmar Idol Winner အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး Myanmar Idol Season 2 မှာတော့ ပြိုင်ပွဲဝင် သားငယ် က Winner အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

 Myanmar Idol Season 2 ၏ Winner အဖြစ် ရွေးချယ်ခြင်း ခံရသူကို ငွေကျပ် သန်း ၂၀ နှင့် အတူ တစ်ကိုယ်တော် တေးစီးရီး Album တစ်ချပ်ကိုလည်း ထုတ်လုပ်ခွင့် ရရှိမည် ဖြစ်သလို Myanmar idol ၏ Supporting Sponsor ဖြစ်သည့် Ford Myanmar မှ Ford Brand New ECOSPORT ကားတစ်စီးကိုလည်း ချီးမြှင့်ခဲ့သည်။ ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် Myanmar Idol Season 3 မှာတော့ Winner ဆုရှင်ကို ငွေသား ကျပ် သိန်း၅၀၀ ချီးမြှင့်သွား မည် ဖြစ်ပြီး စီဒီ album Solo တစ်ချပ်ကို ထုတ်လုပ် ပေးသွားမည် ဖြစ်သည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly