ကြယ်လိပ်အကောင်ရေ ၉ဝဝ အား ရွှေစက်တော်ဘေးမဲ့တောသို့ လွှတ်ပေးခဲ့

ကြယ်လိပ်အကောင်ရေ ၉ဝဝ အား ရွှေစက်တော်ဘေးမဲ့တောသို့ လွှတ်ပေးခဲ့
ဓာတ်ပုံ- WCS Myanmar

 

ရန်ကုန်၊ ဇန်နဝါရီလ ၂ဝ ။             ။ မကွေးတိုင်းဒေသကြီး၊ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ကြယ်လိပ်အကောင်ရေ ၉ဝဝ အား လွှတ်ပေးခဲ့ကြောင်း WCS (မြန်မာ)မှ ယနေ့ ဇန်နဝါရီလ ၂ဝ ရက်တွင် သတင်းထုတ်ပြန်သည်။

ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ခြံကြီး ၄ ခြံပြုလုပ်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့က ကြယ် လိပ်အထီး၊ အမအစုံရော၍ အကောင်ရေ ၉ဝဝ အား လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြယ်လိပ်အကောင်ရေ ၉ဝဝ မှာ မင်းစုံတောင်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ အကောင်ရေ ၁၅ဝ၊ လောကနန္ဒာဘေးမဲ့တောဥယျာဉ်မှ အကောင်ရေ ၆၅ဝ နှင့်   ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောမှ အကောင်ရေ ၁ဝဝ ဖြစ်ပြီး ဘေးမဲ့တော ၃ ခုမှ ကြယ်လိပ်များရောစပ်ပြီး လွှတ်ပေးခြင်းမှာ ဆွေမျိုးအချင်းချင်း သားစပ်မှု မဖြစ်စေဘဲ မျိုးရိုးဗီဇ သန်စွမ်းမှု ပိုမိုမြင့်မားစေနိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံအတွင်းရှိ ကြယ်လိပ်များထိန်းသိမ်းနေခြင်းကို သစ်တောဦးစီးဌာနနှင့်အတူဘေးမဲ့တောဝန်ထမ်းများ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၊ လိပ်မျိုးဆက်ရှင်သန်းရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေ ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၂ နှစ်တွင်လည်း ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ပထမဆုံးကြိမ်အဖြစ် ကြယ် လိပ်အကောင်ရေ ၁၅ဝ အား စမ်းသပ်လွှတ်ပေးခဲ့ရာ သုတေသနအရ ၉၇ ရာခိုင်နှုန်းထိ ရှင်သန်ခဲ့ကြောင်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required