တောင်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ ဒုတိယမြောက်နေ့ဆွေးနွေး

တောင်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ ဒုတိယမြောက်နေ့ဆွေးနွေး

တင်းမာမှုများ ကြီးထွားလာခြင်းကို ကျော်လွှားနိုင်ရေးအတွက် တောင်ကိုရီးုယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံမှ အဆင့်မြင့်ထိပ်တန်းခေါင်းဆောင်းများ၏ ဒုတိယအသုတ်ဆွေးနွေးပွဲကို သြဂုတ် ၂၃ ရက်တွင် ဆွေးနွေးဦးမည်ဟု တောင်ကိုရီးယားက ပြောသည်။

သြဂုတ် ၂၂ ရက်က နာရီအတန်ကြာမျှ နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံမှုပြီးနောက်ပိုင်း ယခုကဲ့သို့ တောင်ကိုရီးယားနိုင်ငံက နောက်တစ်ကြိမ်ဆွေးနွေးရန် ကြေညာခြင်းဖြစ်သည်။

နှစ်နိုင်ငံခေါင်းဆောင်များ၏ အကြီးတန်းလက်ထောက်များသည် နယ်စပ် ပန်မန်ဂျုံအပစ်ရပ်ရွာတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏ နယ်စပ်တွင် အသံချဲ့စက်များဖြင့် စစ်ရေးကြွေးကြော်မှုများ လွှင့်ထုတ်နေခြင်းအား မရပ်တန့်ပါက ပြင်းထန်သည့်စစ်ရေးအရ တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယားက သတိပေးထားသည်။

နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့က သြဂုတ် ၂၃ ရက် နေ့လည်တွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန် သဘောတူညီထားခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly