အော်တိုဒေါ့ဇ်ယုံကြည်မှု ရေဖျန်းမင်္ဂလာအဖြစ် သမ္မတ ပူတင်က ရေခဲရေ စိမ်ခြင်း ပြုလုပ်

အော်တိုဒေါ့ဇ်ယုံကြည်မှု ရေဖျန်းမင်္ဂလာအဖြစ် သမ္မတ ပူတင်က ရေခဲရေ စိမ်ခြင်း ပြုလုပ်

မော်စကို၊ ဇန်နဝါရီ ၁၉ ။          ။ ယေရှုခရစ်ယာန် အသင်းတော်ဝင်ဖြစ်ရန် ရေနှစ်ခြင်း၊ ရေဖျန်းမင်္ဂလာပြုခြင်းအဖြစ် ရုရှနိုင်ငံတွင် ဓလေ့ထုံးစံအရ ကျင်းပပြုလုပ်သော ရေခဲမှတ်အောက်ရေအတွင်း ရင်ဘတ်မြုပ်သည့်အထိ ရေစိမ်ခြင်းကို အော်တိုဒေါ့ဇ်ခရစ်ယာန် ယုံကြည်သူ သန်းပေါင်းများစွာနှင့်အတူ သမ္မတ ပူတင်က ပြုလုပ်ခဲ့သည်။

အော်တိုဒေါ့ဇ်ဘုန်းတော်ကြီးများနှင့် ဘာသာရေးဆိုင်ရာ အထင်ကရများ ဝန်းရံလျက် အနှုတ် ၅ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိနေသော မော်စကို အနောက်မြောက်ဖက် မိုင် ၂၂၀ အကွာက ဆီလီဂါအိုင်အတွင်း ပူတင်က ဆင်းသက်ကာ ရေနှစ်ခြင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နှစ်စဉ် ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ရုရှပြည်သူအများစုသည် အင်းအိုင်ကန်ချောင်းမြစ်များအတွင်း ယင်းသို့သော ရေနှစ်ခြင်းမင်္ဂလာကို ပြုလုပ်သည့် ဓလေ့ထုံးတမ်းရှိသည်။

ပြီးခဲ့သည့်နှစ်က ရေနှစ်ခြင်းပြုလုပ်ခဲ့သည့် ပြည်သူပေါင်းမှာ နှစ်သန်းကျော် ရှိခဲ့သည်။

ဆီလီဂါအိုင်၏ ရေခဲနေသည့် မျက်နှာပြင်ပေါ်မှ သိုးမွေကုတ်အကျီၤနှင့် ရိုးရာလည်ရှည်ဖိနပ်တို့ကို စီးနင်းဝတ်ဆင်ထားသည့် ပူတင်က လျှောက်လှမ်းလာချိန်တွင် ဘုန်းတော်ကြီးများက ဓမ္မတေးများ ရွတ်ဖတ်ကာ အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။

ဂျာနယ်လစ်များက “မအေးဘူးလား။” မေးမြန်းကြရာ ရေနှစ်ခဲ့ရာမှ ပြန်တက်လာခဲ့သည့် ပူတင်က “မအေးဘူး။ အလွန်ကောင်းတယ်။”ဟု ပြန်လည်ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly