F(x) အဖွဲ့ကို အချိန်ကြာမြင့်စွာ စောင့်မျှော်နေသည့်ပရိသတ်များအား ခရစ္စတယ်လ်တောင်းပန်

F(x) အဖွဲ့ကို အချိန်ကြာမြင့်စွာ စောင့်မျှော်နေသည့်ပရိသတ်များအား ခရစ္စတယ်လ်တောင်းပန်

တောင်ကိုရီးယားမှ နာမည်ကြီးအမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ F(x) မှ အဖွဲ့ဝင်အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သူ ခရစ္စတယ်လ်ဂျန်သည် ဇန်နဝါရီ ၁၈ ရက်နေ့က သူမ၏နောက်ဆုံးထွက် ဒရာမာဇာတ်လမ်းတွဲ Prison Playbook နှင့်ပက်သက်၍ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့သည်။

ထိုအင်တာဗျူးထဲ၌ ခရစ္စတယ်လ်က “ကျမ ကရတာကို လွမ်းလှပါတယ်။ မကရတာကြာနေတာကြောင့် လှုပ်ရှား ရတာ သိပ်မကောင်းဘူးလို့တောင် ထင်ပါတယ်။ ကျမက ဂီတကိုအရမ်းမြတ်နိုးပါတယ်။ ကျမ မစွန့်လွှတ်ချင်တဲ့ အရာလည်းဖြစ်ပါတယ်။ တကယ်လို့ သီချင်းကောင်းတစ်ပုဒ်ရှိမယ်ဆိုရင် ဘယ်အချိန်မဆိုဖြန့်ချီဖို့ ကျမဘက်က အဆင်သင့်ပါပဲ” ဟု ပြောဆိုခဲ့သည်။

ဆက်လက်ပြီး အချိန်ကြာမြင့်စွာ အနုပညာလှုပ်ရှားမှုများ ငြိမ်သက်နေသော F(x) အဖွဲ့နှင့်ပက်သက်၍ သူမက “ ပရိသတ်တွေအားလုံးကို ကျမတောင်းပန်ပါတယ်။ သူတို့မျှော်နေတာကို သိရတဲ့အတွက်လည်း တောင်းပန်ပါ တယ်။ ကျမဘက်က ဘာမှမပြောပြနိုင်လို့လည်း စိတ်မကောင်းဖြစ်မိပါတယ်” ဟု ပြောဆိုခဲ့သည်။

F(x) အဖွဲ့ ကြုံတွေ့နေရသော အခက်အခဲများနှင့်ပက်သက်၍ ခရစ္စတယ်လ်က “ ကျမနဲ့ အခြားအဖွဲ့ဝင်တွေဟာ ချိန်သားမကိုက်ဖြစ်နေပါတယ်။ ကျမတို့ ကြိုးစားကြည့်ပါသေးတယ်။ တစ်လလောက် တိတိကျကျသတ်မှတ်ပြီး အဖွဲ့လိုက် အနုပညာလုပ်ဖို့လည်း စီစဉ်ဖူးပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဖျက်လိုက်ရပါတယ်။ ကျမတို့ အဖွဲ့လိုက် အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ ကျမတို့အချင်းချင်း တိုင်ပင်ဖူးပါတယ်။ အယ်လ်ဘမ်အသစ်တစ်ခု လည်း မြန်မြန်ဖြန့်ချီချင်နေပါပြီ” ဟု ပြောဆိုကာ ပရိသတ်များကို တောင်းပန်ခဲ့သည်။

F(x) အဖွဲ့ နောက်ဆုံးထွက်ရှိထားသော တေးအယ်လ်ဘမ်မှာ လွန်ခဲ့သော ၂၀၁၅ ခုနှစ် အောက်တိုဘာလက ဖြန့်ချီခဲ့သည့် 4Walls ဖြစ်သည်။

Ref: Allkpop

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly