ကမ္ဘာလှည့်ဖျော်ဖြေပွဲများမှ ၀င်ငွေဒေါ်လာသန်း ၅၀၀ကျော် ရရှိခဲ့သည့် Coldplay အဖွဲ့

ကမ္ဘာလှည့်ဖျော်ဖြေပွဲများမှ ၀င်ငွေဒေါ်လာသန်း ၅၀၀ကျော် ရရှိခဲ့သည့် Coldplay အဖွဲ့

ဗြိတိန်မှကမ္ဘာကျော် ပေါ့ပ်ရော့ခ်ဂီတအဖွဲ့ Coldplay သည် Head Full of Dreams ခေါင်းစဉ်ဖြင့် ကမ္ဘာလှည့် ဖျော်ဖြေခဲ့သည့် သူတို့၏ဖျော်ဖြေပွဲများမှ ဝင်ငွေဒေါ်လာ သန်း၅၀၀ ကျော် ရရှိခဲ့သည်ဟု ဂီတသတင်းဝက်ဘ် ဆိုက် Billboard က ဖော်ပြခဲ့သည်။

Coldplay အဖွဲ့သည် ဖျော်ဖြေပွဲပေါင်း ၁၁၄ ခုကျော်မှ စုစုပေါင်းလက်မှတ် ၅.၄ သန်းခန့်ရောင်းချခဲ့ရပြီး နေရာပေါင်း ၈၃ နေရာခန့်တွင် ဖျော်ဖြေခဲ့ကာ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှ   အေလီယန်နက်ဇ်ပါကွေး အားကစားကွင်းကြီးထဲ၌ ကျင်းပခဲ့သော ဖျော်ဖြေပွဲမှာ ကြီးကျယ်ခမ်းနားဆုံးဖြစ်ခဲ့သည်ဟု Billboard ၏ အဆိုအရ သိရသည်။

ထို့ကြောင့် Couldplay အဖွဲ့သည် ဂီတလောက၌ နယ်လှည့်ဖျော်ဖြေပွဲများမှ ဝင်ငွေအများဆုံးရရှိထားသော တီးဝိုင်း ၁၀ ခုစာရင်းထဲ၌ နံပါတ် ၃ နေရာ၌ ရပ်တည်နေပြီး ၎င်းတို့၏နောက်တွင် နာမည်ကျော်ရော့ခ်တီးဝိုင်း Guns N’ Roses က နံပါတ် ၄ နေရာမှ ရပ်တည်နေသည်။

ဝင်ငွေအကောင်းဆုံး တီးဝိုင်း ၁၀ ဝိုင်း၏ ထိပ်ဆုံး နှစ်နေရာမှ တီးဝိုင်းနှစ်ဝိုင်းမှာ U2 နှင့် The Rolling Stones တို့ဖြစ်ကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags