ဥရောပဒေသတွင် အားပြင်းမုန်တိုင်း တိုက်ခတ်၍ လူ ၉ ဦး ထက်မနည်း သေဆုံး

ဥရောပဒေသတွင် အားပြင်းမုန်တိုင်း တိုက်ခတ်၍ လူ ၉ ဦး ထက်မနည်း သေဆုံး

ဇန်နဝါရီ ၁၉ ။           ။ ဥရောပမြောက်ပိုင်းနိုင်ငံတွေမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အားပြင်း မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် မီးသတ်သမားနှစ်ဦးအပါအဝင် လူပေါင်း ကိုးဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

မုန်တိုင်းကြောင့် ဒေသတွင်းမှာလည်း လေကြောင်းနှင့် မီးရထားခရီးစဉ်တစ်ချို့ကိုလည်း ရပ်ဆိုင်းထားခဲ့ရခြင်းကြောင့် သွားရေးလာရေးအတွက် ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဂျာမနီတွင်လည်း ခရီးဝေး မီးရထားပြေးဆွဲမှုများကို ရပ်ဆိုင်းထားရပြီး ပြည်တွင်း လေကြောင်းခရီးစဉ် အများစုလည်း ဖျက်သိမ်းထားရကြောင်း သိရသည်။

မုန်တိုင်းကြောင့် နိုင်ငံ အနောက်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် လူသုံးဦး သေဆုံးသွားခဲ့ကြောင်း ဂျာမန်တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

နယ်သာလန်နိုင်ငံတွင်လည်း မုန်တိုင်း လေပြင်းများ ကျရောက်ပြီး လူနှစ်ဦး သစ်ပင်ပိ သေဆုံးသွားခဲ့သည်ဟု သိရသည်။ ဆက်လက်၍ မုန်တိုင်းအန္တရာယ် အမြင့်ဆုံးသတိပေးချက်ကိုလည်း ယင်းနိုင်ငံရှိ အာဏာပိုင်များက ထုတ်ပြန်ထားခဲ့ရသည်။

အိမ်နီးချင်း ဘယ်လ်ဂျီယံတွင်လည်း အမျိုးသမီး ကားဒရိုင်ဘာတစ်ဦး ကားမောင်းနှင်နေစဉ် လေပြင်းကျပြီး သစ်ပင်အောက် ပိမိခြင်းကြောင့် သေဆုံးသွားခဲ့ရကြောင်း သိရသည်။

ယခုကဲ့သို့ လေပြင်းမုန်တိုင်း ကျမှု ဖြစ်စဉ်များတွင် သက်ဆိုင်ရာ နေရာအသီးသီးတွင်လည်း ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags