အာဆင်နယ်နှင့်သတင်းထွက်နေသည့် မစ်ခီတာယန် မန်ယူအသင်းဖော်များကိုနုတ်ဆက်ဟန်ရှိသည့်ဓါတ်ပုံတင်ထား

အာဆင်နယ်နှင့်သတင်းထွက်နေသည့် မစ်ခီတာယန် မန်ယူအသင်းဖော်များကိုနုတ်ဆက်ဟန်ရှိသည့်ဓါတ်ပုံတင်ထား

 

 

ဇန်နဝါရီ ၁၉၊ မန်ချက်စတာ။        ။ အာဆင်နယ်အသင်းသို့ပြောင်းရန်သတင်းထွက်နေသည့် မစ်ခီတာယန်သည် မန်ချက်စတာယူနိုက်တက်အသင်းဖော်များကို နုတ်ဆက်သည်ဟုယူဆရသောဓါတ်ပုံကို လူမှုကွန်ယက် အင်စတာဂရမ်တွင်တင်ထားရာ အခြားကစားသမားလေးယောက် ကလည်း ပြန်လည်မျှဝေ Share ခဲ့သည်။

အာဆင်နယ်မှ ဆန်းချက်ဇ်က ယူနိုက်တက်သို့ရောက်လာရန်ဦးတည်နေချိန်တွင် အာမေးနီးယန်းလက်ရွေးစင်ကစားသမားသည် အာဆင်နယ်သို့ ဇန်နဝါရီဈေးကွက်အတွင်း ပြောင်းရွှေ့ပေးရရန်ရှိနေသည်။

အင်စတာဂရန်တွင်ဓါတ်ပုံတင်သည့်ယင်းကွင်းလယ်ကစားသမားက “ဒီနေ့လေ့ကျင်းရေးကွင်းရဲ့ ပျော်စရာအချိန်တွေပေါ့”ဟု ရေးထားသည်။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ယင်းပုံကို မာစီရယ်ကဦးစွာတင်ခဲ့ခြင်းဖြစ်ပြီး မစ်ခီတာယန်က ပြန်တင်ခဲ့ခြင်းဖြစ်ကာ အခြား ကစားသမားနှစ်ဦးက ပြန်လည်မျှဝေခဲ့သည်။

ယင်းကစားသမားအစုအဖွဲ့ပုံမှာ လေ့ကျင့်ရေးအစီအစဉ်တွင် အနိုင်ရခဲ့သည့်အဖွဲ့၏ပုံလည်းဖြစ်ဟန်ရှိသည်။ ယင်းပုံကို မျှဝေထားသည့် ပေါ့ဂ်ဘာက “ဒီနေ့အနိုင်ရတဲ့အသင်း”ဟု ရေးထားပြီး ဖယ်လိုင်နီကလည်း “အနိုင်ရတဲ့အသင်း”ဟု ရေးထားသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required