ဦးပါမောက္ခက တရားသူကြီးအပါအဝင် လူပုဂ္ဂိုလ် ၆ ဦးကို တရားစွဲဆိုထားမှု မြို့နယ်တရားရုံးမှ ပယ်ချ၍ ခရိုင်ဆက်တက်မည်

ဦးပါမောက္ခက တရားသူကြီးအပါအဝင် လူပုဂ္ဂိုလ် ၆ ဦးကို တရားစွဲဆိုထားမှု မြို့နယ်တရားရုံးမှ ပယ်ချ၍ ခရိုင်ဆက်တက်မည်

ရန်ကုန် ဇန်နဝါရီလ ၁၈ ။            ။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခက တရားသူကြီးအပါအဝင် လူ ပုဂ္ဂိုလ် ၆ ဦးကို တရားစွဲဆိုထားခြင်းကိစ္စကို တရားရုံးမှ ပယ်ချခဲ့သည့်အတွက် ခရိုင်တရားရုံးသို့ ပြင်ဆင်ချက်ထပ်တက်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဆရာတော်၏အမှုတွင် ဦးတိုက်လျှောက်ထားလွှာပေါ်မှ လက်မှတ်သည် တရားလို၏လက်မှတ် မမှန်မကန်ဖြစ်နေခြင်းကိစ္စအတွက် တရားလိုအပါအဝင် တရားသူကြီးနှင့် ရဲအရာရှိ၊ လူပုဂ္ဂိုလ် ၆ ဦးကို ပုဒ်မ ၄၆၈ ဖြင့် ပြန်လည်တရား စွဲဆိုခဲ့သည်။

ယင်း အမှုကို လက်ရှိတရားသူကြီးက ခွင့်မပြုဘဲ ပယ်ချခဲ့သည်ဟု ဆရာတော် ဦးပါမောက္ခအမှု ကူညီဆောင် ရွက်သူများအဖွဲ့မှ ဦးအောင်မြိုင်က မဇ္ဈိမသို့ ပြောသည်။

"ဆရာတော်က ပြန်ပြီးတော့စွဲထားတဲ့အမှုက မြို့ နယ်ရုံးမှာ တင်တယ်၊ တင်တော့ မူလအမှုလက်ခံ စဉ်က တရားသူကြီး ဒေါ်သန္တာရှင်၊ ဆက်လက်ပြီး တော့ အမှန်ပါလို့ယူဆသတ်မှတ်ပြီး၊ စစ်ဆေးဆုံး ဖြတ်ပြီး လူပုဂ္ဂိုလ် ၄ ဦးကို ထောင်ဒဏ်ချခဲ့တဲ့ တရားသူကြီး ဒေါ်စိုးစိုးမိုး၊ အဲဒီအချိန်က ဥပဒေ အရာရှိ ဦးကျော်မင်းပိုင် အဲဒီ ၃ ယောက်ကို စွဲဆို ခွင့်မပြုဘူးဆိုပြီးတော့ လက်ရှိတရားသူကြီး ဒေါ်စိုးမာအေးက အဲဒီနေ့မှာ ဆုံးဖြတ်လိုက်ပါ တယ်" ဟု ဆရာတော်ဦးပါမောက္ခအမှုကူညီဆောင်ရွက်သူများအဖွဲ့မှ ဦးအောင်မြိုင်က ပြောသည်။

ယင်း ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် ခရိုင်တရားရုံးသို့ ပြင်ဆင်ချက် တက်ရန်ကြိုးစားနေပြီး၊ ရှေ့နေပါဝါ တင်ထားသည်ဟု ၎င်းက ဆက်ပြော သည်။

"အဲဒီဆုံးဖြတ်ချက်အပေါ်မှာ မကျေနပ်လို့ ခရိုင်ရုံး ကိူ ပြင်ဆင်တက်နေတဲ့ ဆောင်ရွက်နေတဲ့ အနေအထားမှာ ရှိနေပါတယ်၊ အဲဒီအနေအထားမှာတော့ ဆရာဦးအောင်သူရိန်ထွန်းက ရှေ့နေပါဝါတင်ထား ရုံလေးပဲ ရှိပါသေးတယ်၊ ခရိုင်ရုံး မရောက်သေးဘူးပေါ့၊ အဲဒီ ၂၂ ရက် ၁၂ လပိုင်းက တင်တာ" ဟု ဆရာတော် ဦးပါမောက္ခ အမှုကူညီဆောင်ရွက်သူများအဖွဲ့မှ ဦးအောင်မြိုင်က ပြောသည်။

မကွေးကျောင်းဆရာတော်ဦးပါမောက္ခအား တရား စွဲဆိုဖမ်းဆီးစစ်ဆေးနေခြင်းကိစ္စနှင့်ပတ်သက်၍ မကွေးကျောင်းဆရာတော်ဦးပါမောက္ခအမှု ကူညီ ဆောင်ရွက်သူများအဖွဲ့နှင့် ဆရာတော်အား ဝန်ရံ ကြသူများက ဇန်နဝါရီလ ၈ ရက်နေ့က နိုင်ငံတော် အကြီးအကဲများထံသို့ တင်ပြတိုင်ကြားခဲ့သည်။

ဆရာတော်ဦးပါမောက္ခသည် ပုဒ်မ ၁၉ အတွက် ထောင်ဒဏ် ၁ လ ချမှတ်ခံရသည်မှာ ၁ လ ပြည့်၍ ပြန်လည်လွတ်မြောက်ပြီဖြစ်သော်လည်း ပုဒ်မ ၅၀၅ (ခ) အတွက် ဆက်လက်အမှုရင်ဆိုင်နေရခြင်းဖြစ် သည်။

ဆရာတော်ဦးပါမောက္ခ၏အမှုကို လာမည့် ဇန်နဝါရီ လ ၂၄ ရက်နေ့တွင် ရန်ကုန်၊ ကမာရွတ်မြို့နယ် တရားရုံး တွင် ထပ်မံရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က အမေရိကန်သံရုံး ရှေ့တွင် ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြမှုအတွက် ရဟန်း ၃ ပါးနှင့် လူ ၄ ဦးကို အမှုဖွင့်ခဲ့သည်။ ယင်းနောက် ရဟန်း ၃ ပါး ဖြစ်သော ဦးပါမောက္ခ၊ ဦးသုစိတ္တနှင့် ဦးပညာဝံသ တို့ကို တရားရုံးသို့ အစစ်ဆေးခံရန် မလာ ရောက်ခဲ့ကြသည့်အတွက် ဖမ်းဝရမ်း ထုတ်ပြန်ထားခဲ့သည်။

ဆရာတော် ဦးပါမောက္ခသည် ဖမ်းဝရမ်းထုတ်ခံထားရစဉ် နိုဝင်ဘာလ ၁၂ ရက်က ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြို့မရဲစခန်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၈ ရပ်ကွက်ရှိ အခွန်လွတ်ဈေးမြေနေရာကိစ္စ ဆန္ဒဖော် ထုတ်ရန် ခွင့်ပြုချက် လာရောက်တောင်းခံစဉ် လူဝတ်လဲဖမ်းဆီးခံခဲ့ရသည်။

ထို့နောက် ကမာရွတ်မြို့နယ် တရားရုံးက နိုင်ငံတော်အကြည်အညိုပျက် စေမှု ပုဒ်မ ၅၀၅ (ခ)ကို အာမခံ မပေးသည့် အတွက် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရကာ ယခုကဲ့သို့ အမှုဆက်လက်ရင်ဆိုင်နေရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required