ဂရမ်မီဆုပေးပွဲ၌ ဖျော်ဖြေမည့် အဆိုတော်စာရင်းထဲတွင် ပါ၀င်လာသည့် ခန်ဒရစ်လာမား

ဂရမ်မီဆုပေးပွဲ၌ ဖျော်ဖြေမည့် အဆိုတော်စာရင်းထဲတွင် ပါ၀င်လာသည့် ခန်ဒရစ်လာမား

ယခုနှစ်တွင်ကျင်းပမည့် ဂရမ်ဆုပေးပွဲ၌ သီဆိုဖျော်ဖြေမည့် အဆိုတော်များစာရင်းထဲတွင် နာမည်ကြီးအဆိုတော် များဖြစ်ကြသော ဆမ်စမစ်၊ U2 အဖွဲ့နှင့် ရက်ပ်အဆိုတော် ခန်ဒရစ်လာမားတို့ ပါဝင်လာပြီဖြစ်ကြောင်း တေးသံသွင်းအကယ်ဒမီအဖွဲ့က ကြေညာခဲ့သည်။

ဂရမ်မီဆုပေးပွဲ၌ ဂျိမ်းစ်ကော်ဒန်က အစီအစဉ်မှူးအဖြစ်တင်ဆက်သွားမည်ဖြစ်ပြီး လာမည့် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် နယူးယောက်မြို့ရှိ မတ်ဒီဆန်စကွဲဂါးဒင်း၌ကျင်းပမည့် အဆိုပါဆုပေးပွဲကို ရုပ်သံမှလည်း တိုက်ရိုက်ထုတ်လွှင့်မည်ဟု သိရသည်။

လာမားသည် ဂရမ်မီဆုပေးပွဲတွင် တစ်နှစ်တာအကောင်းဆုံးတေးသံသွင်းဆု၊ အကောင်းဆုံးရက်ပ်သီဆို ဖျော်ဖြေမှု၊ အကောင်းဆုံးရက်ပ်သီချင်း၊ အကောင်းဆုံးသီချင်းဗီဒီယို၊ တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ် စသည့် ဆုအသီးသီးတို့အတွက် ဇကာတင်စာရင်းထဲ၌ ရွေးချယ်ခံထားရသည်။

ဂရမ်မီဆုပေးပွဲအဖွဲ့မှ ကနဦးကြေညာထားသည့် ဆုပေးပွဲ၌ဖျော်ဖြေကြမည့် အနုပညာရှင်များထဲ၌ အလက်စီရာ ကာရာ၊ ကာဒီဘီ၊ ချိုင်းဒစ်ရှ်ဂမ်ဘီနို၊ ဒယ်ဒီယန်းကီး၊ လုဇ်ဖွန်စီ၊ ကီရှာ၊ ခါလစ်၊ လေဒီဂါဂါ၊ လော့ဂျစ်၊ ဘရူနိုမားစ်၊ Pink၊ SZA နှင့် အခြားတေးသံရှင်များစွာ ပါဝင်သည်။

Ref: Variety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required