ဒေါက်တာအေးမောင်ကို ဖမ်းဆီးပြီးနောက် စစ်တွေမြို့လယ်တွင် လူစုလူဝေးဖြစ်ပေါ်

ဒေါက်တာအေးမောင်ကို ဖမ်းဆီးပြီးနောက် စစ်တွေမြို့လယ်တွင် လူစုလူဝေးဖြစ်ပေါ်
ဓာတ်ပုံ - RiA

 

ရန်ကုန်၊ဇန်နဝါရီ ၁၈ ။            ။ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်ကိုဖမ်းဆီးခဲ့သည့်ကိစ္စနှင့် ပက်သက်ပြီး ယနေ့ စစ်တွေမြို့လယ်တွင်ရှိသော မြို့မရဲစခန်းအရှေ့တွင် လူ၁၀၀ ခန့်စုဝေးမှုဖြစ်ပေါ်နေသည်ဟု စစ်တွေအခြေစိုက် ရခိုင်အမျိုးသားပါတီ(ANP) အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က အတည်ပြုပြောသည်။

“ လူ ၁၀၀ လောက်ကတော့ ဒေါက်တာအေးမောင်ကိုဖမ်းထားတုန်းက ခုနကထိပေါ့။ ရဲစခန်းရှေ့မှာ စုရုံးပြီးတော့ ရောက်နေတာကျွန်တော်တို့တွေ့တယ် “  ဟု ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသည့် ယနေ့ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ၎င်းကပြောသည်။

လက်ရှိတွင် ဒေါက်တာအေးမောင်ကို စစ်တွေမြို့မရဲစခန်းမှနေ၍ စစ်တွေထောင်ကို ခေါ်သွားပြီဖြစ်ကြောင်း ဦးထွန်းအောင်ကျော်ကဆက်လက်ပြောသည်။

စစ်တွေမြို့မရဲစခန်းသည် စစ်တွေမြို့အလယ်တွင်တည်ရှိနေပြီး လူသွားလူလာများသောကြောင့် ဆူပူမှုဖြစ်မည်စိုး၍ ထောင်သို့ခေါ်သွားရခြင်းဖြစ်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ဒေါက်တာ ဦးအေးမောင်ကို နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် တရားစွဲဆိုရန် သမ္မတရုံးမှ ညွှန်ကြားထားပြီး ဖြစ်သလို ဖမ်းဆီးရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ မှလည်း ခွင့်ပြုထားပြီး ဖြစ်သဖြင့် ပြည်ထဲရေးမှ အရေးယူဆောင်ရွက်နိုင်ရန် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required