ဒေါက်တာ ဦးအေးမောင် ကို ဖမ်းဆီး

ဒေါက်တာ ဦးအေးမောင် ကို ဖမ်းဆီး

စစ်တွေ၊ ဇန်နဝါရီ ၁၈ ရက်။       ။ ဒေါက်တာ ဦးအေးမောင်ကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၂ နာရီခွဲ အချိန်ခန့်က စစ်တွေမြို့ရှိ ၎င်း၏ နေအိမ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ဒေါက်တာ ဦးအေးမောင်ကို နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် တရားစွဲဆိုရန် သမ္မတရုံးမှ ညွှန်ကြားထားပြီး ဖြစ်သလို ဖမ်းဆီးရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ မှလည်း ခွင့်ပြုထားပြီး ဖြစ်သဖြင့် ပြည်ထဲရေးမှ အရေးယူဆောင်ရွက်နိုင်ရန် ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly