အီတလီလူနောက်နှစ်ယောက်ကြောင့် ရှက်ရယ် ရယ်ခဲ့ရတဲ့ မော်ရင်ဟို

အီတလီလူနောက်နှစ်ယောက်ကြောင့် ရှက်ရယ် ရယ်ခဲ့ရတဲ့ မော်ရင်ဟို

ဇန်နဝါရီ ၁၈၊ မန်ချက်စတာ။       ။ မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုတစ်ယောက် အီတလီလူမျိုးလူနောက်နှစ်ယောက်ကြောင့် ရှက်ရယ် ရယ်ခဲ့ရတဲ့အဖြစ်အပျက် ဗုဒ္ဓဟူးနေ့က ဖြစ်ပျက်ခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုဟာ ဆန်းချက်ဇ်ရဲ့အပြောင်းအရွှေ့နဲ့ သူ့စာချုပ်သစ်ကိစ္စအတွက်လုံးပမ်းနေရချိန် လိုရီဟိုတယ် အပြင်ဘက်မှာ လူနှစ်ဦးရဲ့ချဉ်းကပ်ခြင်းကိုခံခဲ့ရတာပါ။

အီတလီဟာသအစီအစဉ်တစ်ခုရဲ့ အစီအစဉ်တင်ဆက်သူနှစ်ဦးဖြစ်တဲ့ အလက်ဆန်ဒရို အွန်နစ်နဲ့ စတက်ဖန်နို ကော်တီတို့ဟာ ကွန်တီနဲ့ပတ်သက်ပြီး မော်ရင်ဟိုကို နောက်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။

အားလုံးသိတဲ့အတိုင်းပဲ မော်ရင်ဟိုနဲ့ ချယ်လ်ဆီးနည်းပြ အန်တိုနီယို ကွန်တီတို့ဟာ အပြန်အလှန်စကားစစ်ထိုးရင်း ကတောက်ကဆဖြစ်နေကြသူတွေပါ။

အီတလီအစီအစဉ်တင်ဆက်သူနှစ်ယောက်ဟာ မော်ရင်ဟိုနဲ့စကားပြောဆိုပြီးကြပြီးနောက် မန်ချက်စတာယူနိုက်တက်ဂျာစီပေါ် မှာ လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ ဂျာစီရဲ့ ကျောဘက်မှာတော့ အန်တိုနီယို ကွန်တီရဲ့အမည်နဲ့ နံပါတ် ၁ ကိုရေးထိုးထားတာပါ။ အဲဒါကိုမြင်ပြီးနောက် မော်ရင်ဟိုတစ်ယောက် ဟာသလုပ်ခံရတာကိုသိသွားပြီး ရယ်ရယ်မောမောနဲ့ပဲ ဟိုတယ်ထဲကို ဝင်သွားပါတော့တယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly