NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ဘတ်ထရီကြာကြာခံတဲ့ ဘယ်လိုဖုန်းမျိုး ၀ယ်ရင်ကောင်းမလဲ ???

.

 

ကဲ အမျိုးတို့ရေ ဒီနေ့တော့ ရတီက ဘတ်ထရီကြာကြာခံတဲ့ ဘယ်လိုဖုန်းမျိုး ၀ယ်ရမလဲဆိုတာကို ပြောပြမယ်နော် … ဖုန်းတစ်လုံးမှာ ဘတ်ထရီကြာကြာခံဖို့ ဘာကြောင့်လိုအပ်လဲ ??? အခုခေတ်မှာဆိုရင် ရတီအပြင် အမျိုးတို့အားလုံးလဲ ဖုန်းနဲ့ပဲ ရုပ်ရှင်တွေကြည့်တယ်၊ အင်တာနက်တွေသုံးတယ်၊ ဂိမ်းတွေဆော့တယ်၊ Youtube တွေကြည့်ကြတယ် .. အဲ့တော့ အဲ့ဒါတွေလုပ်နေတဲ့အချိန်မှာဆိုရင် ဘတ်ထရီအားကြာကြာခံဖို့တော့ လိုအပ်တာပေါ့ .. ဘတ်ထရီက ခဏပဲခံတဲ့ဟာဆို ကိုယ်အသုံးပြုနေတဲ့အချိန်မှာ ကြည့်နေရင်း အားပျက်သွား တာက အရင်အချိန်မှာ ကြည့်လို့ကောင်းနေတုန်း မီးတွေပျက်သွားသလိုပဲလေ .. အဲ့တော့ အဲဒါမျိုးတွေ မဖြစ်အောင် ရတီတို့တွေ ဖုန်းတစ်လုံးဝယ်မယ်ဆိုရင်တော့ ဘတ်ထရီကြာကြာအသုံးခံနိုင်တဲ့ ဖုန်းမျိုးကို ၀ယ်ရမှာပေါ့ … အဲ့တော့ ငွေကြေးကုန်ကျမှုအတင့်အသင့်ရှိပီးတော့ ဘတ်ထရီလည်းကြာကြာခံတဲ့ ဖုန်းကို ရတီကပြောပြချင်ပါတယ် …

ကိုယ်အတွက်လည်း သုံးရတဲ့ တန်တယ် ဒီဇိုင်းပိုင်းနဲ့ ကွာလတီပိုင်းကလည်း ပြောစရာမလို၊ ၀ယ်ပြီးရင်လည်း service လည်းကောင်းကောင်းပေးနိုင်တဲ့ ဖုန်း .. အဲ့ဒါကတော့ HUAWEI nova 2i ပဲပါ …

HUAWEI nova 2i မှာဆိုရင် အခုလက်ရှိဈေးကတော့ 339000 ကျပ်ပါ .. ဒီဈေးကတော့ အတန်အသင့်ကို သုံးလို့ရနိုင်တဲ့ ဈေးမျိုးဖြစ်တယ်လို့ ရတီထင်ပါတယ် … သူ့မှာပါတဲ့ လုပ်ဆောင်ချက်တွေဟာဆိုရင် တစ်နှစ်ခွဲသုံးတဲ့အထိ စွမ်းဆောင်ရည်တွေမကျသွားဘဲ လုပ်ဆောင်နိုင်တယ်လို့ အာမခံထားပါတယ် ….  ပြီးတော့ မှတ်ဥာဏ်အနေနဲ့ဆိုရင်လည်း HUAWEI nova 2i က ROM: 64GB နဲ့ RAM: 4GB သုံးထားပါတယ်။ အဲ့တော့ ဂိမ်းတွေလည်း ကောင်းကောင်းဆော့နိုင်တယ် … ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ဓာတ်ပုံတွေနဲ့ တစ်ခြားကိုယ့်ရဲ့ လိုအပ်တာတွေအတွက် Storage လည်း များများ သိမ်းထား နိုင်တယ် ….

ဘက်ထရီ ကလည်း ပုံမှန်အသုံးပြုသူတွေအတွက် နှစ်ရက်ကြာ အသုံးပြုနိုင်မယ့် 3340mAh စွမ်းဆောင်ရည်ရှိတဲ့ ဘက်ထရီကို သုံးထားတယ် …. အားကို တစ်ခါသွင်းထားပြီးရင် နှစ်ရက်ကြာ အသုံးပြုနိုင်အောင် Huawei nova 2i က ပြုလုပ်ပေးထားတဲ့ service ကို ရတီတွေ့ရပါတယ် …. အဲ့တော့ ဂိမ်းဆော့တာပဲဖြစ်ဖြစ် အင်တာနက် သုံးတာပဲဖြစ်ဖြစ် ရုပ်ရှင်တွေပဲ ကြည့်ကြည့် Youtube ပဲကြည့်ကြည့် ရတီတို့အတွက် အေးဆေးဖြစ်တာပေါ့ … ဒါပေမယ့် မေးစရာတော့တစ်ခုရှိလာပါလိမ့်မယ် .. အဲ့လို ကြာကြာသုံးရင် ဖုန်းတွေ ပူလာမလားပေါ့ .. ဒါကတော့ သိပ်အဆန်းတော့ မဟုတ်ဘူးပေါ့နော် .. ဘယ်ဖုန်းမဆို အရမ်းအကြာချည်းသုံးရင်တော့ ပူလာတတ်ကြတာကတော့ ထုံးစံပဲပေါ့နော် .. အဲ့ဒါကြောင့် ရတီအနေနဲ့ ပြောရရင်တော့ ဒီ HUAWEI nova 2i ရဲ့ Battery Performance ဟာဆိုရင် အရမ်းကို ကောင်းမွန်တာကို တွေ့ရှိရပါတယ် …

ပြီးတော့ ဖုန်းတစ်လုံးအတွက် အရေးကြီးတဲ့ လုံခြုံရေးစနစ် …. အဲဒါကလည်း ရတီတို့အတွက် အလွန်ကို အရေးကြီးပါတယ် …. အဲ့အတွက်လည်း HUAWEI nova 2i  က Smart Fingerprint လုံခြုံရေး စနစ်ကို အသုံးပြုထားတာကို တွေ့ရှိရပါတယ် …  Fingerprint စနစ်ဖြစ်တဲ့အတွက် ကိုယ့်ဖွင့်မှသာပွင့်မှာဆိုတော့ လုံခြုံစိတ်ချမှုအတွက်ကတော့ ပူစရာမရှိတော့ဘူးပေါ့နော် …  ကိုယ့်ဖုန်းထဲက အချက်အလက်တွေကိုလည်း တစ်ခြားသူတွေက အလွယ်တကူ မကြည့်နိုင်တော့ဘူးပေါ့နော် ….

ကဲ ဒါဆိုရင်တော့  ဖတ်နေရတာနဲ့ကို ပြေးဝယ်ချင်ပီ ထင်ပါတယ် အမျိုးတို့ရေ …  ဒီ HUAWEI nova 2i ဖုန်းကတော့ အရမ်းကို တန်လွန်း ကောင်းလွန်နေတဲ့ ဖုန်းတစ်လုံးဖြစ်တဲ့အပြင် service ပိုင်းက အရမ်းမိုက်လို့ပဲ ရတီအနေနဲ့ ပြောပြချင်ပါတယ်ရှင် ….

 

Tags: