နိုင်ဂျီးရီးယား၌ အသေခံဗုံးဖောက်ခွဲမှု ၂ခုကြောင့် လူ ၁၂ဦးသေဆုံးပြီး ၄၈ ဦးခန့်ဒဏ်ရာရရှိ

နိုင်ဂျီးရီးယား၌ အသေခံဗုံးဖောက်ခွဲမှု ၂ခုကြောင့် လူ ၁၂ဦးသေဆုံးပြီး ၄၈ ဦးခန့်ဒဏ်ရာရရှိ

 

မိုင်ဒူဂူရီ၊ ဘော်နိုပြည်နယ်၊နိုင်ဂျီးရီးယား၊ ဇန်နဝါရီ ၁၈ ။             ။ နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ မိုင်ဒူဂူရီမြို့မှ ဈေးတစ်ခု၌ ဗုဒ္ဓဟူးနေ့က အသေခံဗုံးခွဲမှုနှစ်ခု ဖြစ်ပွားခဲ့သော ကြောင့် လူပေါင်း ၁၂ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၄၈ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများနှင့် တာဝန်ရှိသူများ က ပြောခဲ့သည်။

မူနာဂါရေ့ဂျ်ဈေးထဲမှ ကုန်သည်တစ်ဦးဖြစ်သော အီဘရာဟမ်အူစမန်က ယင်းတိုက်ခိုက်မှုသည် ဗုဒ္ဓဟူးနေ့ နေ့လယ်ခင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသေခံဗုံးခွဲသမားတစ်ဦးက ဈေးအတွင်းထဲ၌ ဗုံးခွဲတိုက်ခိုက်ခဲ့ကာ ဈေးအပြင်ဘက်၌ကျန်ရှိနေသာ နောက်ထပ်ဗုံးခွဲသမားတစ်ဦးက သူ့ကိုယ်သူ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့ သည်။

နိုင်ငံတော်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီမှ ကယ်ဆယ်ရေးလုပ်ငန်းအကြီးအကဲဖြစ်သူ ဘယ်လိုဒမ်ဘတ်တာ က အသေခံဗုံးဖောက်ခွဲသူများမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးဖြစ်သည်ဟု ပြောခဲ့သည်။

အိုးအိမ်စွန့်ခွာထွက်ပြေးလာသူများ နေထိုင်ကြသည့်စခန်းတစ်ခုဖြစ်သော မူနာဂါရေ့ဂျ်အရပ်သည် ပြီးခဲ့သော နှစ်များအတွင်း ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကို ကြိမ်ဖန်များစွာ တွေ့ကြုံခဲ့ရသည်။

မိုင်ဒူဂူရီမြို့၌ စတင်ဖွဲ့စည်းခဲ့သည့် ဘိုကိုဟာရမ်အဖွဲ့သည် ယင်းအဖွဲ့စတင်ထကြွခဲ့သည့် ၉ နှစ်တာကာလ အတွင်း နိုင်ဂျီးရီးယားနိုင်ငံအတွင်း၌ အကြမ်းဖက်လုပ်ရပ်များကိုကျူးလွန်ကာ လူပေါင်း ၂၀၀၀၀ ကျော်ခန့်ကို သတ်ဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required