မ​ကွေးကျောင်းဆရာ​တော်​ဦးပါ​မောက္ခ ရုံးချိန်​းတွင် ရုံးရင်​းဆန်​ခတ်​အနည်​းငယ်​ဖြစ်​ပွား

မ​ကွေးကျောင်းဆရာ​တော်​ဦးပါ​မောက္ခ ရုံးချိန်​းတွင် ရုံးရင်​းဆန်​ခတ်​အနည်​းငယ်​ဖြစ်​ပွား
ဓာတ်ပုံ-သူရ/မဇ္ဈိမ

 

ရန်ကုန် ဇန်နဝါရီ ၁၇ ။            ။ ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့က မကွေးကျောင်း ဆရာတော်ဦးပါမောက္ခ၏ ၉ ကြိမ်မြောက်ရုံးချိန်း တွင် ရန်ကုန်၊ ကမာရွတ်တရားရုံးရှေ့တွင် ရဲတပ်ဖွဲ့ နှင့် ဆရာတော်အားဝန်းရံခဲ့သူများကြား ရုံးရင်းဆန် ခတ်အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကားပေါ်မှအဆင်း ဆရာတော်ပြောလိုသမျှကို ပြောခွင့်မပေးဘဲ အတင်းဆွဲခေါ်ရာမှ ယင်းသို့ ရုံးရင်းဆန် ခတ်အနည်းငယ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မကွေး ကျောင်းဆရာတော် ဦးပါမောက္ခ အမှုကူညီဆောင် ရွက်သူများအဖွဲ့မှ ဦးစည်သူမြင့်က မဇ္ဈိမသို့ ပြောသည်။

"ဘယ်လိုဖြစ်တာလည်းဆိုတော့ ဆရာတော်ကို ပင့် ဆောင်လာတဲ့ကားက အထဲအထိဝင်လာတယ်၊ အရင်က ကားကို လမ်းဘေးမှာ ရပ်တာပေါ့၊ အခု တရားရုံးထဲက ဆင်ဝင်အောက်အထိ သွားရပ် တယ်၊ အဲဒီတော့ ရုံးရှေ့လမ်းမပေါ်ကနေ ဆရာ တော်ကို လှမ်းဖူးရတဲ့အနေအထားပေါ့၊ ဆရာတော် က ကားပေါ်က ဆင်းလာပြီး တပည့်ဒါယိကာတွေ မီဒီယာတွေကို လှမ်းအော်ပြောနေရတဲ့အနေအထား မှာ အတင်းဆွဲခေါ်တယ်ပေါ့နော်၊ ဆရာတော့်ကို ပြောခွင့်မပေးဘူး၊ ဆရာတော့်ကို အတင်းဆွဲခေါ်တဲ့ အခါမှာ အဲဒီလိုမလုပ်ဖို့ပြောတော့ အထဲက ရဲတစ် ယောက်က တရားခံက တရားခံလိုနေရမယ်လို့ အော်လိုက်တယ်၊ အဲဒီလိုအော်တဲ့အတွက် ပြသနာ နည်းနည်းဖြစ်သွားတာပေါ့" ဟု ဦးစည်သူမြင့်က ပြောသည်။

ရုံးရင်းဆန်ခတ်ဖြစ်ပွားရာတွင် ခိုက်ရန်ဖြစ်ပွား၍ တစ်ဦးနှင့်တစ်ဦး ထိုးကြိတ်သည်အထိမဟုတ်ဘဲ အော်ဟစ်သည့်အဆင့်သာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

" ထိုးတဲ့ကြိတ်တဲ့အထိတော့ မဖြစ်ပါဘူး၊ ဆွဲလား ရမ်းလား အော်ကြီးဟစ်ကျယ်တော့ ဖြစ်သွားတာ ပေါ့၊ တရားရုံးထဲ ဝန်းရံသူတွေဝင်ဖို့ကျတော့ မလွယ် ဘူးလေ၊ ရုံးဝန်းထဲဝင်ရင် မှတ်ပုံတင်ပေးရတယ်၊ အထဲက သော့ခတ်ထားတယ်၊ အရင်လိုပဲ" ဟု ဦးစည်သူမြင့်က ပြောသည်။

ယနေ့ ဆရာတော်ဦးပါမောက္ခကို ရုံးထုတ်စစ်ဆေး သည့်အခါလည်း လက်ထိပ်ခတ်ထားသည်ကို မြင် တွေ့ရသည်။ယနေ့ ရုံးချိန်းအနေအထားမှာ သက်သေ များကို စစ်ဆေးနေပြီး ထူးခြားမှုမရှိသေးကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းကလည်း မကွေး ကျောင်းဆရာတော် ဦးပါမောက္ခ လွှတ်ပေးရေး အတွက် ဆန္ဒထုတ်ဖော်ခွင့်ပိတ်ပင်ထားသည့် မြို့ နယ် ၅ မြို့နယ်ကို ဖြတ်သန်း၍ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည့် အမျိုးသားတစ်ဦးကို ဗဟန်း မြို့မရဲစခန်းက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖြင့်လည်းကောင်း၊ နိုင်ငံတော်အလံ ဥပဒေ ပုဒ်မ ၁၆ ဖြင့်လည်းကောင်း အမှုဖွင့်ခဲ့သည်။

မကွေးကျောင်းဆရာတော်ဦးပါမောက္ခအား တရား စွဲဆိုဖမ်းဆီးစစ်ဆေးနေခြင်းကိစ္စနှင့်ပတ်သက်၍ မကွေးကျောင်းဆရာတော်ဦးပါမောက္ခအမှု ကူညီ ဆောင်ရွက်သူများအဖွဲ့နှင့် ဆရာတော်အား ဝန်ရံ ကြသူများက ဇန်နဝါရီလ ၈ ရက်နေ့က နိုင်ငံတော် အကြီးအကဲများထံသို့ တင်ပြတိုင်ကြားခဲ့သည်။

ဆရာတော်ဦးပါမောက္ခသည် ပုဒ်မ ၁၉ အတွက် ထောင်ဒဏ် ၁ လ ချမှတ်ခံရသည်မှာ ၁ လ ပြည့်၍ ပြန်လည်လွတ်မြောက်ပြီဖြစ်သော်လည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အတွက် ဆက်လက်အမှုရင်ဆိုင်နေရခြင်းဖြစ် သည်။

ဆရာတော်ဦးပါမောက္ခ၏အမှုကို လာမည့် ဇန်နဝါရီ လ ၂၄ ရက်နေ့တွင် ရန်ကုန်၊ ကမာရွတ်မြို့နယ် တရားရုံးတွင် ထပ်မံရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က အမေရိကန်သံရုံး ရှေ့တွင် ခွင့်ပြုချက် မရှိဘဲဆန္ဒပြမှုအတွက် ရဟန်း ၃ ပါးနှင့် လူ ၄ ဦးကို အမှုဖွင့်ခဲ့သည်။ ယင်းနောက် ရဟန်း ၃ ပါး ဖြစ်သော ဦးပါမောက္ခ၊ ဦးသုစိတ္တနှင့် ဦးပညာဝံသ တို့ကို တရားရုံးသို့ အစစ်ဆေးခံရန် မလာ ရောက်ခဲ့ကြသည့်အတွက် ဖမ်းဝရမ်း ထုတ်ပြန်ထားခဲ့သည်။

ဆရာတော်ဦးပါမောက္ခသည် ဖမ်းဝရမ်းထုတ်ခံထားရစဉ် နိုဝင်ဘာလ ၁၂ ရက်က ဒဂုံမြို့သစ်မြောက် ပိုင်း၊ မြို့မရဲစခန်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၈ ရပ်ကွက်ရှိ အခွန်လွတ်ဈေးမြေနေရာကိစ္စ ဆန္ဒဖော် ထုတ်ရန် ခွင့်ပြုချက်လာရောက်တောင်းခံစဉ် လူဝတ်လဲဖမ်းဆီး ခံခဲ့ရသည်။

ထို့နောက် ကမာရွတ်မြို့နယ် တရားရုံးက နိုင်ငံတော်အကြည်အညိုပျက် စေမှု ပုဒ်မ ၅၀၅ (ခ)ကို အာမခံမပေးသည့်အတွက် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရကာ ယခုကဲ့သို့ အမှုဆက်လက် ရင်ဆိုင်နေရခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly